♪ Samsung မိုဘိုင်းဖုန်းနှင့် Tablet ၀ယ်ယူသူများကို ငွေသား လက်ငင်းပြန်ပေးသည့်အစီအစဉ်စတင် ♫


Samsung Myanmar မှ သုံးစွဲသူပရိတ်သတ်များအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် Samsung မိုဘိုင်းဖုန်း နှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဝယ်ယူသူများအတွက် Year-End Mega Sales နှင့် Samsung Golden Lucky Draw အစရှိသည့် အထူးပရိုမိုးရှင်းအစီအစဉ်များ ဒီဇင်ဘာလအတွင်း ရရှိခံစားနိုင်မည်ဖြစ်ကြောင်းသိရသည်။

Samsung Galaxy အမျိုးအစားမိုဘိုင်းဖုန်းများအတွက် Year-End Mega Sales အစီအစဉ်အား ဒီဇင်ဘာလ ၆ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အိမ်သုံးလျှပ်စစ်ပစ္စည်းများအတွက် Samsung Golden Lucky Draw အစီအစဉ်အား ဒီဇင်ဘာလ ၅ ရက် မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပြုလုပ် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။  မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ Samsung ဖုန်းဝယ်ယူရရှိနိုင်သည့် မိုဘိုင်းဖုန်းအရောင်းဆိုင်များ ၊ Samsung Showroom များတွင်ယခုအစီအစဉ်ဖြင့်ဝယ်ယူရရှိနိုင်မည်ဖြစ်ပါ သည်။

ယခုအစီအစဉ်တွင် J1 (2016)၊ J2၊ J2 Prime၊ J3၊ On 7၊ J7 (2016)၊ J7၊ J5 Prime၊ Tab J 7”၊ J7 Prime၊ Tab A 8” LTE၊ Tab A 10.1”၊ A7 (2016)၊ A9 Pro၊ Note 5၊ S7 Edge၊ Tab S2 VE 8” နှင့် Tab S2 VE 9.7” အစရှိသည့်မော်ဒယ်များပါဝင်ကာ လက်ငင်းငွေသား ကျေးဇူးတုံ့ပြန်မှုနှင့်အတူ  လက်ဆောင်များ ပေးအပ် သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ မော်ဒယ်အလိုက် လက်ဆောင်များကွဲပြားမှုရှိမှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်း သို့မဟုတ် တက်ဘလက်ဝယ်ယူသူများအတွက် ပြုလုပ်ပေးသော Year End Mega Sales အစီအစဉ်တွင် အထက်ဖော်ပြပါဖုန်းများသာမကဘဲ J5 2015 လည်းပါဝင်မှာဖြစ်ပြီး J5 2015 ၀ယ်ယူသူများကိုလည်း ငွေသား ၁၅၀၀၀ ကျပ်လက်ငင်းပြန်ပေးသွားမည်ဖြစ်သည်။

မိုဘိုင်းဖုန်းများသာမကဘဲ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ တီဗွီ၊ ဖုန်စုပ်စက် နှင့် မိုက်ခရိုဝေ့ဗ် အစရှိသည့် အိမ်သုံးလျှပ်စစ်ပစ္စည်း ဝယ်ယူသူများအနေဖြင့် ၂၀၁၇ ခုနှစ် ပြက္ခဒိန် အား လက်ဆောင်အဖြစ်ပေးအပ်မည်ဖြစ်သည့်အပြင် ရွှေ (၅) ကျပ်သားဆွဲပြား (၁) ဆု၊ ရွှေ (၃) ကျပ်သားဆွဲပြား (၃) ဆု နှင့် ရွှေ (၁) ကျပ်သားဆွဲပြား (၁၀၀) ဆု ပါဝင်သည့် Samsung Golden Lucky Draw အစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်မည့် ကံစမ်းမဲကူပွန်အားရရှိဦးမှာဖြစ်ကြောင်းလည်းသိရပါတယ်။

Samsung Galaxy စမတ်ဖုန်း ဒါမှမဟုတ် တက်ဘလက်တွေကိုဝယ်ယူသူတွေအနေနဲ့ ကျပ် ၁၀,၀၀၀ ကနေ ကျပ် ၄၀,၀၀၀ အထိ လက်ငင်းငွေသား ကျေးဇူးတုံ့ပြန်မှုတွေကို ရနိုင်တဲ့အပြင် ကျပ် ၂၀,၀၀၀ ကျော်ကနေ ၇၀,၀၀၀ ကျော်တန်ဖိုးရှိတဲ့ လက်ဆောင်တွေကိုလည်း Samsung Myanmar အနေနဲ့ သုံးစွဲသူပရိတ်သတ်ကြီး ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပေးအပ်သွားမှာဖြစ်ပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ ကမ္ဘာတစ်ဝန်း၌ သတ်မှတ်ထားသော ဈေးကွက်များတွင် ဝယ်ယူရရှိခဲ့သည့် Galaxy S7 Edge ၏ နောက်ဆုံးထုတ်လုပ်လိုက်သောအရောင်သစ်ဖြစ်သည့် ပင်လယ်ပြာရောင် (Coral Bule) အား ဒီဇင်ဘာလ ၆ ရက်နေ့မှစ၍ ဈေးနှုန်း ၉၃၅၀၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်းလည်းသိရပါတယ်။


Credit to ==> Myanmar Mobile App






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment