♪ ဈေးနှုန်းနဲ့မလိုက်ဖက်လောက်အောင်ကို မြင့်မားတဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်တဲ့ - " Alcatel Go Play " ♫


Alcatel Go Play ဟာ ဈေးနှုန်းနဲ့မလိုက်ဖက်လောက်အောင်ကို မြင့်မားတဲ့ စွမ်းဆောင်ရည်တွေ ကို ပေးစွမ်းနိုင်တဲ့ အလယ်လတ်တန်းစား စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ အားသာချက်အနေနဲ့ ရေစိုခံနိုင်ပြီး IP67 certified ရရှိထားတာကြောင့် ရေအနက် ၁ မီတာမှာ မိနစ် ၃၀ ကြာမျှ အသုံးပြုနိုင် ပါတယ်။ ရေအောက်ထဲမှာလည်း ၎င်းရဲ့ 8MP ကင်မရာနဲ့ လှပတဲ့ဓာတ်ပုံတွေကို ရိုက်ယူနိုင်ပါသေးတယ်။ ဒီလိုရေစိုခံနိုင်တဲ့အပြင် ပြုတ်ကျမှုဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။

GSM, HSPA နဲ့ LTE networks တွေမှာ သုံးစွဲနိုင်ပြီး ထည့်သွင်းအသုံးပြုရမယ့် SIM card အမျိုးအစားကတော့ Micro SIM ပါ။ Data တွေကို သိမ်းဆည်းဖို့အတွက် Internal memory 8GB ကို ထောက်ပံ့ပေးထားတဲ့အပြင် Micro SD card ကို 32GB အထိ ထပ်မံစိုက်ထည့်သုံးနိုင်ပါတယ်။ ဒါ့အပြင် ယာယီမှတ်ဥာဏ်စွမ်းအားအနေနဲ့ 1GB RAM ပါရှိပါတယ်။ Removable Li-Ion 2500mAh battery ကြောင့် ၈ နာရီခွဲခန့် ဖုန်းပြောဆိုနိုင်ပါတယ်။ ဒါကြောင့် အလယ်အလတ်တန်းစား budget ဖုန်းတစ်လုံးအနေနဲ့ အသုံးပြုမယ်ဆိုရင် သင့်တော်တဲ့ ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

* Design & Build *
ဒီဖုန်းကို လူငယ်တွေအတွက် ရည်ရွယ်ထုတ်လုပ်ပေးထားတယ်ဆိုတာ သံသယ၀င်စရာမရှိပါဘူး။ လူငယ်ကြိုက်ဒီဇိုင်းပုံစံမျိုးဖြစ်ပြီး ထုတ်လုပ်ပေးထားတဲ့ အရောင်တွေကလည်း စုံလင်လှပါတယ်။ ဖုန်းအရွယ်အစားက 143.3×73.3×9.2mm ရှိတာကြောင့် အနည်းငယ်ထူတဲ့ ဖုန်းအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ အားသွင်းပေါက်နဲ့ headphones ပေါက်တွေကို ပလတ်စတစ်နဲ့ ဖုံးအုပ်ပေးထားတာကို တွေ့ရ ပါတယ်။ အနောက်ဘက်မှာ သားရေသားနဲ့ ပြုလုပ်ပေးထားပါတယ်။

အရောင်စပ်ထားတာလေးတွေက အနည်းငယ်ကြောင်ကြောင်တောင်တောင်နိုင်ပေမယ့် လူငယ်ဆန်ဆန်လေးနဲ့ ဆန်းသစ်မှုရှိပါတယ်။ နောက်ကျောဘက်မှာ go ဆိုတဲ့စာတန်းလေးကို ထည့်သွင်းပေးထားပြီး ကိုင်တွယ်လို့ကောင်းတဲ့ ဒီဇိုင်းလေးပါ။ ဘေးထောင့်လေးတွေက အ၀ိုက်လေးတွေဖြစ်ပြီး ကင်မရာက အလယ်ဘက်မှာ စာတန်းရဲ့အပေါ်မှာ တည်ရှိပါတယ်။ ဒီဖုန်းလေးကို တစ်ချက်ကြည့်လိုက်တာနဲ့ Alcatel Go Play ဖုန်းဆိုတာကို တန်းသိနိုင်လောက်အောင် တခြားဖုန်းတွေနဲ့ မတူတဲ့ဒီဇိုင်းပုံစံနဲ့ ပြုလုပ်ပေးထားပါတယ်။ ဖုန်းက အနည်းငယ်လေးလံပေမယ့် ကိုင်တွယ်လို့ အသုံးပြုလို့ကောင်းတဲ့ အရွယ်အစားနဲ့ လက်ထဲမှာ မြဲမြံစေမယ့် တည်ဆောက်ပုံအနေအထား ရှိတာကို တွေ့ရပါတယ်။

* Display *
၅ လက်မအကျယ်ရှိတဲ့ မျက်နှာပြင်ကို Capacitive touchscreen နဲ့ ပြုလုပ်ပေးထားပြီး မြင်ကွင်းစွမ်းအား 720×1280 pixels ပမာဏကို ပေးစွမ်းနိုင်ပါတယ်။ ၁ လက်မအတိုင်းအတာမှာ ~294 ppi pixels ပမာဏသိပ်သည်းဆကိုရရှိနိုင်ပြီး မျက်နှာပြင်ပေါ်မှာ လက်ချောင်း ၅ ချောင်းအထိ တစ်ပြိုင်နက်တည်းထိန်းချုပ်နိုင်တဲ့ multitouch စနစ်ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။

* Operating System and Camera *
ဒီဖုန်းမှာ Android OS, v5.0 (Lollipop) ကို run ထားပါတယ်။ ကင်မရာပိုင်းမှာလည်း 8MP resolution ရှိတဲ့ အနောက်ကင်မရာနဲ့ 5MP ရှိတဲ့ အရှေ့ကင်မရာငယ်တို့ကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် ပင်မကင်မရာ နဲ့ 30fps မှာ 1080p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကိုရိုက်ကူးပေးနိုင်ပြီး ၎င်းကင်မရာကို ရေအောက်ထဲမှာလည်း အသုံးပြုနိုင်တာကြောင့် အလွန်အဆင်ပြေပါတယ်။

* Performance *
တိကျလျင်မြန်တဲ့ လုပ်ဆောင်ချက်တွေကို ရရှိစေနိုင်ဖို့အတွက် အတွင်းမှာ Quad-core 1.2GHz Cortex -A53 processor နဲ့ Qualcomm MSM8916 Snapdragon 410 ဆိုတဲ့ chipset အမျိုးအစားကို သုံးစွဲပေးထားပါတယ်။ ၎င်းတို့ရဲ့ ဟန်ချက်ညီညီလုပ်ဆောင်ချက်တွေကို Adreno 306 ဆိုတဲ့ graphic card က ထပ်မံပံ့ပိုးပေးထားတာကို တွေ့ရပါတယ်။ ဒါကြောင့် အလယ်အလတ်တန်းစားဖုန်းတစ်လုံးအနေနဲ့ လုပ်ဆောင်နိုင်မယ့် စွမ်းဆောင်ရည်တွေ၊ အသုံးပြုနိုင်မယ့် features တွေက ပေးရတဲ့ဈေးနဲ့ ထိုက်တန်မှုရှိပါတယ်။

Specification
Display : 5.0 inch, capacitive touchscreen
Memory : 8 GB, 1 GB RAM, microSD, up to 32GB
Camera : 12MP, f/2.0, Phase detection autofocus, dual-LED flash
OS : Android OS,v5.0 (Lollipop)
Phone - 09-791079410 (Synnex Myanmar)
Price - 220,000 Ks
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment