♪ Vivo ရဲ့ ကျော်ကြားပြီး ကောင်းမွန်တဲ့ " Vivo V3 Max " ♫


Vivo V3 Max ဟာ vivo ရဲ့ အကျော်ကြားဆုံးဖုန်းတစ်လုံးဖြစ်ပြီး ဒီဇိုင်းနဲ့ ဆွဲဆောင်မှု အပြည့်ရှိပါတယ်။ နောက်ထပ်သဘောကျမိတာက V3 Max ကို Dual SIM အသုံးပြုနိုင်တာဖြစ်ပါတယ်။ (6.06×3.04×0.30) လက်မ အရွယ်အစားရှိပြီး အလေးချိန်ဟာ 168g ရှိပါတယ်။ V3 Max ရဲ့ Display ဟာ IPS LCD ဖြစ်ပြီး ၅.၅လက်မအရွယ်နဲ့ ထွက်ရှိလာပါတယ်။

1080×1920pixels Full HD ရုပ်ထွက်အရည်အသွေးကိုပံ့ပိုးထားပြီး ရုပ်ထွက်သိပ်သည်းဆ 401ppi ထိ ရှိပါတယ်။ V3 Max မှာ Android OS 5.1(Lollipop) ထည့်သွင်းထားပြီး Funtouch OS 2.5 ကို ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်းကို မြန်ဆန်နေအောင် Qualcomm Snapdragon 652 octa-core processor က ဆောင်ရွက်ပေးပြီး 4GB RAM ပါဝင်တာမို့ လုံလုံလောက်လောက် အသုံးပြုနိုင်ပါတယ်။ ဂရပ်ဖစ် Adreno 510 ကို ထည့်သွင်းထားပါတယ်။ 

ဖုန်းတွင်းသိုလှောင်မှုပမာဏ 32GB ပါရှိပြီး microSD နဲ့ 256GB အထိ တိုးမြှင့်နိုင်ပါတယ်။ ဖုန်းမှာ အဓိကကင်မရာဟာ 13MP ဖြစ်ပြီး LED Flash မီးကို တပ်ဆင်ထားပါတယ်။ Full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပြီး 8MP ကင်မရာကို ရှေ့ဘက်ကင်မရာအဖြစ် သုံးစွဲနိုင်ပါတယ်။

Specification
Display : 5.5 inches, IPS LCD capacitive touchscreen
Memory : 32 GB, 4 GB RAM, microSD, up to 128GB
Camera : 13 Megapixel, phase detection autofocus, LED flash
OS : Android OS, v5.1 (Lollipop)

Phone - 09-421744111 (Today's Mobile)

Price - 338,000 Ks

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 




www.pyaephyo.com

0 comments:

Post a Comment