♪ Google ရဲ့ ဥာဏ်ရည်မြင့် Allo Messenger ♫

1

Google က ဥာဏ်ရည်မြင့် Allo Messenger ကို ဖြန့်ချီပေးလိုက်ပါတယ်။ အခြား Messenger များမှာ မပါတဲ့ သူ့ရဲ့ အဓိက စွမ်းရည်မှာ Google Assistant လို့ခေါ်တဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ဖြစ်ပါတယ်။ Google Assistant ကို မေးခွန်းများမေးနိုင်ပါတယ်။ ဘာသာပြန်ခိုင်းခြင်း၊ Alarm, Timer များ သတ်မှတ်ခိုင်းခြင်း၊ အားကစားပွဲ သတင်း၊ ပွဲချိန်၊ ရလဒ်များ မေးခြင်း၊ သတင်းများ ပြသခိုင်းခြင်း၊ ရာသီဥတု အခြေအနေများ မေးခြင်း ၊ သင့် အနားမှ စားသောက်ဆိုင်များ၊ ပွဲများ မေးခြင်း၊ အီးမေးများ ပြသခိုင်းခြင်း စတာတွေကို မေးမြန်း ခိုင်းစေနိုင်ပါတယ်။ သူနဲ့ တိုက်ရိုက် စကားပြောနိုင်သလို သူငယ်ချင်းများနဲ့ စကားပြောနေစဉ်မှာလည်း သူ့အား မေးခွန်းများ မေးနိုင်ပါတယ်။ အခြား Messenger များမှာလို ဓါတ်ပုံ၊ စတစ်ကာ ၊ Emoji များ၊ Voice Message များ ပေးပို့နိုင်ပါတယ်။

Allo ကို ပထမဆုံးအကြိမ်ဖွင့်ရင် သင့်ရဲ့ ဖုန်းနံပါတ်ကို ထည့်ပေးပြီး မှတ်ပုံတင်ရမှာပါ။ Verification Code ၀င်လာမှာ ဖြစ်ပြီး အလိုအလျှောက် ကွက်လပ်မှာ ဖြည့်ပေးမှာပါ။ Next ကို နှိပ်ပါ။ နောက်အဆင့်မှာ Profile Photo ရိုက်ခိုင်းပါတယ်။ Gallery ထဲမှ ပုံကိုလည်း ရွေးနိုင်ပါတယ်။ ပြီးရင်တော့ Home Screen ကို ရောက်ရှိမှာပါ။ Home Screen မှာ Google Assistant ကို ပြသထားပါတယ်။ သူ့ကို နှိပ်ရင် သင့်ရဲ့ မေးခွန်းများကို ဖြေဖို့ သင့်ရဲ့ တည်နေရာကို ရယူမယ်လို့ သူက ပြောပါတယ်။ Ok, go on ကို နှိပ်ပါ။
နောက်အဆင့်မှာ သူက သူလုပ်နိုင်တဲ့ အရာများကို ပြသပေးပါတယ်။ နောက်ပိုင်းမှာလည်း “ What can you do?” မေးလိုက်ရင် အဲဒီအရာများကို ပြသပေးပါတယ်။

၁။ ဥပမာအားဖြင့် Going out ကို နှိပ်ပါ။

1

၂။ အောက်ခြေမှာ “ Restaurants near me “ , “ Nearby events “ စတဲ့ Followup မေးခွန်းများကို သင့်အတွက် အလိုအလျှောက် ပြသမှာပါ။

2

၃။ “ Restaurants near me “ ကို နှိပ်ရင် သင့်အနားမှ စားသောက်ဆိုင်များကို ပြသပါတယ်။ စားသောက်ဆိုင်တစ်ခုကို နှိပ်ရင် သူ့ရဲ့ တည်နေရာ၊ ဖုန်းနံပါတ်၊ Google Search Result များကို ဆက်လက်ပံ့ပိုးပေးပါတယ်။

3

၎။ Translate hello in thai လို့ မေးလိုက်ရင် ထိုင်း စာသားကို ပြသပေးမှာပါ။ စာသားကို နှိပ်ရင် ဘရောက်စာကနေ Google Translate ၀က်ဆိုက်ကို ဖွင့်ပေးပါတယ်။ အသံထွက်ကို နားဆင်ဖို့ စပီကာအိုင်ကွန်ကို နှိပ်ပါ။

4

၅။ What about tomorrow weather လို့ မေးလိုက်ရင် မနက်ဖြန်အတွက် ရန်ကုန်ရဲ့ အပူချိန်နဲ့ ရာသီဥတုအခြေအနေကို ပြသပေးမှာပါ။

5

Set alarm in 5 minutes လို့ ခိုင်းလိုက်ရင် Alarm သတ်မှတ်ပေးမှာပါ။
၆။ အခြား သူငယ်ချင်းများနဲ့ စကားပြောဖို့ Home Screen ရဲ့အောက်ခြေမှ Message Button ကို နှိပ်ပါ။ နောက်အဆင့်မှာ သင့်ဖုန်းမှ Contacts များကို ပြသမှာပါ။ Invite ကို နှိပ်ရင် SMS ကနေ Allo ကို သုံးဖို့ ဖိတ်ကြားပေးမှာပါ။ ဖိတ်ကြားတဲ့ စကရင်ရဲ့ ထိပ်မှာ Group Chat ပြုလုပ်နိုင်ပါတယ်။ Incognito Mode ကတော့ သူငယ်ချင်းတစ်ယောက်နဲ့ ပြောထားတဲ့ စကားများကို အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ဖျက်ပေးမှာပါ။ သူငယ်ချင်းများနဲ့ စကားပြောနေစဉ်မှာ လက်ထောက်ကို မေးချင်ရင် မေးခွန်းအရှေ့မှာ @google လို့ ရိုက်ပေးရမှာပါ။ Incognito Mode မှာ ဒေတာများကို လျှို့ဝှက်ထားမှာ ဖြစ်တဲ့အတွက် လက်ထောက်ကို ဆင့်ခေါ်လို့ မရပါဘူး။

6

Google Assistant ကို What can you do? လို့ မေးလိုက်ပြီး ဂိမ်းထဲသွားရင် သူနဲ့ ဂိမ်းဆော့နိုင်ပါသေးတယ်။ Allo ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် စွမ်းရည်ဟာ အခြား Messenger များမှာ မပါသေးတဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခုပါ။ လက်ထောက်ကို မေးနိုင်၊ ခိုင်းနိုင်တဲ့ အလုပ်များစွာ ရှိပေမယ့် ဒီ Tutorial မှာ ဥပမာအနေနဲ့ အနည်းငယ်သာ ပြောပြထားပါတယ်။ သူ့ကို ခိုင်းနိုင်တဲ့ အလုပ်များကို Google မှာ ရှာဖွေနိုင်ပါတယ်။ နောက်ပိုင်းမှာလည်း လက်ထောက်ရဲ့ စွမ်းရည်ဟာ ပိုမို တိုးတက်လာမှာပါ။ Allo ကို အောက်ပါ Link ကနေ ရယူနိုင်ပါတယ်။
https://goo.gl/BpnLzm
 
 

Credit to ==> Myanmar Digital Life Journal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment