♪ လူ့ ကိုယ်ခန္ဓာကိုသုံးပြီး Wirless passwords များ ပို့ လွှတ်သွားဖို့တီထွင်နေ ♫



WiFi နှင့် Bluetooth တို့ ကနေ ဒေတာများ ပေးပို့ ခြင်းဟာ အလွန်အဆင်ပြေပေမယ့်လည်း လုံခြုံမှုမရှိပါဘူး။ ဇန်နဝါရီလတုန်းက Princeton မှ ရီပို့ တစ်ခုအရ တစ်ခြား စမတ်ဖုန်းတွေဟာ သူတို့ ရဲ့ ဒေတာကြောင်းကို လုံးဝ စကားဝှက်ခံ မထားပေမယ့်လည်း စမတ်ဖုန်းပစ္စည်းတစ်ချို့ ဟာ တည်နေရာပြ အချက်အလက်များကို အမှတ်တမဲ့ ထုတ်လွှတ်တတ်တယ်လို့ ဖော်ပြထားပါတယ်။ လေထုထဲကနေ သတင်းအချက်အလက်တွေ တင်ပို့ မှုမသေချာမှုကို ဖြေရှင်းဖို့ တစ်ချို့  သိပ္ပံပညာရှင်တွေဟာ လူ့ ကိုယ်ခန္ဓာကို လျှပ်ကူးတစ်ခုလို သုံးဖို့ စဉ်းစားလာကြပါတယ်။ ယခင် သုတေသနပညာရှင်များလုပ်သလို သံလိုက်စက်ကွင်းကို သုံးမယ့်အစား Washington တက္ကသိုလ်မှ အင်ဂျင်နီယာတွေဟာ စမတ်ဖုန်းတစ်လုံးကို လက်တစ်လုံးနဲ့  ထိတွေ့ ထားပြီး တစ်ခြားလက်တစ်ဖက်နဲ့  touchpad ၊ screen ကနေ ဝိုင်ယာလက်အချက်ပြ signals တွေကို ပေးပို့ တဲ့ နည်းလမ်းကို တီထွင်ခဲ့ပါတယ်။



သူတို့ ရဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားသလို နည်းလမ်းအနေနဲ့ က တည်ငြိမ်လျှပ်စစ်စီးကူးစေတဲ့နည်းလိုမျိုး ရိုးရိုးရှင်းရှင်း လုပ်ဆောင်တာပါ။ ဒေတာကိုတော့ ဝိုင်ယာလက်ပဲဖြစ်ပြီး လူ့ ခန္ဓာကိုယ်ကနေပဲ သွားပါတယ်။ ဖုန်းရဲ့ လက်ဗွေအာရုံခံတို့ touchpad တို့ ကနေ ကြိမ်နှုန်းနိမ့် လျှပ်စစ်သံလိုက်ထုတ်လွှတ်မှုတွေ ထုတ်ပြီး လူ့ ကိုယ်ကို ဖြတ်စီးပြီး ထိတွေ့ ထားတဲ့ စမတ်ဖုန်းဆီကို စီးကူးသွားပါတယ်။ ဒီနည်းလမ်းဟာ အိမ်သုံးစမတ်တွေနဲ့ ကားတံခါး လော့ခ်အတွက် အက်ပလီကေးရှင်းတွေမှာ သုံးလို့ ရပေမယ့် ဝတ်ဆင်လို့ ရတဲ့ wearables တွေတို့ လူ့ ကိုယ်အာရုံခံစနစ်တွေတို့ ဆီကို သတင်းအချက်အလက်တွေကို လုံလုံခြုံခြုံ ပေးပို့ သွားနိုင်ပါတယ်။

သိပ္ပံပညာရှင်တွေအနေနဲ့ လက်ပ်တော့ touchpads တွေပေါ်မှာ တစ်စက္ကန့် မှာ 50 bits နှုန်း နဲ့ လက်ဗွေအာရုံခံစနစ်တွေမှာ တစ်စက္ကန့် ကို 25 bits နှုန်းထားနဲ့ ဒေတာတွေကို ပေးပို့ ပေးဖို့ touch interfaces တွေကို ပြန်သုံးလို့ ရအောင် လုပ်ထားပါတယ်။ စက္ကန့် အနည်းငယ်အတွင်း လူ့ ကိုယ်ကနေ လက်ခံဌာနကို ဂဏန်းကုဒ် တို့ ရိုးရှင်းတဲ့ စကားဝှက်တို့ ကို ပေးပို့ ရာမှာလည်း မြန်ဆန်ပါတယ်။ အသွင်း input ထည့်တဲ့ ထုတ်လုပ်သူတွေအနေနဲ့ သူတို့ ရဲ့ ဆော့ဖ်ဝဲလ်ကို ပိုမို ရယူ access လုပ်လို့ ရမယ်ဆိုရင် ပိုမို ရှုပ်ထွေးတဲ့ ဒေတာကို ပေးပို့ နိုင်ပြီး မြန်နှုန်းမြင့်နဲ့ ရယူပေးပို့ နိုင်သွားမှာပါ။


Wai Lin Aung (Myanmar Mobile App)









<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 











www.pyaephyo.com

0 comments:

Post a Comment