♪ “*234# သို့ ဖုန်းခေါ်ဆိုပြီး အူရီဒူး၏ အခမဲ့လက်ဆောင်များ ရယူနိုင်” ♫

https://inmya.com/sites/default/files/ooredoo.png.jpg

အူရီဒူးမြန်မာမှ “ မိုမို-My Ooredoo My Offer” ဆိုသည့် အစီအစဉ်သစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပြီး၊ အဆိုပါ အစီအစဉ်အရ *234# သို့ ဖုန်းခေါ်ပြီး အူရီဒူး၏ အခမဲ့လက်ဆောင်များ ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အူရီဒူး၏ ၀န်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် *234#သို့ အခမဲ့ခေါ်ဆိုပြီး သုံးစွဲသူ တစ်ဦးချင်းစီအတွက် အထူးစီစဉ်ထားသော လက်ဆောင်များအား အပတ်စဉ် သောကြာနေ့တိုင်းရရှိမည်ဖြစ်ပါသည်။

ရရှိနိုင်မည့် လက်ဆောင်အမျိုးအစား များထဲတွင် ငွေပမာဏအတိအကျ သတ်မှတ်ထားသော ငွေဖြည့်ကတ် လက်ဆောင်များ၊ 50% ငွေဖြည့်လက်ဆောင်၊ ၃ဆပိုရနိုင်သော ငွေဖြည့် လက်ဆောင်၊ အခမဲ့ဒေတာ အသုံးပြုခွင့်၊ အူရီဒူး အချင်းချင်းအခမဲ့ဖုန်းခေါ်ဆို ခွင့်၊ Unlimited Facebook အသုံးပြုခွင့်၊ Fun Tone အသုံးပြုခွင့်၊ mJam အသုံးပြုခွင့်နှင့် အူရီဒူး၏ S10 စမတ်ဖုန်းစသည်ဖြင့် အမျိုးအစားစုံအလင်ကို အူရီဒူးမှ ၎င်း၏ ၀န်ဆောင်မှု အသုံးပြုသူများအားလုံးကိုပေးအပ်သွားမည် ဖြစ်ပါသည်။

ငွေဖြည့်လက်ဆောင်များအား ပုံမှန်အင်တာနက်အသုံးပြုခြင်း၊ အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းတို့အတွက် အသုံးပြုနိုင် ပါသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment