♪ ၁၉၉ ဒေါ်လာတန် Chromebook အသစ်ကို Acer မိတ်ဆက် ♫


တန်ဖိုးနည်းနည်းနဲ့ စွမ်းဆောင်ရည်အသင့်အတင့်လက်ပ်တော့တစ်လုံးကိုင်ချင်သူတွေအတွက် Acer က Chromebook အသစ်ကို မိတ်ဆက်လိုက်ပါပြီ။

Chromebook တွေဆိုတာ အရင်ကတည်းက တန်ဖိုးနည်းလက်ပ်တော့တွေအဖြစ် နာမည်ကျော်တဲ့ လက်ပ်တော့တွေပါ။ ဒါပေမယ့် ဒီနှစ်ပိုင်းအတွင်းမှာ HP နဲ့ Dell တို့က ဒေါ်လာထောင်ကျော်တန်တဲ့ Chromebook တွေကို ဒီဇိုင်းအလန်းစား၊ ဟာ့ဒ်ဝဲအမိုက်စားနဲ့ ထုတ်ပြလိုက်တော့ Chromebook က တန်ဖိုးကြီးလက်ပ်တော့တွေ အလိုလိုဖြစ်သွားခဲ့ပါတယ်။

ယခု Acer ရဲ့ Chromebook 15 မော်ဒယ်သစ်ကတော့ တန်ဖိုး ၁၉၉ ဒေါ်လာသာရှိပြီး၊ တန်ဖိုးအရမ်းနည်းသလို သုံးထားတဲ့ပစ္စည်းတွေကလည်း သိပ်အကောင်းကြီးတော့မဟုတ်ပါဘူး။

ပထမဆုံးတစ်ခုကတော့ စခရင်ဖြစ်ပြီး၊ ၁၅.၆ လက်မအကျယ်မျက်နှာပြင်ကို 1366×768 resolution နဲ့ ရရှိမှာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တောင် ရောက်တော့မယ့်အချိန်မျိုးမှာ RAM က 2GB ပဲ ပါရှိတာက အနည်းငယ်ပြောစရာရှိပေမယ့်၊ သာမန်သုံးအတွက်ကတော့ အဆင်ပြေဦးမှာပါ။ Chromebook တွေရဲ့ ထုံးစံအတိုင်း storage ကတော့ 16GB နည်းနည်းပဲ ပါရှိပါတယ်။ ပရိုဆက်ဆာကတော့ သိပ်မတွေ့ရတော့တဲ့ Intel Celeron N3060 ပရိုဆက်ဆာသုံးထားပါတယ်။

Chrome OS သုံးဖြစ်ကာ ဘက်ထရီသက်တမ်းအနေနဲ့ ၁၂ နာရီခံပြီး၊  USB 3.0 နှစ်ပေါက်၊ HDMI တစ်ပေါက်တို့ ပါရှိပါတယ်။ အလေးချိန်ကတော့ ၁.၉၅ ကီလိုဂရမ်သာရှိပြီး မကြာခင်ဝယ်ယူရရှိနိုင်တော့ မှာ ဖြစ်တယ်လို့ သိရပါတယ်။


Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment