♪ " ဒီဇင်ဘာ (၉) ရက်နေ့အထိ Huawei GR5 2017 ကို ငွေကျပ် (၃၀၀၀၀) ပေးသွင်းကာ Pre-Order မှာယူနိုင်ပြီ " ♫


Huawei GR5 2017 ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့မှ (၉) ရက်နေ့ အတွင်း Huawei Branded Shop များနှင့် Huawei အရောင်းဝန်ထမ်းများရှိသော ဖုန်းဆိုင်များတွင် ငွေကျပ် ၃၀,၀၀၀ ကျပ်ပေးသွင်းပြီး ကြိုတင်မှာယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ကြိုတင်မှာယူများအနေဖြင့် အရည်အသွေးမြင့် ကျောပိုးအိတ်၊ 13000 mAh powerbank နှင့်အတူ 32GB SD Card တို့ကို အထူးမေတ္တာလက်ဆောင်အနေဖြင့် ရရှိမည်ဖြစ်သည်။ ထို့အပြင် ဒီဇင်ဘာလ (၁၀) ရက်နေ့မှ စတင်ဝယ်ယူသူများအနေဖြင့် အရည်အသွေးမြင့် ကျောပိုးအိတ်နှင့် 32GB SD Card တို့ကိုရရှိမည်ဖြစ်ကာ GR5 2017 ကို MPT Edition အနေဖြင့်လည်း မကြာမီတွင် ထုတ်လုပ်ဖြန့်ချီမည်ဖြစ်သည်။ MPT အသုံးပြုသူများအတွက်လည်း ထူးခြားသည့် အကျိုးခံစားခွင့်များကို ထည့်သွင်းပေးသွားမည်ဖြစ်သည်။ 

အသေးစိတ်အချက်အလက်များကို Huawei အရောင်းဆိုင်များ၊ Huawei Hotline: 01-9000900 နှင့် Huawei Mobile (MM) ဖေ့ဘွတ်စာမျက်နှာများတွင် မေးမြန်းနိုင်သည်။ Huawei GR5 2017 ကို ၂၈၉,၀၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ပြီး အရောင်အနေဖြင့် ရွှေရောင် (Gold)၊ ငွေရောင် (Silver) နှင့် မီးခိုးရောင် (Grey) တို့ကို ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment