♪ " MPT Sim Card များကို အွန်လိုင်းမှတဆင့် မှတ်ပုံတင်ခြင်းများပြုလုပ်နိုင် " ♫


၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်ပြီး MPT ရဲ့ Customer Self-Care အွန်လိုင်းစာမျက်နှာမှာ မိုဘိုင်းဖုန်း သို့မဟုတ် ကွန်ပျုတာများအသုံးပြုကာ MPT Sim Card တွေကို မှတ်ပုံတင်ခြင်းဆိုင်ရာတွေ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ 
 
 မကြာမီရက်များအတွင်း MPT မှပေးပို့မယ့် SMS ရရှိသော သုံးစွဲသူများဟာ SMS ပါ link ကနေ Customer Self-Care အွန်လိုင်းစာမျက်နှာမှာ ပထမဦးစွာ Account Sign up ပြုလုပ်ရမှာဖြစ်ပြီး ထိုမှတဆင့် log in ဝင်ကာ Sim Card တွေကို မှတ်ပုံတင်ခြင်းတွေ ပြုလုပ်နိုင်မှာပါ။MPT SIM Card ဖုန်းနံပါတ်ဖြင့် Customer Self-Care သို့ ဝင်ရောက်ပြီးချိန်တွင် အွန်လိုင်းမှတ်ပုံတင်ခြင်း စတင်ပြီးဖြစ်ကြောင်း အသိအမှတ်ပြုတဲ့ SMS ကို ပေးပို့သွားပါလိမ့်မယ်။
 
အွန်လိုင်းကနေ မှတ်ပုံတင်ခြင်းပြုလုပ်ရာမှာ မိမိတို့၏ ရှင်းလင်းပြတ်သားသော နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် နိုင်ငံခြားသားဖြစ်ခဲ့ပါက နိုင်ငံကူးလက်မှတ် မိတ္တူ သို့မဟုတ် Scan ဖတ်ထားသောပုံကို အဆင်သင့်ပြုလုပ်ထားရန် လိုအပ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သုံးစွဲသူများအနေဖြင့် အွန်လိုင်းစာမျက်နှာတွင် မှတ်ပုံတင်ခြင်းကို အဆင့်ဆင့် ပြုလုပ်နိုင်ပါပြီ။
 
MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ SIM ကတ်များ မှတ်ပုံတင်ထားခြင်းရှိမရှိကိုလည်း MPT ရဲ့ Customer Self-Care စာမျက်နှာတွင် ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။
 
www.mpt.com.mm/en/contact-us/where-to-find-us/ (အင်္ဂလိပ်ဘာသာဖြင့်)
http://www.mpt.com.mm/my/contact-us/where-to-find-us/ (မြန်မာဘာသာဖြင့်)
 

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment