♪ FIFA mobile soccer game အသစ် Play Store ပေါ်ရောက်ပြီ ♫


Android User တွေအတွက် သတင်းတစ်ကောင်းတစ်ခုပါပဲ။ နောက်ဆုံးမှာတော့ FIFA mobile soccer game အသစ်ဟာ Play Store ပေါ်ရောက်ရှိလို့လာပါပြီ။ Apple User တွေအတွက်ကတော့ FIFA mobile game တွေဟာ App Store ပေါ်မှာ နှစ်စဉ် တရားဝင်ထွက်ရှိပေမယ့် Android User တွေအတွက်တော့ အခုမှထွက်ရှိလာတာဖြစ်ပါတယ် ။

fifa-mobile-screenshot1

FIFA ရဲ့ Offical Football game ကောင်းကောင်း ကို mobile ပေါ်မှာကစားချင်သူတွေအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဂိမ်းတစ်ခုကိုဆော့ကစားနိုင်ပြီပဲဖြစ်ပါတယ်။ ကိုယ်ပိုင် အသင်း တစ်သင်းကို တည်ဆောက်ရမယ်၊ စီမံခန့်ခွဲရမယ်၊ နေ့စဉ်နဲ့အမျှ reward တွေရဖို့ daily live events တွေနဲ့ ကစားရမယ်။ Online Game ဖြစ်တာနဲ့ အညီ Android ပေါ်မှာ ကစားဖူးသမျှ ဘောလုံး ဂိမ်းတွေအားလုံးထက် ပိုမိုသာလွန်ကောင်းမွန်ပြီး စိတ်လှုပ်ရှားစရာကောင်း တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Size ကလည်း 100MB မပြည့်တဲ့ အတွက် Download ချရတဲ့ ပမာဏထက် ပိုတဲ့ Feature အစုံကို ဆော့ကစားရမှာဖြစ်ပါတယ်။

fifa-mobile-screenshot2

လိဂ် (၃၀) ကျော် ၊ Real Team (၆၅၀) ကျော် နဲ့ Real Player (၁၇၀၀၀) ကျော်ပါဝင်ပါတယ်။ Season, League, Attack Mode နဲ့ Live Events တွေကို မရိုးတမ်းကစားရမှာဖြစ်ပါတယ်။ Global football community မှာ Social အတွေ့အကြုံရဖို့အတွက် ကစားသမားအချင်းချင်း စကားပြောတာတို့ လက်ဆောင်ပို့ တာတို့လည်းပြုလုပ်နိုင် ပါတယ်။ လက်ရှိမှာတော့ ဒီ ဂိမ်းကို Play Store ပေါ်မှာ အခမဲ့ရယူနိုင်ပေမယ့် EA sports game တွေရဲ့ ထုံးစံအတိုင်းပဲ in-app purchases တွေတော့ရှိနေပါတယ်။ အောက်က Link မှာ အခမဲ့ ရယူနိုင်ပါတယ်။

Download FiFa Mobile Soccer Here



Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

1 comments:

Post a Comment