Mi 5s နှင့် Mi 5s Plus တို့အတွက် အမှာ ၃ သန်း Xiaomi ရရှိထား

https://inmya.com/sites/default/files/styles/news_gallery_style/public/xiaomi-mi5s-2_inmya.jpg?itok=-idreEut


Xiaomi ဟာ ပြီးခဲ့တဲ့ကြားရက်တုန်းက သူတို့ရဲ့ စမတ်ဖုန်းသစ်တွေ ဖြစ်ကြတဲ့ Xiaomi Mi 5s နှင့် Mi 5s Plus တို့ကို မိတ်ဆက်ခဲ့ပါတယ်။ Mi 5s နှင့် Mi 5s Plus တို့ဟာ မိတ်မဆက်ခင်ကတည်းက လူစိတ်ဝင်စားခြင်းခံရပြီး ၀ယ်ယူလိုကြောင်း မှတ်ပုံတင်သူ နှစ်သန်းနီးပါးရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ သုံးသန်းအထိ မြင့်တက်လာခဲ့တာ တွေ့ရပါတယ်။ တကယ်တော့ ၀ယ်ယူလိုကြောင်း မှတ်ပုံတင်တယ်ဆိုတာ တကယ် ၀ယ်ယူတာ မဟုတ်သေးပါ ဘူး။ 

ဝယ်ယူဖို့ စိတ်ဝင်စားတယ်ဆိုတဲ့အဆင့်လောက်မှာပဲ ရှိပါသေးတယ်။ ဒါပေမယ့်လည်း တကယ်တမ်းမှာ လည်း Xiaomi Mi 5s နှင့် Mi 5s Plus တို့ကို ပရိသတ်တွေက တော်တော်လေး အကြိုက်တွေ့ကြပါတယ်။ နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းအရ Xiaomi Mi 5s နှင့် Mi 5s Plus အတွက် Xiaomi ဟာ ကြိုတင်အမှာ ၃ သန်းအထိ ရရှိထားပြီဖြစ်ကြောင်း သိရပါတယ်။ 

အထက်မှာ ပြောခဲ့သလို ကြိုတင်အမှာဆိုတာကတော့ မှတ်ပုံ တင်သလိုမျိုးမဟုတ်ပါဘူး။ တကယ်တမ်း ၀ယ်ယူကြမယ့်သူ ဖြစ်ပါတယ်။
 
Xiaomi Mi 5s နှင့် Mi 5s Plus တို့အတွက် ကြိုတင်အမှာ ၃ သန်းရရှိထားကြောင်းကို Xiaomi ကိုင်တိုင်က အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ်။

Xiaomi Mi 5s နှင့် Mi 5s Plus တို့ကို ဘာကြောင့် လူတွေ ဒီလောက် စိတ်ဝင်စားကြသလဲ?

Xiaomi Mi 5s နှင့် Mi 5s Plus တို့က Qualcomm ကဖန်တီးလိုက်တဲ့ Ultrasonic Fingerprint ပထမဆုံး ပါ ၀င်တဲ့ ဖုန်းတွေ ဖြစ်ကြလို့ ဖြစ်ပါတယ်။ ဒါ့အပြင် Mi 5s Plus မှာ ကျောဘက်ကင်မရာနှစ်ခု ပါဝင်ပြီး Sony ရဲ့ ကင်မရာဆင်ဆာကို အသုံးပြုထားတာကြောင့် ကျောဘက်ကင်မရာနှစ်ခု ဈေးကွက်မှာ Huawei P9 နှင့် iPhone 7 Plus တို့ရဲ့ တိုက်ရိုက်ပြိုင်ဘက်ကောင်း ဖြစ်လာဖို့ သေချာနေပါတယ်။  Xiaomi Mi 5s Plus က မျက် နှာပြင် ၅.၇ လက်မရှိပြီး 13 MP ရှိ ကျောဘက်ကင်မရာနှစ်ခုစနစ်ကို အသုံးပြုထားတာပါ။ Huawie P9 လိုပဲ တစ်ခုက ကာလာကင်မရာဖြစ်ပြီး ကျန်တစ်ခုက အဖြူ/အမည်းဖြစ်ပါတယ်။ Mi 5s မှာတော့ ကျောဘက်ကင်မ ရာနှစ်ခုပဲ ပါဝင်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးကို Qualcomm က နောက်ဆုံး ထုတ်လုပ်ထားတဲ့ Snapdragon 821 နှင့် အထိုင်ချထားသေးတယ်။

Xiaomi Mi 5s ရဲ့ RAM3GB/ROM 64GB အမျိုးအစားက ဈေးနှုန်း ဒေါ်လာ ၂၉၉ ဖြစ်ပြီး RAM4GB/128GB အ မျိုးအစားက ဒေါ်လာ ၃၄၄ ဖြစ်ပါတယ်။ Xiaomi Mi 5s Plus ရဲ့ RAM4GB/ROM64GB အမျိုးအစားက ဒေါ် လာ ၃၅၀ ဖြစ်ပြီး RAM6GB/ROM128GB အမျိုးအစားက ဒေါ်လာ ၃၉၀ ဖြစ်ပါတယ်။

Xiaomi ဟာ လက်ရှိအချိန်တွင် Mi 5s နှင့် Mi 5s Plus တို့ကို အွန်လိုင်းကနေ စတင်ရောင်းချနေပြီဖြစ်ပါတ





0 comments:

Post a Comment