♪ Ooredoo က အပတ်စဉ် မတူညီသော ပရိုမိုးရှင်း ပြုလုပ် ♫


Ooredoo ဟာ အပတ်စဉ် မတူညီတဲ့ ပရိုမိုးရှင်းကို “မိုမို-My Ooredoo My Offer” ဆိုတဲ့အမည်နဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ တစ်ပတ်အတွင်း ဘယ်လိုကမ်းလှမ်းမှုတွေ လုပ်ထားလဲဆိုတာကို သိဖို့အတွက် အသုံးပြုသူတွေဟာ *234# ကို ခေါ်ဆိုပေးရမှာဖြစ်ပါတယ်။

 ငွေဖြည့်ကတ်တွေ၊ ငွေပိုရရှိတဲ့ ဘီလ်ဖြည့်ခြင်းတွေ၊ ဒေတာအသုံးပြုခွင့်တွေ၊ Ooredoo အချင်းချင်း အခမဲ့ခေါ်ဆိုခွင့်တွေ၊ Unlimited ဖေ့စ်ဘုတ်အသုံးပြုခွင့်တွေ၊ အင်တာနက်အသုံးပြုခွင့် အစီအစဉ်သစ်တွေ အပြင် အခြားသော မတူညီတဲ့ပုံစံသစ်တွေကို သောကြာနေ့တိုင်းပြောင်းလဲ ပေးသွားမယ်လို့ သိရပါတယ်။

*234# ကို ခေါ်ဆိုသူတွေအနေနဲ့ကတော့ တစ်ပတ်တာအတွင်း ပေးအပ်တဲ့ Offer ကို မကြိုက်နှစ်သက် ခဲ့ရင် နောက်တစ်ပတ်မှာလည်း ပြန်လည်စောင့်ကြည့်နိုင်ပါသေးတယ်။


Credit to ==> Internet Journal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment