♪ “Meizu MX6 (M685H)” ♫


Meizu မှ အသစ်ထပ်မံထွက်ရှိလာသည့် Meizu MX6 ဖြစ်ပါတယ်။ ကိုယ်ထည် တစ်ခုလုံးကိုအရည်အသွေးကောင်းမွန်တဲ့ သတ္တုဖြင့် အကွေးပုံစံဒီဇိုင်းဖြင့် လှပသေသပ်စွာပုံဖော်ပေးထားပါတယ်။ ထူးခြားမှုများမှာတော့ CPU ပိုင်းတွင် Core 10 လုံးကိုပေါင်းစပ်ဖွဲ့စည်းထားသော2.3GHz Deca Core ကိုအသုံးပြု ပေးထားသဖြင့် လုပ်ဆောင်ချက်ပိုင်းတွင် ပိုမိုမြန်ဆန်စေနိုင်ခြင်း၊ အချက် အလက်များလျင်မြန်စွာကူးပြောင်းရန် RAM 4GB ကိုအသုံးပြုပေးထားခြင်း၊ ကင်မရာပိုင်းမှာတွင် အရည်အသွေးကောင်းမွန်တဲ့ပုံရိပ်တွေကို ရိုက်ကူးနိုင် ဖို့အတွက် Sony ရဲ့ နည်းပညာဖြစ်သည့် IMX386 CMOS ကိုအသုံးပြုပေး ထားတဲ့အတွက် ကင်မရာပိုင်းပိုမိုကောင်းမွန်လာခြင်းတို့ဖြစ်ပါတယ်။

Screen Size 5.5" နှင့် Resolution (1920x 1080) IPS Capacitive Touch Screen ကိုအသုံးပြုပေးထားပါတယ်။ Processor ပိုင်းတွင် Core 10 လုံးကိုပေါင်းစပ် ဖန်တီးထားသော2.3GHz Deca-core (2x2.3GHz Cortex-A72, 4x1.9 GHz Cortex-A53, 4x1.4GHz Cortex-A53) ကိုသုံးပေးထားသဖြင့် လုပ်ဆောင်ချက် ပိုင်းတွင်မြန်ဆန်စေမှာပါ။ အချက်အလက်များ လျင်မြန်စွာ ကူးပြောင်းနိုင်ရန် RAM 4GB ကိုအသုံးပြုပေးထားပါတယ်။ သိုလှောင် သိမ်းဆည်းမှု ပမာဏ32GB ကိုအသုံးပြုပေးထားသဖြင့် Data များစွာကို သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။

ကင်မရာပိုင်းတွင် Sony ရဲ့ နည်းပညာဖြစ်တဲ့ IMX386 CMOS ကိုအသုံးပြု ပေးထားတဲ့အတွက် 0.2 second အတွင်းအကောင်းဆုံးပုံရိပ်တွေကို ရိုက်ကူး နိုင်မှာဖြစ်ပါတယ်။ အနောက်ကင်မရာ12MP ကိုအသုံးပြုပေးထားပြီး10 LED (dual tone) Flash ကိုအသုံးပြုပေးထားတဲ့အတွက် ပုံရိပ်ဖမ်းယူမှုကို အကောင်းဆုံး စွမ်းဆောင်ပေးနိုင်မှာဖြစ်သည့်အပြင် ပုံထွက်အရည်အသွေး မှာလည်း သဘာဝအတိုင်းနီးပါး ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ အရှေ့ကင်မရာ 5MP ကိုအသုံးပြုပေးထားသည့်အပြင် F/2.0 ကိုထပ်မံအသုံးပြုပေးထားသဖြင့် မည်သည့်အလင်းရောင်အခြေအနေမျိုးတွင်မဆိုလှပသောအကောင်းဆုံးSelfieပုံများကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ လုံခြုံရေးစနစ်အနေဖြင့် Finger Print Sensor ကိုထည့်သွင်းပေးထားပါတယ်။ Android OS အနေဖြင့် နောက်ဆုံး ထွက် 6.0 (Marshmallow) ကိုအသုံးပြုပေးထားပါတယ်။ ဘက်ထရီမှာNon-Removable 3060mAh Li-Ion ကိုအသုံးပြုပေးထားပါတယ်။

“Xiaomi Redmi Note 3 Pro”

ဈေးနှုန်းချိုသာပြီးScreen Size 5.5 လက်မနှင့် Resolution (1920x 1080) ကိုသုံးပေးထားတဲ့အတွက် ဂရပ်ဖစ်မြင့်မားသောဂိမ်းတွေ၊ ဗီဒီယိုတွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ CPU ပိုင်းမှာ လည်း1.8GHz Hexa Core ကိုအသုံးပြုပေးထားတဲ့အတွက် လုပ်ဆောင်ချက် ပိုင်း မှာပုံမှန်ထက် ပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။ RAM 3GB ဖြစ်သောကြောင့် အချိန်တိုတွင်းအချက်အလက်များကိုကူးပြောင်းနိုင်မှာဖြစ်ပါတယ်။ 4000mAh ရှိသောLi-ion ဘက်ထရီကိုတပ်ဆင်အသုံးပြုပေးထားတဲ့အတွက် ဂိမ်းကစား ခြင်း၊ သီချင်းနားထောင်ခြင်း၊ အင်တာနက်အသုံးပြုခြင်းများကို အချိန်ကြာ ကြာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ လုံခြုံရေးစနစ်အနေဖြင့် 0.3 second အတွင်း လျင်မြန်စွာဖွင့်နိုင်သောFinger Print Scanner ထည့်သွင်းပေးထားပါတယ်။ ထို့ပြင် လုံခြုံရေးဆိုင်ရာအချက်အလက်တွေ၊ Application တွေ၊ စီမံခန့်ခွဲမှု တွေမှာသွက်သွက် လက်လက်နှင့် အသုံးပြုရမြန်ဆန်ပြီးဘက်ထရီချွေတာမှု ကိုအပြည့်အ၀ ထောက်ပံ့ပေးနိုင်သည့် Xiaomiရဲ့ ကိုယ်ပိုင်နည်းပညာဖြစ် သောMIUI 7 ကိုလည်းအသုံးပြုပေးထားပါတယ်

Screen Size 5.5" နှင့် Resolution (1920x1080) IPS Screen ကိုအသုံးပြု ပေးထားသဖြင့် ဂရပ်ဖစ်မြင့်မားသောဂိမ်းတွေ၊ ဗီဒီယိုတွေကို ရုပ်ထွက် ကောင်းကောင်းနဲ့ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ CPU ပိုင်းမှာလည်း1.8GHz Hexa Core ကိုအသုံးပြုပေးထားတဲ့အတွက် လုပ်ဆောင်ချက်ပိုင်းတွင် လည်းပိုမိုမြန်ဆန်စေနိုင်မှာဖြစ်ပါတယ်။ အချက်အလက်များလျင်မြန်စွာ ကူးပြောင်းနိုင်ရန် RAM 3GB ကိုအသုံးပြုပေးထားပြီးသိုလှောင် သိမ်းဆည်း နိုင်မှု ပမာဏမှာတော့ 32GB အထိထည့်သွင်းပေးထားပါတယ်။


အနောက် ကင်မရာ16MP နှင့် Phase detection autofocus, LED Flash ကိုပါ အသုံးပြုပေးထားသဖြင့် ပုံရိပ်ဖမ်းယူမှုကိုအကောင်းဆုံးစွမ်းဆောင်ပေးနိုင်ပြီး ကြည်လင်ပြတ်သားသောပုံထွက်အရည်အသွေးကိုရရှိနိုင်မှာဖြစ်ပါတယ်။ ထို့ပြင် face detec-tion, panorama, HDR စနစ်ပါ ထည့်ပေးထားတဲ့အတွက် အလျင်စလိုမြန်မြန်ရိုက်ယူလိုက်သည့်အခါများတွင် လက်တုန်၍ ပုံေ၀၀ါးသွား ခြင်း၊ မှုန်ဝါးသွားခြင်းမရှိဘဲ ရုပ်ထွက် ကောင်းမွန်သည့်ပုံများကိုရရှိစေမှာ ဖြစ်ပါတယ်။ အရှေ့ကင်မရာအနေဖြင့်လည်း5MP ကိုထည့်သွင်းအသုံးပြု ပေးထားပါတယ်။ Android OS အနေဖြင့် 5.1.1 (Lollipop) ကိုအသုံးပြုပေး ထားပါတယ်။ Dual Simဖုန်းအမျိုးအစားဖြစ်ပြီးအရောင်အနေဖြင့် Gold Colourအရောင်တစ်မျိုးတည်းသာရရှိနိုင်မှာ ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment