♪ “Huawei က တန်ဖိုးနည်း Honor 6S ကိုရောင်းမည်” ♫


Huawei က နိုဝင်ဘာလမှာ Honor 6X အမည်ရ Honor Brand စမတ်ဖုန်း အသစ်တစ်လုံးကိုမိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Huawei က ပိုမို ဈေး သက်သာတဲ့ Honor စမတ်ဖုန်းအသစ်တစ်လုံးကိုထုတ်လုပ်ရောင်း ချတော့ မယ်လို့ သတင်း ထွက်နေပါတယ်။

Honor 6S လို့ အမည်ပေးထားပြီးဒေါ်လာ ၁၂၀ ခန့်သာတန်ကြေးရှိမှာပါ။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ Honor 6S မှာ ၅.၅ လက်မ Full HD Display, Snapdragon 435 SoC, 3340mAh Battery တပ်ဆင် ထားမှာ ဖြစ်ပါတယ်။ 4G LTE နဲ့ VoLTE ဆက်သွယ်မှု များကိုထောက်ပံ့ပါတယ်။

SIM Slot ၂ ခုပါရှိပြီး ၁ ခုကိုmicroSD Card နဲ့ မျှဝေ အသုံးပြုရမှာ ဖြစ်ပါတယ်။ Huawei က ၂၀၁၇ ခုနှစ် ဇန်န၀ါရီ လမှာ Honor 6S ကိုရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment