♪ Samsung Galaxy S8 တွင် Viv AI assistant ပါဝင်မည်ဟုဆို ♫


တရုတ်နိုင်ငံမှ ထွက်ပေါ်လာသော ကောလာဟလ သတင်းသစ်တစ်ရပ်အရ Samsung Galaxy S စီးရီး စမတ်ဖုန်းသစ်ကို အမျိုးအစားနှစ်မျိုးဖြင့် ရရှိနိုင်မည်ဟု သိရသည်။ ပထမတစ်မျိုးတွင် ၅.၁ လက်မ 2K curved Super AMOLED display ကို အသုံးပြုထားပြီး ကျန်တစ်မျိုးတွင် ၅.၅ လက်မ 4K display ကို အသုံးပြုထားကြောင်း ဆိုသည်။

၅.၅ လက်မ အမျိုးအစားတွင် dual-camera setup ပါဝင်မည်ဟု ဖော်ပြခဲ့သည်။ Weibo မှ ထွက်ပေါ်လာခဲ့သော အခြားကောလာဟလ သတင်းတစ်ရပ်တွင်မူ Samsung Galaxy S8 တွင် Qualcomm ၏ Snapdragon 830 SoC ကို အသုံးပြုထားကြောင်း၊ အချို့သော ဈေးကွက်များတွင်မူ Exynos 8895 အသုံးပြုထားသည့် အမျိုးအစားကို ဖြန့်ချိသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင် Galaxy S8 တွင် S Voice နေရာအစားထိုးမည့် Viv AI assistant လုပ်ဆောင်ချက်ပါဝင်လာမည်ဟု ဆိုသည်။ Viv AI assistant သည် Samsung က ဝယ်ယူရန် သဘောတူညီမှုရရှိထားသော Viv Labs ၏ ထုတ်ကုန်တစ်ခုဖြစ်သည်။


Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment