♪ Android 7.1 Developer Preview ကို ယခုလကုန်တွင် ဖြန့်ချိမည် ♫


ကုမ္ပဏီ၏ နောက်ဆုံးပေါ် မိုဘိုင်း operating system ဗားရှင်းကို အဆင့်မြှင့်တင်မှု အနည်းငယ်ပြုလုပ်ထား သည့် Android Nougat 7.1 beta အား ယခုလကုန်တွင် ဖြန့်ချိသွားမည်ဟု Google မှ ကြေညာခဲ့သည်။

Google သည် Android 7.1 လုပ်ဆောင်ချက်အချို့ကို Pixel ဖုန်းများမိတ်ဆက်စဉ်က ပြသခဲ့သည်။ သို့သော်လည်း Google Assistant ကို စနစ်တစ်ခုလုံးတွင် ထောက်ပံ့ပေးမှုအပါအဝင် Pixel ၏ အကောင်းဆုံးလုပ်ဆောင်ချက်များအား အဆိုပါ ဖုန်းသစ်များတွင်သာ သီးသန့်အသုံးပြုနိုင်မည် ဖြစ်သည်။

7.0 ကို ဖြန့်ချိသကဲ့သို့ပင် Google က 7.1 beta ကို OTA ဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ အဆိုပါ beta သစ်များသည် 7.0 အတိုင်း Nexus 5X နှင့် 6P ဖုန်းများအပြင် Pixel C tablet ထံ ထောက်ပံ့ပေးမည်ဖြစ်သည်။ အပြီးသတ်ဖြန့်ချိသည့်အခါတွင် 5X, 6P နှင့် Pixel C အပြင် Pixel, Pixel XL, Nexus 9, Nexus Player နှင့် Android One ထုတ်ကုန်များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။

ယခုဖြန့်ချိမည့် preview သည် developer များထံ ပစ်မှတ်ထား ဖြန့်ချိခြင်းဖြစ်သည်။ 7.0 beta အတွက် မှတ်ပုံတင်ထားမှုကို ပယ်ဖျက်ခြင်းမရှိသေးသူများအနေဖြင့် 7.1 beta များကို အလိုအလျောက် ရရှိမည်ဖြစ်သည်။


Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment