ဆမ်ဆောင်း Galaxy Note 7 ဖုန်းများ အသိမ်းခံရပြီး ကိုရီးယားနိုင်ငံတွင် ပြန်လည်ရောင်းချ

samsung-galaxy-note-7-colors-970-80


ဆမ်ဆောင်း Galaxy Note 7 ဖုန်းတွေ ဘက်ထရီမီးလောင်လို့ ပြန်သိမ်းခဲ့ရအပြီး တောင်ကိုရီးယားနိုင်ငံမှာ Galaxy Note 7 ဖုန်းတွေကို အောက်တိုဘာ ၁ ရက်နေ့ကစပြီး ပြန်လည်ရောင်းချပါတယ်။

Galaxy Note 7 ဖုန်းသစ်တွေ ဘက်ထရီအားသွင်းချိန်နဲ့ အားသွင်းပြီးချိန်မှာ မီးလောင်တဲ့ပြဿနာတက်ခဲ့တာပါ။

အဲဒီပြဿနာမတက်ခင် Galaxy Note 7 ဖုန်းတွေကို ကမ္ဘာတ၀န်း အလုံးရေ ၂ သန်းခွဲ လောက် ရောင်းချခဲ့ပြီးဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာတော့ ရောင်းချပြီး Galaxy Note 7 ဖုန်း ၈၀ ရာခိုင်နှုန်း လောက် ကုမ္ဗဏီကပြန်လဲပေးခဲ့ပါတယ်။

ဥရောပနဲ့ မြောက်အမေရိကားမှာတော့ အဲ့လောက် အရေအတွက်မများပေမယ့် ရောင်းပြီးသား Galaxy Note 7 ဖုန်းတွေ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကျော်ကို ပြန်လဲပေးခဲ့တယ်လို့ ကုမ္ဗဏီနဲ့ နီးစပ်တဲ့သတင်းတွေက ဆိုပါတယ်။

ဒါပေမယ့်လည်း အဲ့ဒီဖုန်းတွေကို ပြန်လဲလှယ်သူ ၉၅ % ဟာ ဆမ်ဆောင်ဖုန်းတွေကိုပဲ ပြန်ရွေးချယ်ခဲ့ကြတဲ့အတွက် ဒါ ဆမ်ဆောင်း ပရိသတ်ခိုင်မာမှုကို ပြသနေတယ်လို့လည်း ကုမ္ဗဏီကပြောဆိုပါတယ်။

အခုလို ဖုန်းတွေ ဘက်ထရီပြဿနာတက်ခဲ့တာကြောင့် ပြိုင်ဖက် Apple ကုမ္ဗဏီရဲ့အသစ်ထုတ်တဲ့ iPhone 7 ဖုန်းထက် အရောင်း တလ နောက်ကျခဲ့ရပါတယ်။

လေကြောင်းလိုင်းအများ အပြားဟာလည်း Galaxy Note 7 ဖုန်းဘက်ထရီတွေနဲ့ပတ်သက်ပြီး လုံခြုံရေးသတိပေးချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။


DVB Burmese


0 comments:

Post a Comment