♪ “တရုတ် စမတ်ဖုန်းထုတ်လုပ်သူGionee က P7 Max ကိုမိတ်ဆက်” ♫


တရုတ်နိုင်ငံရဲ့ စမတ်ဖုန်းထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်တဲ့ Gionee က စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ Gionee P7 Max လို့ အမည်ပေးထားပါတယ်။ Gionee P7 Max မှာMediaTekရဲ့ 2.2GHz Processor တပ်ဆင်ထားတဲ့ MT6595 Chipset ထည့်သွင်းထားပါတယ်။

၅.၅ လက်မ HD IPS Display တပ်ဆင်ထားပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ 267 ဖြစ်ပါတယ်။ 3GB RAM, 32GB Internal Storage ထည့်သွင်းပေးထားပါတယ်။ အနောက်ဘက်မှာ 13 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Selfie Camera များတပ်ဆင်ထားပါတယ်။ အနောက်ကင်မရာက Full HD Video များကို ရိုက်ကူး ပေးနိုင်ပါတယ်။

Android 6.0 Marshmallow ကိုအခြေပြုထားတဲ့ Amigo UI 3.2 OS မောင်းနှင် မှာဖြစ်ပါတယ်။ SIM Card နှစ်ခုထည့်သွင်းအသုံးပြုနိုင်ပါတယ်။ 3100mAh Battery တပ်ဆင်ထားပါတယ်။ လက်ရှိမှာ ရွှေရောင်တစ်မျိုးတည်းကိုသာ ထုတ်လုပ်ပေးထားပါတယ်။ Wi-Fi 802.11 b/g/n, Wi-Fi Direct, hotspot တို့ကို အသုံးပြုနိုင်ပါတယ်။ 

Gionee P7 Max ကိုလက်ရှိမှာနီပေါမှာ ၀ယ်ယူနိုင် ပါတယ်။ နီပေါ ရူပီး ၂၁၉၉၉ သတ်မှတ် ထားပြီးလက်ရှိငွေလဲလှယ်နှုန်းအရ အမေရိကန် ဒေါ်လာ ၂၀၅ နဲ့ ညီမျှပါတယ်။ Gionee P7 Max ကိုအခြား နိုင်ငံ များမှာရောင်းချမယ့် နေ့ရက်နဲ့ ဈေးနှုန်းကိုကုမ္ပဏီက ကြေညာခြင်းမရှိသေး ပါဘူး။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment