♪ ‘Press Home to Unlock’ ကို iOS 10 မှာ ဘယ်လိုပိတ်ထားမလဲ ♫


iOS 10 မှာ အရင်လို Touch ID (Home) ခလုတ်ပေါ် လက်တင်လိုက်ရုံနဲ့ ဖုန်းကတန်းပွင့်မသွားတော့တာ ဘယ်လိုလုပ်ရမလဲမေးမြန်းလာသူတွေအတွက် ဖြေရှင်းနည်းကို ဖော်ပြပေးလိုက်ပါတယ်။

iOS 9 တုန်းက iPhone နဲ့ iPad တွေမှာ Touch ID (Home) ခလုတ်ပေါ်ကို လက်ချောင်းတင်လိုက်ရုံနဲ့ unlock ဖြစ်သွားပေမယ့်၊ iOS 10 မှာတော့ lock screen ကို အသစ်ပြင်ဆင်မှုတွေလုပ်ထားပြီး၊ “Slide to Unlock” ကို ဖြုတ်ပစ်ခဲ့သလို အရင်လို လက်ချောင်းတင်လိုက်ရုံနဲ့ တန်းပွင့်သွားမှာမဟုတ်ဘဲ၊ Touch ID ခလုတ်ကို နောက်တစ်ချက် သက်သပ်ထပ်နှိပ်ပေးရမှာပါ။

ဒီအတွက်ကြောင့် ပါဝါခလုတ်သုံးပြီး၊ screen wake လုပ်လေ့ရှိသူတွေ၊ Notification ဝင်လာလို့ ဖုန်းထဲဝင်မယ့် လူတွေမှာ ဟုမ်းခလုတ်ကို သက်သက်တစ်ချက်ဖိနှိပ်ပေးနေရတာက အဆင့်တစ်ခုပိုသလိုဖြစ်နေပါတယ်။

ဒါပေမယ့် အရင်လိုပဲ လက်တင်လိုက်ရုံနဲ့ တန်းပွင့်အောင် လုပ်ထားနိုင်ပါတယ်။ ဒီ Settings ချိန်ညှိမှုဟာ နည်းနည်းအထဲထိရောက်နေတာကြောင့် iOS နဲ့ မရင်းနှီးသူတွေ၊ ဖုန်းမကလိဖြစ်သူတွေအတွက် အနည်းငယ်အခက်တွေ့နေတာပါ။
  • ပထမဦးဆုံး Settings ထဲက General ထဲမှာ “Accessibility” ဆိုတာကို ရွေးလိုက်ပါ။
  • အောက်ကိုနည်းနည်းဆွဲချပြီး၊ “Home Button” ထဲ ဝင်ပါ။ ထို့နောက် အောက်ဆုံးနေရာမှာ “Rest Finger to Open” ကို ဖွင့်ပေးလိုက်ပါ။
  • ဖုန်းကို Lock ပြန်လုပ်ပြီး၊ Touch ID ခလုတ်ပေါ်ကို လက်ဗွေရာပေးထားတဲ့ လက်ချောင်းတင်ကြည့်လိုက်ပါ။
  • ယခုအခါ ‘Touch ID’ ခလုတ်ကို နောက်ထပ်တစ်ချက်နှိပ်ပေးစရာမလိုတော့ဘဲ၊ ဖုန်းတန်းပွင့်သွားတာကို တွေ့ရမှာပါ။
iOS 10 မှာ ဖုန်းကို ကောက်ကိုင်လိုက်တာနဲ့ ဖုန်းမျက်နှာပြင်လင်းလာမယ့် “Raise to Wake” လုပ်ဆောင်ချက်ပါ အသစ်ပါလာတာကြောင့် “Rest Finger to Open” ပါဖွင့်ထားမယ်ဆိုရင် ဟုမ်းခလုတ်ပေါ် လက်တင်လိုက်တာနဲ့ ဖုန်းက တန်းပွင့်သွားမှာဖြစ်ပါတယ်။ ဟုမ်းခလုတ်ကို လုံးဝဖိနှိပ်စရာမလိုတော့ပါဘူး။

“Raise to Wake” က နဂိုပွင့်နေမှာဖြစ်ပြီး၊ ပိတ်ချင်တယ်ဆိုရင် Settings ထဲက Display & Brightness ထဲဝင်ပြီး၊ “Raise to Wake” ဆိုတာကို ပိတ်နိုင်ပါတယ်။


Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment