♪ “LG Stylus 2” ♫


၂၀၁၆ မေလတွင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာသော LG Stylus 2 သည် LG နဲ့မတူသော ပုံစံကို ရှေးဦးစွာ မြင်ရမှာပါ။ ပါးလွှာပြီး ပေါ့ပါးသော design ပုံစံ နဲ့အတူ ဦးစွာထွက်ရှိခဲ့သော LG G3 Stylus မှ LG G4 stylus ၊ LG G4 Stylus မှ ယခု Stylus II တွင် pen သည် G4 stylus ရဲ့ pen ထက် ပို၍ သေးသွယ်ပြီး အနုစိတ်လာတာကို တွေ့မြင်ရမှာပါ။

Stylus pen ၏ လုပ်ဆောင်ချက်တွေက လည်း ပိုမိုများပြားကောင်းမွန်လာတာကို တွေ့မြင်ရမှာဖြစ်ပြီး phone နှင့် pen ဝေးကွာသွားရင် တောင် အချက်ပြတဲ့စနစ် ပါဝင်လာမှာဖြစ်ပါတယ်။ HD display ၅.၇ လက်မ မျက်နှာပြင်ကြောင့်လည်း ကြည်လင်ပြတ်သားသော အမြင်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Camera မှာ Rear အတွက် 13 MP နှင့် Selfie အတွက် 8MP ပါဝင်ထားသောကြောင့် ခေတ်နဲ့အညီမနိမ့်သော megapixel တို့ကို တွေ့မြင်ရမှာပါ။

စိတ်ရှိတိုင်း APK တို့ကို ထည့်သွင်းနိုင်ဖို့ အတွက်လည်း 2G RAM နှင့် 16 GB internal ROM တို့ပါဝင်တယ်။ Micro SD ထပ်စိုက်နိုင်မှုက သုံးစွဲသူတို့၏ စိတ်ကို ကျေနပ်မှုပေးစွမ်းနိုင်မှာပါ။ Removal Battery 3,000 mAh ပါဝင်မှုကြောင့်လည်း အဆင်ပြေစေမှာပါ။ Dual SIM နှစ်ခုစလုံးကို 4G supporting ပေးမှုကြောင့်လည်း တိုးမြှင့်လာသော Internet အမြန်နှုန်းအတိုင်း စိတ်ကျေနပ်စွာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ LG မှာ များပြားပြီး စမတ်ကျတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားပါတယ်။

သင့်ရဲ့အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပြီး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း အထောက်အကူပြုစေပါ လိမ့်မယ်။ သူ့မှာ ပါဝင်တာတွေကတော့ Smart Notice, Smart Bulletin 2.0, Air Drive, Event Pocket, Snap Page, Ringtone ID, LG Health, Smart Settings တို့ပဲဖြစ်ပါတယ်။ Android 6.0 (Marshmallow) အပေါ်မှာ ဆန်းသစ် ထားတဲ့ UI ဒီဇိုင်းဟာ LG သုံးစွဲသူတွေအတွက် သီးသန့်ဖြစ်ပါတယ်။ Screen ရဲ့ အလင်းအားထုတ်လွှင့်မှုဟာ ဘက်ထရီစွမ်းအား ချွေတာမှုအတွက်ကို လည်း ထောက်ပံ့ပေးပါတယ်။

<Specification>
Network - GSM/ HSPA/ LTE
Memory - 16 GB
CPU - Quad Core 1.2 GHz
Camera - 13MP
Screen - 5.7 inches
OS - Android OS, v6.0
Contact - 09-73171213

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment