♪ (၂၀၁၇) မတ်လမှာ iPad Mini 5 ထွက်မယ်ဆိုတဲ့ ကောလာဟလ များထွက်ပေါ် ♫


စက်တင်ဘာ (၇) ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ Apple event မှာ iPad အသစ်ထွက်ရှိဖို့ နဲ့ပတ်သတ်ပြီး ဘာတစ်ခုမှ မကြေညာခဲ့တဲ့အတွက် iPad Mini 5 ကို ယခုနှစ်အတွင်း ထုတ်လုပ်ဖွယ်မရှိတော့ဘဲ (၂၀၁၇) မတ်လ မှသာ ထွက်ရှိနိုင်မယ် ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေတယ်လို့ သိရပါတယ် ။

အခုနှစ် မတ်(၃၁) ရက်နေ့မှာ iPad Pro ထွက်ရှိခဲ့တဲ့အတွက် အခုထွက်ပေါ်နေတဲ့ ကောလာဟလ ရဲ့ အချိန်ကာလ (၂၀၁၇) မတ်လ ဟာ iPad Pro Line up ဖြစ်နေတဲ့အတွက် iPad Mini 5 (iPad Mini Pro) မဟုတ်ဘဲ iPad Pro Mini (ဒါမှမဟုတ်) iPad Pro 2 လည်းထွက်လာနိုင်ချေရှိပါတယ်။

iPad Mini မျိုးဆက်အသစ်အဖြစ် ထွက်ရှိလာပါက မျက်နှာပြင် (၇.၉) လက်မ အကျယ်နဲ့ ထွက်ရှိလာဖွယ်ရှိပြီး iPad Pro မျိုးဆက်အသစ်အဖြစ် ထွက်ရှိလာရင်တော့ (၁၀.၁) လက်မ အကျယ်နဲ့ ထွက်ရှိလာဖွယ်ရှိတယ် လို့ ခန့်မှန်းကြပါတယ်။ iPad အသစ် ကို iOS အသစ် iOS 11 နဲ့ထွက်ရှိလာဖွယ်ရှိပြီး 3D Touch Panel  နည်းပညာလည်းပါဝင် လာမယ်လို့ ဆိုပါတယ် ။ Processer အဖြစ် A10 chip ကိုအသုံးပြုပြီး RAM 2GB နဲ့ ထွက်ရှိ လာနိုင်ပါတယ် ။ ဈေးနှုန်းအနေနဲ့ 16GB အတွက် (၃၉၉) ဒေါ်လာနဲ့ 32GB အတွက် (၄၅၀) ဒေါ်လာ ကျလင့်လောက်တယ်လို့ ခန့်မှန်းထားကြပြီး 64GB နဲ့ 128GB အတွက်ကိုတော့ ခန့်မှန်းထားခြင်းမရှိသေးတာကို တွေ့ရပါတယ် ။

နည်းပညာလောကထဲက လေ့လာသုံးသပ်သူပညာရှင်တွေခန့်မှန်းပြောဆိုလေ့ရှိတဲ့ ကောလာဟလတွေဟာ အမြဲ လိုလိုမှန်တတ်ပေမယ့် အခုထွက်ပေါ်လာတဲ့ ကောလာဟလတွေဟာ အရမ်းကို စောလွန်းနေသေးတဲ့ အတွက် မှားယွင်းနိုင်ဖွယ်လည်းရှိနေပါတယ်။ အချိန်နဲ့ အမျှ ကောလာဟလပေါင်းစုထွက်ရှိနေပြီး ဘယ်ဟာ မှန်မလဲဆိုတာကတော့ တကယ်ထွက်တော့မှပဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ် ။


Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment