မည်သည့် iPhone ကိုမဆို DSLR ကင်မရာအဖြစ်ပြောင်းလဲပေးမည့်ပစ္စည်း

 


အသစ်ထွက်ရှိခဲ့တဲ့ iPhone 7 Plus နဲ့ပတ်သက်ပြီး Apple အဓိကဇောင်းပေးခဲ့တဲ့ အရာကတော့ DSLR ကင်မရာတစ်လုံးလို နောက်ခံအ၀ါး “bokeh” ဓာတ်ပုံတွေရိုက်ကူးနိုင်ခြင်းဖြစ်ပါတယ်။ အကယ်၍ သင့်မှာသာ iPhone 6 (သို့) iPhone 6s ရှိပြီးသားဆိုရင်တော့ ဒေါ်လာ ၇၇၀ ကျော်လောက်သုံးပြီး Camera ပိုင်း နှင့် လုပ်ဆောင်မှုမြန်ဆန်မှုပိုင်း မှာပိုမိုကောင်းမွန်လာတဲ့ iPhone 7 Plus ကိုမ၀ယ်သင့်တော့ပါဘူး။ DSLR ကင်မရာတစ်လုံးလို အရည်အသွေးကောင်းတဲ့ ဓာတ်ပုံတွေ
ရိုက်ကူးနိုင်ပြီး မည်သည့် iPhone မှာမဆို အလွယ်တကူ တပ်ဆင်နိုင်တဲ့
DxO ONE Miniaturized Pro Quality Camera ကိုဝယ်သင့်တယ်လို အကြံပြုလိုက်ပါရစေ။



အဓိကထူးခြားချက်တွေကတော့

– ကမ္ဘာ့အသေးဆုံး ၁ လက်မအရွယ်အစား sensor ကင်မရာပါဝင်ပြီး ၃ လက်မထက်မရှည်တဲ့ ကိုယ်ထည်ရှိပြီး iPhone တစ်လုံးထက် ပိုမိုပေါ့ပါးသော အလေးချိန်ရှိခြင်း။

– Standalone Mode နှင့် Framing Assistant ကိုအသုံးပြုပြီး လက်တစ်ဖက်တည်းနှင့် ဓာတ်ပုံတွေကို အလွယ်တကူ ရိုက်ကူးနိုင်ခြင်း

– Camera နှင့်အတူ ပါဝင်လာတဲ့ Lightning Connector ကို မိမိ iPhone/iPad မှာချိတ်ဆက်ပြီးတာနဲ့ DSLR ကင်မရာတစ်လုံးရဲ့  Control ခလုတ်တွေကို iDevice ရဲ့  Retina Display နှင့်အတူ အသုံးပြုနိုင်ခြင်း
– WiFi Network အသုံးပြုပြီး Camera ကို အဝေးကနေ ထိန်းချုပ်နိုင်ခြင်း

– DxO ONE ဓာတ်ပုံတွေကို iPhone ကတဆင့် Facebook, Twitter, Instagram နှင့်အခြားသော Social Network များသို့ Sharing ပြုလုပ်နိုင်ခြင်း တို့ပဲဖြစ်ပါတယ်



DxO ရဲ့  Official Website ဖြစ်တဲ့ http://www.dxo.com/us/dxo-one မှာ DxO ONE ကင်မရာနဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံနမူနာတွေ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Preorder မှာချင်တယ်ဆိုရင်တော့ Amazon အခုစမှာလို့ရပါပြီ။ တရားဝင်စတင်ရောင်းချမှာကတော့ အခုလာမယ့် စက်တင်ဘာလ (၂၉) ရက်နေ့ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၉၉.၉၉ ကျသင့်မှာပါ။
Preorder မှာချင်တယ်ဆိုရင်တော့ Amazon မှာအခုစမှာလို့ရပါပြီ။
 



CREDIT MMAS

သီဟထိုက် (ဆွေသဟာ Mobile )

 

0 comments:

Post a Comment