♪ “Android 7.0 Nougat” ♫


Google ရဲ့ နောက်ဆုံးထုတ် Android Operating System ကတော့ Android 7.0 Nougat ဖြစ်ပါတယ်။ Nougat မှာသင့်ရဲ့ Android Device ကိုသင့် စိတ်ကြိုက် ပြောင်းလဲနိုင်တဲ့ စွမ်းရည်များပါရှိလာပါတယ်။ Google ရဲ့ ပူပူနွေးနွေး Android OS ဖြစ်တဲ့အတွက် စွမ်းဆောင်ချက်အသစ်များနဲ့ စိတ်လှုပ်ရှားဖွယ်ရာများကို မြင်တွေ့ ခံစားရမှာ ဖြစ်ပါတယ်။

<စကားလုံးများအစား Emoji များကိုသုံးပါ>
သူငယ်ချင်းများနဲ့ စကားပြောတဲ့အခါမှာစကားလုံးများအစား Emoji များကို အသုံးပြုခြင်းဟာပျော်စရာကောင်း ပါတယ်။ Android Nougat မှာ Emoji အသစ်များစွာထည့်သွင်းပေးထားပါတယ်။ တစ်ပြိုင်နက်တည်းဘာသာ စကား ၂ ခုနဲ့အထက် အသုံးပြုနိုင်ပါတယ်။ Emoji အသစ် ၇၂ ခု အပါအ၀င် Emoji ပေါင်း ၁၅၀၀ ကျော် ပါလာပါတယ်။ Locale Language Settings များစွာကို အသုံးပြုနိုင်ပါတယ်။
<App ၂ ခုကိုတစ်ပြိုင်နက်သုံးပါ>
Android Nougat မှာ ၂ ချက်နှိပ်လိုက်တာနဲ့ App များကိုပြောင်းလဲ အသုံးပြု နိုင်ပါတယ်။ App ၂ ခုကို ဘေးချင်းယှဉ်ပြီးတစ်ပြိုင်နက် အသုံးပြုနိုင်ပါတယ်။ ရုပ်ရှင်ကြည့်နေရင်းကနေသူငယ်ချင်းနဲ့ Chat နိုင်ပါတယ်။ Facebook ကြည့်နေရင်းကနေ YouTube Music Video များကိုနားဆင်နိုင်ပါတယ်။
<အံ့မခန်းရုပ်ထွက်များကိုခံစားပါ>
အရည်အသွေးမြင့် 3D Graphics များကိုပံ့ပိုးပေးနိုင်တဲ့ Vulkan API ကတော့ အံ့မခန်းတိုးတက်ပြောင်းလဲမှု ဖြစ်ပါတယ်။ ဒီနည်းပညာကိုထောက်ပံ့တဲ့ Device များမှာကြည်လင်ပြတ်သားတဲ့ ဂရပ်ဖစ်များကိုမျက်စိပသာဒရှိစွာခံစား ရမှာ ဖြစ်ပါတယ်။
<သင် အနှစ်သက်ဆုံး Apps များကို Virtual Reality ဖြင့် ခံစားပါ>
Android Nougat မှာ Virtual Reality Mode ထည့်သွင်းပေးထားတဲ့အတွက် အတွေ့အကြုံ အသစ်များကို ခံစားရမှာ ဖြစ်ပါတယ်။ Daydream-Ready Phone များကိုလည်းမကြာမီ မြည်းစမ်းခွင့်ရတော့မှာ ဖြစ်ပါတယ်။
<စမတ်ကျတဲ့ ဘက်ထရီ>
Android Nougat မှာစမတ်ကျတဲ့ ဘက်ထရီစွမ်းဆောင်ချက် Dozeဟာပိုမို အစွမ်းထက်လာပါတယ်။ သင့် စမတ်ဖုန်းရဲ့ ဘက်ထရီသက်တမ်းကိုအလွန် ကြာရှည်စေပါတယ်။ စမတ်ဖုန်းကိုအသုံးမပြုတဲ့အချိန်မှာ Doze က ဘက်ထရီ အနည်းဆုံးအသုံးပြုအောင် စီမံခန့်ခွဲနိုင်ပါတယ်။
<သင့်စိတ်ကြိုက် ဖန်တီးပါ>
Android Nougat မှာ Setting များကိုသင့် စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။ စမတ်ကျတဲ့ Notifications များကို လည်းအသုံးပြုနိုင်ပါတယ်။
<Custom Quick Settings>
