♪ Asus ZenPad Z8 ♫


တန်ဖိုး - ကန်ဒေါ်လာ ၂၄၉.၉၉
အားသာချက်
စွမ်းဆောင်ရည် ကောင်းမွန်ပြီး ဘက်ထရီ သုံးစွဲမှုကြာရှည်ခံကာ USB-C ကိုအသုံးပြုပြီး Battery ကို ပိုမိုမြန်ဆန်စွာနဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။
အားနည်းချက်
အရှေ့ဘက် ကင်မရာနဲ့ စပီကာကတော့ သုံးစွဲသူစိတ်တိုင်းကျ ဖြစ်နိုင်လောက်တာမျိုး မရှိတဲ့အတွက် ဒီ Tablet ရဲ့ အားနည်းချက်လို့ ပြောလို့ရပါတယ်။
သုံးသပ်ချက်
Asus ZenPad Z8 Tablet ဟာ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်တဲ့အတွက် Tablet နဲ့ အလုပ်လုပ်ကိုင် လိုသူများအတွက်တော့ အသုံးပြုသင့်တဲ့ Tablet အမျိုးအစား တစ်ခုဖြစ်ပြီး SIM Card ကိုထည့်သွင်း အသုံးပြု နိုင်တာလည်း တွေ့ရမှာ ဖြစ်ပါတယ်။
အသေးစိတ်ဖော်ပြချက်
Qualcomm MSM8956 Snapdragon 650 Chip ကို အသုံးပြုထားပြီး Processor ရဲ့အမြန်နှုန်းကတော့ 1.8 GHz ရှိမှာဖြစ်ပါတယ်။ RAM ကို 2GB ထည့်သွင်းပေးထားပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16 GB ပမာဏရှိတဲ့ Storage ပါဝင်မှာဖြစ်ပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ System ကတော့ Android 6.0 ကို အသုံးပြုထားပါတယ်။ Resolution ကတော့ 1536 x 2048 resolution ရှိမှာဖြစ်ပြီး Screen အရွယ်အစားမှာ ၇.၉ လက်မခန့် ရှိမှာဖြစ်ပါတယ်။ ဘက်ထရီ သိပ်သည်းဆကတော့ 4680mAh  ရှိမှာဖြစ်ပါတယ်။ Video ပိုင်းမှာလည်း 1080p HD Video များကိုလည်း ကြည့်ရှုနိုင်ရန် အထောက်အပံ့ ပေးထားတာကို တွေ့မြင်ရမှာပါ။ 4G Network ကို အသုံးပြုနိုင်ရန်အတွက် အထောက်အပံ့ ပေးထားတဲ့ Tablet အမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။
ဒီဇိုင်း
Asus ZenPad Z8 Tablet ဟာ အရှေ့ဘက် ကင်မရာကို Tablet ရဲ့အလယ်ဘက် နားလောက်မှာ တပ်ဆင်ပေးထားပြီး အနောက်ဘက် ကင်မရာကိုတော့ Tablet ရဲ့ညာဘက် ထောင့်နားမှာ တပ်ဆင်ပေးထားပါတယ်။ Power ခလုတ်နဲ့ အသံအတိုးအချဲ့ ခလုတ်တွေကိုလည်း Tablet ရဲ့ ညာဘက်အခြမ်းနားမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ Headphone jack ကို Tablet ရဲ့အပေါ်ဘက် အပိုင်းမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။


Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment