♪ မော်ဒယ်မြင့်ဖုန်းတိုင်းလိုလိုမှာပါဝင်တဲ့ OIS နည်းပညာကို Pixel ဖုန်းမှာ Google ဘာလို့ မသုံးခဲ့တာလဲ ♫


ပထမဆုံး Google တံဆိပ်နဲ့ ထွက်ရှိလာတဲ့ Pixel နဲ့ Pixel XL ဖုန်းတွေဟာ စမတ်ဖုန်းတွေထဲမှာ ကင်မရာအကောင်းဆုံးစမတ်ဖုန်းဖြစ်တယ်လို့ Google က မိတ်ဆက်ပွဲမှာ ကြွေးကြော်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဖုန်းမှာ OIS လို့ ခေါ်တဲ့ optical image stabilization နည်းပညာမပါဝင်ဘူးလို့လည်း ဆိုတာကြောင့် စမတ်ဖုန်းပရိတ်သတ်တွေ ခေါင်းစားခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ OIS နည်းပညာဟာ ဒီဘက်ခေတ် မော်ဒယ်မြင့်ဖုန်းတိုင်းလိုလိုမှာ ပါဝင်နေတဲ့ နည်းပညာဖြစ်ပြီး၊ လက်တုန်ခါမှုကြောင့်ဖြစ်တဲ့ ပုံရိပ်ဝါးမှုတွေကို အဓိကလျော့ချပေးတဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။

ဒီလိုအသုံးဝင်တဲ့နည်းပညာတစ်ခုကို Pixel ဖုန်းမှာ မထည့်သွင်းထားဘူးဆိုတော့ သုံးစွဲသူပရိတ်သတ်တွေ ထင်ယောင်ထင်မှားဖြစ်တာလည်း မမှားဘူးလို့ ဆိုရမှာပါ။

ဒါပေမယ့် ယခုအခါမှာတော့ Google ရဲ့ ကင်မရာဌာနဝန်ထမ်းတစ်ဦးက OIS နည်းပညာမပါဝင် ရတဲ့အကြောင်းရင်းကို Pixel ဖုန်းအတွက် သီးသန့်ဆောက်ပေးထားတဲ့ဖိုရမ် တစ်ခုမှာ သေချာရှင်းပြသွားခဲ့ပြီး၊ ကင်မရာအရည်အသွေးပိုကောင်းစေဖို့အတွက် OIS ကို စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်လို့ ရှင်းပြသွားခဲ့ပါတယ်။
ပထမဦးဆုံး Google ဝန်ထမ်းရဲ့ ရှင်းပြချက်ကို မဖော်ပြမီ OIS နည်းပညာအကြောင်း အနည်းငယ်အရင်ဖော်ပြပါမယ်။

Optical Image Stabilization လို့ ခေါ်တဲ့နည်းပညာဟာ ကင်မရာလှုပ်ရှားမှုကြောင့် ပုံရိပ်ဝေဝါးမှုကို အဓိကလျော့ချပေးတဲ့ နည်းပညာတစ်ခုဖြစ်ပြီး၊ ကင်မရာတွေမှာတင်မက၊ သာမန်မှန်ပြောင်းတစ်ချို့နဲ့ အာကာသကြည့်မှန်ပြောင်းတွေမှာပါ တွေ့ရတတ်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ အခုဆိုရင်တော့ စမတ်ဖုန်းတွေမှာပါ ဒီနည်းပညာက တွင်ကျယ်နေပါပြီ။

what-is-ois-stabilization-4

OIS မှာ အဓိကအားဖြင့် lens-based နဲ့ sensor based ဆိုပြီး နှစ်မျိုးရှိကာ Lens based စနစ်က DSLR ကင်မရာတွေမှာ အတွေ့များပါတယ်။ sensor based ကိုတော့ စမတ်ဖုန်းတွေမှာ အတွေ့များပါတယ်။ Lens based က lens နဲ့ sensor ကြားမှာ optical image stabilizer တစ်ခုသက်သက်ပါဝင်ပြီး၊ အလင်းဝင်လမ်းကြောင်းနဲ့ ဆန်ဆာနဲ့ကို တုန်ခါမှုရှိရင်တောင် တစ်ဖြောင့်တည်းဖြစ်နေအောင် ပြုလုပ်ပေး ပါတယ်။ ကင်မရာကတုန်ခါမှုရှိလားဆိုတာကို သိဖို့ ချစ်ပ်တစ်ခုသက်သက်ပါဝင်ပါတယ်။ ဒီနည်းပညာက စမတ်ဖုန်းတွေလို နေရာလွတ်သိပ်မရှိတဲ့ ပစ္စည်းတွေအတွက် အဆင်မပြေပါဘူး။

ois

ဒီအတွက်ကြောင့် စမတ်ဖုန်းမော်ဒယ်မြင့်တွေမှာ sensor based ကို သုံးကြပါတယ်။ ဒီကောင်ကတော့ Lens က ရွေ့ပေးတာမဟုတ်ဘဲ၊ ပုံရိပ်ဖမ်းတဲ့ဆန်ဆာက လိုက်ရွေ့ပေးတာဖြစ်ပါတယ်။ ဒီနည်းပညာရဲ့ ကောင်းကွက်က lens တိုင်းလိုလို အလုပ်ဖြစ်ပြီး၊ focal length ကိုလည်း ဆန်ဆာက အလိုအလျောက်ညှိပေးနိုင်ပါတယ်။ ဒီနည်းပညာက ကင်မရာကြီးတွေလောက် နေရာလွတ်မများတဲ့ စမတ်ဖုန်းတွေအတွက် အသင့်တော်ဆုံးပါပဲ။

ထူးခြားချက်က Google က အသစ်မိတ်ဆက်လိုက်တဲ့ Pixel ဖုန်းတွေမှာ ဒီလို OIS နည်းပညာမပါဘဲ၊ EIS (Electronic Image Stabilization) ပဲ ပါဝင်ပါတယ်။ EIS နည်းပညာက ဓာတ်ပုံရိုက်ရင် အလုပ်မဖြစ်ဘဲ၊ ဗီဒီယိုတွေအတွက်ပဲ အလုပ်ဖြစ်ပါတယ်။

Google ဝန်ထမ်းရဲ့ ရှင်းပြချက်အရတော့ OIS ဟာ အလင်းရောင်နည်းတဲ့အချိန်မှာ exposure ကောင်းကောင်းရတဲ့အတွက် low light photography တွေအတွက် ကောင်းပေမယ့်၊ exposure ကြာတာကြောင့် ဗီဒီယိုရိုက်တဲ့အခါ လှုပ်ရှားမှုမှုန်ဝါးတာတွေ ပိုဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ့အပြင် ဆန်ဆာလှုပ်ရှားမှုလုပ်ပေးမယ့် ချပ်ပ်တွေလည်း လိုတာကြောင့် နေရာကလည်း အနည်းငယ်ယူပြီး၊ Pixel လို သေးငယ်ပါးလျတဲ့ဖုန်းမျိုး ထုတ်ဖို့အတွက် ဒီနည်းပညာကို စွန့်လွှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

OIS မပါပေမယ့်၊ Pixel ဟာ အလင်းနည်းတဲ့အနေအထားမှာလည်း ပုံကောင်းကောင်းထွက်အောင် ရိုက်ကူးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ OIS မော်ဂျူးသက်သက်ပါတဲ့ တခြားစမတ်ဖုန်းတွေထက်တောင် ပုံထွက်ကောင်းတယ်လို့ IsaacOnCamera လို့ နာမည်ပေးထားတဲ့ Google ဝန်ထမ်းက ရှင်းပြခဲ့ပါတယ်။ ဒီလိုကောင်းရတဲ့အကြောင်းရင်းကတော့ Pixel မှာ ကမ္ဘာ့အဆင့်မြင့် HDR+ ဆော့ဖ်ဝဲအယ်လ်ဂရစ်သမ် တစ်ခုကို အသုံးပြုထားတာကြောင့်ဖြစ်ပြီး၊ ဒီဆော့ဖ်ဝဲဟာ OIS ဟာ့ဒ်ဝဲလုပ်ဆောင်ချက်ထက်တောင် ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။

ois_systems

ဒီ့အပြင် ဗီဒီယိုပုံရိပ်ငြိမ်အောင်လုပ်ပေးတဲ့ EIS နည်းပညာဟာ 4K ဗီဒီယိုတွေအထိ အလုပ်ဖြစ်ပေမယ့်၊ OIS ကတော့ 1080p နဲ့ 720p ဗီဒီယိုတွေမှာပဲ အလုပ်ဖြစ်ကြောင်းကိုလည်း Isaac က ရှင်းလင်းပြခဲ့ပါတယ်။



Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment