Note အမှတ်တံဆိပ်ကို ဖျက်သိမ်းရန် Samsung စဉ်းစားနေဟုဆို

စမတ်ဖုန်းများကို ပြန်လည်သိမ်းဆည်းခဲ့ရပြီးနောက် Samsung က Note အမှတ်တံဆိပ်ကို ဖျက်သိမ်းရန် စဉ်းစားနေကြောင်း ရုရှားဆိုက် Hi Tech Mail.ru မှ ဖော်ပြခဲ့သည်။

Samsung အနေဖြင့် အပြစ်အနာအဆာရှိသော စမတ်ဖုန်းများကြောင့် အနုတ်လက္ခဏာဆောင်သည့် သဘောထားအမြင်များကို လက်ခံရရှိနေကြောင်း၊ Samsung မှ ကောက်ခံခဲ့သော စစ်တမ်းတစ်ခုတွင် ၅၀ ရာခိုင်နှုန်းကျော်ခန့်က Note အမှတ်တံဆိပ်အပေါ် အနုတ်လက္ခဏာဆောင်သည့် အမြင်များဖြင့် ဖြေကြားခဲ့ကြောင်း သိရသည်။

Galaxy Note 7 အပေါ် အနုတ်လက္ခဏာဆောင်သည့် သဘောထားအမြင်များသည် တောင်ကိုရီးယားတွင်ပင် သိသာစွာ ပြောင်းလဲလာခဲ့သည်။ Konan Technology မှ အချက်အလက်များအရ အနုတ်လက္ခဏာဆောင်သည့် သဘောထားအမြင်များသည် အောက်တိုဘာလတွင် ၅၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဖုန်းကိုစတင်ဖြန့်ချိသည့် သြဂုတ်လကထက် ၃၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ အပေါင်းလက္ခဏာဆောင်သည့် အမြင်များမှာလည်း သြဂုတ်လတွင် ၆၂ ရာခိုင်နှုန်းရှိရာမှ အောက်တိုဘာလတွင် ၄၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

လတ်တလော ထွက်ပေါ်လာသော သတင်းများတွင်မူ Samsung အနေဖြင့် Galaxy S8 ဗားရှင်းနှစ်မျိုးကို ဖေဖော်ဝါရီ လကုန်ပိုင်းတွင် မိတ်ဆက်ရန် စီစဉ်နေကြောင်း ဖော်ပြခဲ့သည်။ Galaxy S8 ကို ပုံမှန်အမျိုးအစားနှင့် phablet အမျိုးအစားဟူ၍ ရရှိနိုင်မည်ဖြစ်ပြီး Galaxy S8 Plus တွင် S Pen အထောက်အပံ့ ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။

Ref: BGR
Credit Internetjournal

သီဟထိုက်(ဆွေသဟာMobile)
www.thihahtike.com

0 comments:

Post a Comment