သင့် စမတ်ဖုန်းရဲ့ Notifications Bar မှ Quick Settings များကိုသင့်စိတ်ကြိုက် သတ်မှတ်နိုင်ပါတယ်။ အဲဒီ အတွက် သင်အသုံးပြုလေ့ရှိတဲ့ Setting များကို လျင်မြန်စွာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
<Notification Direct Reply>
App ကိုဖွင့်စရာမလိုဘဲနဲ့ Notification များကနေတိုက်ရိုက် စာပြန်နိုင်တာက သင့်အတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။
<Bundled Notifications>
Bundled Notifications ကတော့ တူညီတဲ့ Apps များရဲ့ Notification များကို စုစည်းပေးထားတာဖြစ်ပြီး နေရာကျုံ့စေပါတယ်။ တစ်ချက်နှိပ်ရုံဖြင့် Expand လုပ်ပေးမှာဖြစ်ပါတယ်။ App များကိုဖွင့်စရာမလိုဘဲ Notification များကနေ သတင်းအချက်အလက်အပြည့်အစုံကိုသိရှိနိုင်မှာ ဖြစ်ပါတယ်။
<သင်နှစ်သက်သလိုစီမံခန့်ခွဲပါ>
Android Nougat က သင့် Android Device ကိုသင်နှစ်သက်သလိုစီမံ ခန့်ခွဲ နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒေတာ အသုံးပြုခြင်း၊ Notification များရယူခြင်း၊ စကရင်ရဲ့ ပုံပန်းသွင်ပြင်ကိုပြောင်းလဲခြင်းများကိုစိတ်ကြိုက် စီမံခန့်ခွဲနိုင်ပါ တယ်။
<Data Saver>
Data Saver က သင့် Android Device ရဲ့ ဒေတာအသုံးပြုမှုကိုသက်သာစေပါ တယ်။ Data Saver ကို On ထားရင် နောက်ကွယ်မှ Apps များကဒေတာ အသုံးပြုလို့ မရပါဘူး။
<Notification Controls>
Notification တစ်ခုဝင်လာရင် လက်နဲ့ဖိပြီး Setting များကိုပြောင်းလဲနိုင်ပါ တယ်။ ဥပမာအားဖြင့် Notification ကနေပဲ App တစ်ခုရဲ့အနာဂတ် Notification များကိုပိတ်ထားနိုင်ပါတယ်။
<Display Size>
Android Nougat မှာစာသားများရဲ့ အရွယ်အစားကိုသာမကဘဲ Icon များရဲ့ အရွယ်အစားကိုလည်း ပြောင်းလဲသတ်မှတ်နိုင်ပါတယ်။
<လုံခြုံရေး>
သင့်ရဲ့စမတ်ဖုန်းမှ ကိုယ်ရေးကိုယ်တာဒေတာများဟာအရေးကြီးပါတယ်။ Android ကိုလုံခြုံရေးအလွှာအထပ်ထပ်နဲ့တည်ဆောက်ထားပြီး သင့်ဒေတာ များ လုံခြုံဖို့အတွက် Encrypt လုပ်ထားပါတယ်။ Android Nougat မှာတော့ လုံခြုံရေးစွမ်းရည်အသစ်များထည့်ပေးထားပါတယ်။
<လုံခြုံရေး Update များအမြဲရခြင်း>
အချို့ Device များမှာ Software Update များကိုနောက်ကွယ်မှာဒေါင်းလုပ် လုပ်ပေးပါတယ်။ အဲဒီအတွက် နောက်ဆုံးထုတ် လုံခြုံရေး Update များ အတွက် စောင့်ဆိုင်းစရာမလိုပါဘူး။
<ဖိုင်အခြေပြု Encryption>
ဖိုင်တိုင်းကို Encrypt လုပ်ပေးထားတဲ့အတွက် သင့် Device ကိုအခြားလူများ ယူသုံးရင်တောင် လုံခြုံစေပါတယ်။
<Direct Boot>
သင့် Device ကို Boot လုပ်ရာမှာလည်းပိုမိုမြန်ဆန်လာပါတယ်။ သင့် Password မထည့်ခင်မှာ Apps များက လုံခြုံစွာ Run ပေးပါတယ်။
<LG V20 ကိုမိတ်ဆက်ခြင်း>
Android Nougat ကိုပထမဆုံးထည့်သွင်းပေးလိုက်တဲ့ စမတ်ဖုန်းကတော့ LG V20 ဖြစ်ပါတယ်။
<စွမ်းရည်>
• JIT Compiler : JIT Compiler အသစ်ဟာ Device ရဲ့ စွမ်းရည်ကို တိုးတက် စေပါတယ်။ Apps များလို အပ်တဲ့ Storage Space ပမာဏကို လျှော့ချပေးပါတယ်။ App များနဲ့ System Updates ကိုပိုမိုလျှင်မြန် စေပါ တယ်။
• VR Mode : Android Nougat မှာ VR Mode ပါလာပြီးအတွေ့အကြုံ အသစ် များကို ခံစားရမှာပါ။ မကြာမီမှာ Daydream စွမ်းဆောင်ချက်နဲ့ Daydream ထောက်ပံ့တဲ့ဖုန်းများကိုထုတ်လုပ်ပေးတော့ မှာပါ။
• Vulkan API : Vulkan API ဟာအရည်အသွေးမြင့် 3D Graphics များကို ထောက်ပံ့တဲ့ အစွမ်းထက် ဆော့ဝဲပါ။
<ဘက်ထရီနဲ့ ဒေတာ>
• Doze : Doze ဟာဘက်ထရီကိုပိုမိုချွေတာပေးနိုင်လာပါတယ်။ ဖုန်း အသုံးပြု နေစဉ်မှာတောင် စွမ်းအင် အသုံးပြုမှုကိုလျှော့ချပေးပါတယ်။ သင့်ဖုန်းကိုအလုပ်များလုပ်ခိုင်းထားပြီးအိတ်ကပ်ထဲမှာ ထည့်ထားရင် တောင် ဘက်ထရီသက်သာစေပါတယ်။
• Data Saver : Data Saver က သင့်ဖုန်းအသုံးပြုတဲ့ ဒေတာပမာဏကို လျှော့ချ ပေးပါတယ်။ Data Saver ကို On ထားရင် နောက်ကွယ်မှ Apps များကဒေတာအသုံးပြုလို့ မရပါဘူး။
<ကုန်ထုတ်လုပ်မှု စွမ်းအား>
• Split-Screen Mode : Android Nougat မှာ App များကိုတစ်ပြိုင်နက် သုံးနိုင်ပါပြီ။ Split-Screen Mode ဖြင့် App ၂ ခုကိုဘေးချင်းယှဉ် သုံးနိုင်ပါပြီ။ ဥပမာအားဖြင့် ရုပ်ရှင်ကြည့်နေရင်းကနေ Chat နိုင်ပါတယ်။
• Picture-in-picture : Android TV မှာဗီဒီယိုကြည့်နေရင်းကနေ ဘရောက်စာ ကနေ ၀က်ဆိုက်များ ကြည့်နိုင်ပါတယ်။
• Quick Switch : မကြာခင်ကအသုံးပြုထားတဲ့ App ၂ ခုကို လျင်မြန်စွာ ပြောင်းလဲသုံးဖို့ Overview Button ကို နှိပ်နိုင်ပါတယ်။
<Notifications>
• Bundled Notifications : App တစ်ခုရဲ့ Notifications များကိုစုစည်း ဖော်ပြပေးထားတဲ့အတွက် Notification Bar မှာမျက်စိမရှုပ်သလိုသက်ဆိုင်ရာ Notification များကိုအလွယ်တကူကြည့်နိုင်ပါတယ်။
• Direct Reply : Notification Bar ကနေ Message များကိုတိုက်ရိုက် စာပြန်နိုင်ပါတယ်။ အဲဒီအတွက် စာပြန်ဖို့ App များကိုဖွင့်ဖို့ မလိုတော့ပါဘူး။
• Notification Controls : Notification တစ်ခု ၀င်လာတဲ့အခါမှာ ဖိထားပြီး Settings ကိုပြောင်းနိုင်ပါ တယ်။ ဥပမာအားဖြင့် အဲဒီ App မှ Notification များနောက်ထပ် ၀င်မလာအောင် ပိတ်နိုင်ပါတယ်။
<System Usability တိုးတက်မှု>
• Customizable Quick Settings : Quick Setting Tiles များကို နှစ်သက် သလိုနေရာချနိုင်တဲ့အတွက် သင် သုံးလေ့ရှိတာတွေကို လျင်မြန်စွာ သုံးနိုင်မှာပါ။
• Quick Settings Bar : Quick Settings ကိုဒီဇိုင်းပြင်ဆင်ထားတဲ့အတွက် သင် သုံးလေ့ရှိတဲ့ အရာများကိုQuick Settings Bar ရဲ့ ထိပ်ဆုံးကနေလျင်မြန် စွာသုံးနိုင်မှာပါ။
• Improved Settings Navigation : Settings ထဲမှ Navigation Menu ကိုအဆင့်မြှင့်ထားတဲ့အတွက် သင် သုံးချင်တဲ့ Settings များကို လျင်မြန်စွာ သုံးနိုင်ပါတယ်။
• Settings Suggestions : Settings ထဲမှာသင့် Device ကိုအဆုံးစွန် အသုံးချနိုင်ဖို့ အကြံပြုချက် များရယူနိုင်ပါတယ်။
• ‘Clear All’ in Overview : နောက်ကွယ်မှ Run နေတဲ့ Apps များအားလုံး ကိုတစ်ပြိုင်နက်ပိတ်ဖို့ Overview မှာ ‘ Clear All’ ကို နှိပ်နိုင်ပါတယ်။
• Emergency Information : Emergency Information က အမည်၊ သွေးအမျိုးအစား၊ Allergies များ၊ အရေးပေါ် အဆက်အသွယ်များလို သတင်း အချက်အလက်များကိုထည့်သွင်းထားနိုင်ပြီးအရေးပေါ် အခြေအနေမှာ အခြားလူများကသင့်ရဲ့ Lock Screen ကနေအဲဒီသတင်းအချက်အလက်များ ကို သိနိုင်ပါတယ်။
• Lockscreen Wallpaper : Homescreenနဲ့ Lockscreenမှာကွဲပြားတဲ့ Wallpaper များကိုထားရှိ နိုင်ပါပြီ။
<Privacy & Security>
• Direct Boot : သင့် Device ကို Restart လုပ်တဲ့အခါမှာDirect Boot က လျင်မြန်စေပြီးအရေးကြီး ဆက်သွယ်မှုများကိုလည်းအဆင်သင့်ဖြစ်စေပါတယ်။ သင် Password ကိုမထည့်ခင်မှာတောင် အရေးကြီးစာများကိုဖတ်နိုင်ပါတယ်။
• Software Update အစောဆုံးရခြင်း : Android Nougat ထည့်သွင်းထား တဲ့ Device အသစ်အချို့မှာ OS Update ကိုနောက်ကွယ်ကနေဒေါင်းလုပ်လုပ် နိုင်ပါတယ်။ အဲဒီအတွက် သင်အလုပ်မှာရှိနေစဉ်မှာ နောက်ဆုံးထုတ် OS ကို သင်မသိလိုက်ဘဲ Update လုပ်ပေးနေမှာပါ။
• File-Based Encryption : Android Nougat မှာလုံခြုံရေးကိုအကောင်းဆုံး လုပ်ပေးထားပြီးဖိုင်အခြေပြု Encryption ကိုမိတ်ဆက်ထားပါတယ်။ Block Level အစားဖိုင်အခြေပြု Encryption ကိုအသုံးပြုထား တဲ့အတွက် သင့်ဖုန်းမှ ဖိုင်တိုင်းကိုအခြားလူများမမြင်နိုင်အောင် ကာကွယ်ပေးပါတယ်။
• Scoped Folder Access : Apps များကဖိုဒါများအသုံးပြုခွင့်ကိုတောင်းဆို လာနိုင်ပါတယ်။ တောင်းဆိုမှု ကိုသင်ကခွင့်ပြု သို့မဟုတ် ငြင်းဆန်နိုင်ပါတယ်။
• Trusted Face : မျက်နှာကိုခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စွမ်းရည်ပါလာပါတယ်။ မိတ်ကပ်လိမ်းခြယ်ထားခြင်း၊ ဆံပင်ပုံစံပြောင်းထားခြင်းနဲ့ ဖုန်းကိုမည်သည့် အနေအထားဖြင့် ကိုင်ထားရင်ဖြစ်စေ ဖုန်းကသူ့သခင်ကို မှတ်မိပါတယ်။
<Device Setup & Migration>
• တိုးတက်လာတဲ့ System Backup : Accessibility Settings, Run-Time Permissions for Apps , WiFi Hotspot Settings , WiFi Network Restrictions များ အပါအ၀င် Android Backup က Backup လုပ်ပေးနိုင်တဲ့ Device Settings များပိုမိုလာပါတယ်။
<Internationalization>
• Multi-Locale Support : Settings ထဲမှာ Locales များစွာကိုရွေးချယ် နိုင်လာပါတယ်။ ရှာဖွေမှုရလဒ် မှာ ဘာသာစကားများစွာဖြင့် ရေးသားထားတဲ့ website များကို မြင်လာရမှာပါ။
• ဘာသာစကားအသစ်များ : Android Nougat မှာဘာသာစကားများစွာကို ရွေးချယ်နိုင်လာပါတယ်။ ဘာသာစကား ၁၀၀ နဲ့ အသုံးပြုမှုများတဲ့ English, Spanish, French, and Arabicတို့လို Locales ပေါင်း ၂၅ ခုကိုရွေးချယ်နိုင်ပါ တယ်။
• Language Preference အသစ် : Language Preference ကို Sort လုပ်နိုင်တဲ့အတွက် App များကသင့်အတွက် သင့်တော်တဲ့ ကီးဘုတ်ကို ရွေးချယ်ပေးမှာပါ။
<Accessibility>
•Accessibility Settings : Accessibility Settings များကိုရှာဖွေသတ်မှတ်ရတာ အရင်ကထက် လွယ်ကူလာပါတယ်။ Magnification Gesture , Font Size , Display Size , TalkBack စတာတွေကို လွယ်ကူလျင်မြန်စွာသတ်မှတ် နိုင်ပါ တယ်။
•Display Size : စာသားအရွယ်အစားကိုပြောင်းလဲနိုင်ရုံသာမကအိုင်ကွန်နဲ့ ဓာတ်ပုံများရဲ့ အရွယ်အစား ကို လည်းပြောင်းလဲနိုင်ပါပြီ။
•Accessibility Mono Output : နားတစ်ဖက်မကြားရသူများအတွက် Stereo Left နဲ့ Right Channel များကိုပေါင်းစပ်၍ Mono Stream တစ်ခုတည်းအဖြစ် ဖန်တီးပေးပါတယ်။
•Variable Text to Speech Speed : သူကစာသားများကိုအသံထွက်ဖတ်ပြရာ မှာ အမြန်နှုန်းနဲ့ အသံ အနိမ့်အမြင့်ကိုချိန်ညှိဖို့ ရွေးချယ်စရာများပိုမို ထည့်ပေး ထားတာ ဖြစ်ပါတယ်။
<အလုပ်အတွက် Android>
• Work Mode : Work Mode က သင် အလုပ်လုပ်ရာမှာအဆင်ပြေစေဖို့ အတွက် အလုပ်နဲ့ ပတ်သက်တဲ့ Apps များကိုအဖွင့်၊ အပိတ်လုပ်ပေးနိုင်ပါ တယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment