Internet Download Manager v6.28 Build 15 Full Cracked [No Patch or Crack Need]



Internet Download Manager v6.28 Build 15 နောက်ဆုံး Update Version ပါ... တင်ပေးထားတဲ့ 
exe ဖိုင်လ်လေးကို Double Click နှိပ်ပေးရုံနဲ့ Full Version အဖြစ် အသုံးပြုနိုင်ပါပြီ... Crack, Patch, Serial Key တွေ လုံးဝ မလိုအပ်တော့ပါဘူး။

အားလုံး အဆင်ပြေပါစေခင်မျာ... :)



Internet Download Manager v6.28 Build 15 Full Cracked.

What's new in version 6.28 Build 15
(Released: Jun 28, 2017)
*Fixed critical bugs



Just Download & Install 1000% Working!


Enjoy!


















comments

Ant Download Manager PRO v1.4.6 Full Cracked [Latest Version]




Ant Download Manager ကတော့ Downloader နဲ့ ပါတ်သက်ပြီး အတော်လေး ကောင်းမွန်ပြည့်စုံတဲ့ Download Manager လေးတစ်ခုပါ... File, Format အမျိုးအစားပေါင်းများစွာကို ဒေါင်းယူနိုင်တဲ့အပြင် Video များဒေါင်းယူရာမှာလည်း Converter ပါ တခါတည်း ပါဝင်ပြီးသားမို့ မိမိလိုချင်တဲ့ Format များနှင့်ဒေါင်းယူနိုင်ပါသေးတယ်.. အပြည့်အစုံကိုတော့ မူရင်း  www.antdownloadmanager.com  ဝက်ဘ်ဆိုက်ဒ်မှာ လေ့လာနိုင်ပါတယ်။

Ant Download Manager PRO v1.4.6 [Latest Version] ကို အားလုံးအဆင်ပြေအောင် Just Download & Install Version အဖြစ်နှင့် တင်ပေးလိုက်ပါတယ်။ Crack, Patch, Seria Key တွေ မလိုတော့ပါဘူး ဒေါင်းလို့ရလာတဲ့  exe ဖိုလ်လေးကို Double Click နှင့် Install လုပ်ပေးရုံပါပဲ။


Ant Download Manager is a fast and easy downloader of any internet files.
Advanced support of video services (YouTube, Vimeo, DailyMotion, FB, VKontakte, Rutube, etc...).

Easy-to-use interface and provides numerous customizable parameters and options.
Ant Download Manager Pro Full allows you to grab various content from the Internet, and with built-in video grabber you can download video from any video sites quickly and easily. It supports YouTube, Vimeo, DailyMotion, Rutube, Facebook, and more. Moreover, the program also supports HTTP/HTTPS, FTP/FTPS, RTMP(RTMPS, RTMPE, RTMPT & RTMFP) protocols, support most popular premium link generators, and more.

Home Page: http://antdownloadmanager.com


**How to Install ?

  *Just Install.
  *Enjoy!










Download:





Winkabarkyaw.Net
http://www.winkabarkyaw.net




comments

FREE INTERNET (1000% FREE Only For Malaysia)




INTERNET 1000% FREE!  ဆိုတာကတော့ Malaysia ရောက် မြန်မာများအတွက် သီးသန့်ဖြစ်ပါတယ်။


အားလုံးအသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်... :)


 Youtube Video တွေကိုပါ ကြည့်နိုင်၊ ဒေါင်းယူနိုင်ပါတယ်....



ပြုလုပ်နည်း
***********

နည်းလမ်းကတော့ ဖုန်း Setting မှဆင့် Wi-Fi ကို သွားပါ..

Add Network (or) Add Wi-Fi Network ကို နှိပ်ပြီး Network Name နေရာမှာ Riger1 ဟု ရေးထည့်ပေးပြီး Save (or) OK ကို နှိပ်ပေးရုံပါပဲ Password ထည့်စရာမလိုပါဘူး။



အဆင်မပြေသေးဘူးဖြစ်နေရင် စောစောကအတိုင်း  Setting  =>  Wi-Fi  =>  Add Network (or) Add Wi-Fi Network  =>  Network Name နေရာမှာ Riger2 (or)  Riger3 ဟု ထပ်ရေးထည့်ကြည့်ပါ..။



မှတ်ချက်။ ။ နေရာတိုင်းမရနိုင်ပါ။







အဆင်ပြေခဲ့တယ်ဆိုရင် မသိသေးတဲ့ သူငယ်ချင်းတွေကိုလည်း မျှဝေပေးဖို့ မမေ့ပါနှင့် ... :)




GOOD LUCK!



Winkabarkyaw.Net




comments

Internet Download Manager 6.28 Build 14 Full Cracked [No Crack or Patch Need]


Internet Download Manager 6.28 Build 14 နောက်ဆုံး Update Version ပါ... တင်ပေးထားတဲ့ EXE ဖိုင်လ်ကို Download ဆွဲပြီး Install လုပ်ပေးရုံပါပဲခင်မျာ.. Crack, Patch, Serial Key တွေ လုံးဝ မလိုတော့ပါဘူး... 1000% Working ပါ... :)



Internet Download Manager 6.28 Build 14 Full Cracked. 


What's new in version 6.28 Build 14 (Released: Jun 23, 2017)

* Fixed bugs in downloading several types of video streams
* Fixed problems with video recognition for several types of web sites
* Fixed bugs



No Crack or Patch Need.

Just Download & Install.


Enjoy!


















comments

♪ OnePlus 5 နဲ့ OnePlus 3T ကို နှိုင်းယှဉ် သုံးသပ်ခြင်း ♫


OnePlus 5 ကို တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပြီး စွမ်းဆောင်ရည်မြင့် တန်ဖိုးသင့် စမတ်ဖုန်း ဖြစ်နေတာက ၀ယ်ယူချင်စရာပါ။ လွန်ခဲ့တဲ့ ၇ လလောက်က ရောင်းချခဲ့တဲ့ OnePlus 3T ဟာလည်း အခုထိ ခေတ်မီနေဆဲ ဖြစ်ပါတယ်။ အဲဒီအတွက် မျိုးဆက်ဟောင်း OnePlus 3T နဲ့ မျိုးဆက်သစ် OnePlus 5 တို့ကို နှိုင်းယှဉ် သုံးသပ်ပေးလိုက်ပါတယ်။

ဒီဇိုင်း
OnePlus 5 နဲ့ 3T ဖုန်း နှစ်လုံးစလုံးကို သတ္တုဖြင့် တည်ဆောက်ထားပြီး ဒီဇိုင်းနဲ့ Hardware အချို့ဟာ တူညီကြပါတယ်။ OnePlus Device များမှာ တပ်ဆင်ထားလေ့ရှိတဲ့ Alert Slider ကို OnePlus 5 မှာလည်း ဆက်လက်တပ်ဆင်ထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်ကတော့ OnePlus 5 ဟာ 3T ထက် ပိုမို ရှင်းလင်းပြီး ကင်မရာ နှစ်လုံးကို ဘယ်ဘက်ထိပ်သို့ ပြောင်းရွှေ့ထားပါတယ်။

OnePlus 5 ဟာ iPhone 7 Plus နဲ့ အလွန် ဆင်တူပါတယ်။ မကြာခင်က မိတ်ဆက်ခဲ့တဲ့ Oppo R11 နဲ့လည်း ဆင်တူနေပါတယ်။ OnePlus ဟာ ဒီဇိုင်းအပိုင်းမှာ အခြား စမတ်ဖုန်းများကို တုပထားတယ်လို့ ထင်စရာပါ။ ဒါပေမယ့်လည်း OnePlus 5 ဟာ အလွန် စွဲဆောင်မှု ရှိပြီး ကိုင်တွယ် အသုံးပြုရတာလည်း ကောင်းမွန်ပါတယ်။

အရွယ်အစား အပိုင်းမှာ OnePlus 5 ဟာ 3T ထက် တိုပြီး ပါးလွှာပါတယ်။ ပိုပြီးလည်း ကျဉ်းမြောင်းပါတယ်။ 3T ရဲ့ ဒီဇိုင်းကို ကြိုက်ရင်တော့ OnePlus 5 ကလည်း သင့်ကို စိတ်ကျေနပ်စေမှာပါ။

Hardware
OnePlus 3T နဲ့ 5 တို့မှာ တူညီတဲ့ ၅.၅ လက်မ AMOLED Display တပ်ဆင်ထားပါတယ်။ Full HD Resolution နဲ့ 16:9 Aspect Ratio ကလည်း အတူတူပါပဲ။ OnePlus ဟာ သူ့ရဲ့ ဖုန်းများကို Quad HD Display ဖြင့် အဆင့်မမြှင့်နိုင်သေးပါဘူး။ ဒါပေမယ့် OnePlus 5 ရဲ့ Full HD Screen ဟာ ကျေနပ်စရာပါ။

3T မှာ 6GB RAM ထည့်သွင်းထားတာက စွမ်းဆောင်ရည်မြင့် ဖုန်းတစ်လုံးအတွက် လုံလောက်ပါတယ်။ OnePlus 5 မှာ 6 or 8GB RAM နဲ့ 64 or 128GB Storage များ ရွေးချယ်နိုင်တဲ့အတွက် 64GB Storage သာပါတဲ့ 3T ထက် သာလွန်နေပါတယ်။ ဒါပေမယ့် OnePlus 5 မှာ microSD Slot မပါပါဘူး။

3T မှာ 3400mAh Battery တပ်ဆင်ထားပြီး ပိုမို ပါးလွှာအောင် ဖန်တီးထားတဲ့ OnePlus 5 မှာတော့ 3300mAh Battery သာ ပါပါတယ်။ ဒါပေမယ့်လည်း OnePlus 5 ဟာ 3T ထက် ဘက်ထရီ သက်တမ်း ၂၀ ရာခိုင်နှုန်း ပိုမို အသုံးခံပါတယ်။ ဒါဟာ စွမ်းအင် စားသုံးမှု နည်းပါးတဲ့ Snapdragon 835 ကြောင့် ဖြစ်ပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ Dash Charge နည်းပညာ ပါပါတယ်။ OnePlus 5 ကို မိနစ် ၃၀ အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားသွင်းနိုင်ပါတယ်။ မိနစ် ၉၀ အတွင်းမှာ အားအပြည့်ဖြည့်နိုင်ပါတယ်။

ကင်မရာ
ဖုန်းနှစ်လုံးရဲ့ အဓိက ကွဲပြားချက်မှာ အနောက် ကင်မရာများ ဖြစ်ပါတယ်။ 3T ရဲ့ 16MP Rear Camera က အလွန် ကောင်းပါတယ်။ ဒါပေမယ့် OnePlus 5 ရဲ့ 16+20MP Camera များကတော့ နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းသွားနိုင်ပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ အရည်အသွေးမြင့် Selfie များ ရိုက်ကူးနိုင်တဲ့ 16MP Camera များ တပ်ဆင်ထားပါတယ်။

ဆော့ဖ်ဝဲ
ဖုန်းနှစ်လုံးစလုံးမှာ ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် Android 7.1.1 Nougat အခြေပြု OxygenOS ထည့်သွင်းထားပါတယ်။ OnePlus 5 မှာတော့ ဆော့ဖ်ဝဲ စွမ်းဆောင်ချက် အသစ် အနည်းငယ် ပါလာပါတယ်။ အဲဒီအထဲမှာ စာဖတ်ရာမှာ ကောင်းမွန်စေဖို့ Blue Light Filter ပါတဲ့ Reading Mode ပါဝင်ပါတယ်။ ဒါ့အပြင် Automatic Night Mode လည်းပါပါတယ်။ စကရင်ရှော့များကို တည်းဖြတ်နိုင်တဲ့ စွမ်းရည်နဲ့ ဂိမ်းကစားချိန်မှာ အသုံးဝင်တဲ့ Do not disturb mode များကိုလည်း သုံးနိုင်မှာပါ။

ဈေးနှုန်း
OnePlus 5 ရဲ့ 64GB Version ကို ၄၇၉ ဒေါ်လာနဲ့ 128GB Version ကို ၅၃၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီဈေးဟာ 3T ရဲ့ အခြေခံ ဈေးဖြစ်တဲ့ ၄၃၉ ဒေါ်လာထက် အလွန်များပြားနေပါတယ်။ ဒါပေမယ့်လည်း OnePlus 5 ဟာ ပေးရတဲ့ ဈေးထက် ကောင်းတဲ့ စမတ်ဖုန်းလို့ ထင်မိပါတယ်။ အထူးသဖြင့် ပြိုင်ဖက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများရဲ့ ဈေးထက် သက်သာပါတယ်။

အနှစ်ချုပ်
OnePlus 5 ဟာ 3T ထက် စွမ်းရည်များစွာ မသာလွန်ပါဘူး။ ဒါ့အပြင် ဈေးလည်း ပိုကြီးပါတယ်။ ဒါပေမယ့် Processor က ပိုမို လျှင်မြန်ပြီး ဘက်ထရီ စွမ်းရည်က ပိုမို ကောင်းမွန်ပါတယ်။ အထူးသဖြင့် အနောက် ကင်မရာ နှစ်လုံးက ခေတ်မီစေပါတယ်။




Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



comments

♪ CIA က အင်တာနက် မချိတ်ထားတဲ့ ကွန်ပြူတာများကို Hack နိုင် ♫


WikiLeaks က Central Intelligence Agency (CIA) အသုံးပြုတဲ့ Sophisticated Software Tools နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို အရင်က ဖြန့်ချီခဲ့ဖူးပါတယ်။ အဲဒီ ဆော့ဖ်ဝဲများဟာ ကွန်ပြူတာများကို ဟက်နို်င်ခြင်း၊ တီဗီကို မိုက်ကရိုဖုန်း အဖြစ် ဖန်တီးခြင်းနဲ့ နာမည်ကြီး Chat Apps များရဲ့ Encryption System ကို ကျော်ဖြတ်ခြင်း အပြင် အခြား စွမ်းရည်များ ပါကြပါတယ်။ အခုလည်း WikiLeaks က စီအိုင်အေရဲ့ လျှို့ဝှက် သတင်းအချက်အလက်များကို ထပ်မံ ချပြလိုက်ပါတယ်။

WikiLeaks က Brutal Kangaroo အမည်ရ CIA ရဲ့ Malware Toolkit အကြောင်း ဖော်ပြထားတဲ့ စာမျက်နှာ ၁၅၀ ကို ပြသလိုက်တာ ဖြစ်ပါတယ်။ Brutal Kangaroo က အထူးပြုလုပ်ထားတဲ့ USB Drive ကို အသုံးပြုခြင်းဖြင့် အင်တာနက် မချိတ်ဆက်ထားတဲ့ ကွန်ပြူတာများကို ဟက် နိုင်ခြင်း ဖြစ်ပါတယ်။

Brutal Kangaroo ဟာ Targets များရဲ့ Closed Network ထဲမှာ လျှို့ဝှက် ကွန်ရက်တစ်ခု ဖန်တီး နေထိုင်ကြတဲ့အတွက် ဟက်ဖို့ အလွန် အဆင်ပြေစေပါတယ်။ Brutal Kangaroo မှာ Thumb Drive ကို ဗိုင်းရက်စ် ကူးစက်စေတဲ့ Drifting Deadline ၊ Thumb Drive များကို အလိုအလျှောက် ဗိုင်းရက်စ် ကူးစက်စေတဲ့ Server Tool ဖြစ်တဲ့ Shattered Assurance ၊ သတင်းအချက်အလက်များ ကောက်ယူပေးတဲ့ Broken Promise နဲ့ လျှို့ဝှက် ကွန်ရက်ကို တည်မြဲအောင် လုပ်ပေးတဲ့ Shadow တို့ ဖြစ်ပါတယ်။

ကွန်ပြူတာ တစ်လုံးအား ဗိုင်းရက်စ် ကူးစက်စေပြီးနောက်မှာ Shadow က ကွန်ရက်ထဲမှ အခြား ကွန်ပြူတာများကို ရှာဖွေပြီး ကူးစက်စေပါတယ်။ နောက်ဆုံးမှာတော့ Broken Promise က သတင်းအချက်အလက်များကို ရယူတာ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



comments

♪ MPT ၏ QR Code စနစ်သုံး ငွေဖြည့်ကတ်ဖြင့် လွယ်ကူအဆင်ပြေစွာ ငွေဖြည့်သွင်းနိုင်ပြီ ♫


MPT သည် မိုဘိုင်းလ်ဖုန်းများမှ တစ်ဆင့် သုံးစွဲသူများ လွယ်ကူရိုးရှင်းစွာ စကင် ဖတ်ပြီး လျင်မြန်စွာ ငွေဖြည့်သွင်းနိုင်ရန်အတွက် ဖုန်းငွေဖြည့်ကတ်အသစ်များတွင် QR ကုတ် စနစ်ထည့်သွင်း မိတ်ဆက်လိုက်ပါသည်။

အဆိုပါငွေဖြည့်ကတ်အသစ်များတွင် မူလခဲခြစ်ငွေဖြည့်နံပါတ်များဆက်လက်ထားရှိထားမည်ဖြစ်ပြီး သုံးစွဲသူများ ငွေဖြည့်သွင်း ခြင်းလုပ်ငန်း ကို လျင်မြန်စွာလုပ်ဆောင်နိုင်မည့် QR ကုတ် စနစ်အသစ်ကို ယခုလို ထပ်တိုးထည့်သွင်ထားခြင်း ဖြစ်သည်။



MPT အသုံးပြုသူများအနေဖြင့် လွယ်ကူလျင်မြန်သော QR ကုတ်စနစ်ကို အသုံးပြုရန်အတွက် QR Scanner function ပါဝင်သော MPT4U မိုဘိုင်းလ် application ရယူထားရန်လိုအပ်သည်။

QR ကုတ်စနစ်ဖြင့် ငွေဖြည့်သွင်းခြင်းကို အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။

  1. မိမိ၏ မိုဘိုင်းဖုန်းပေါ်တွင် ရှိသည့် MPT4U မိုဘိုင်းလ် application ဖွင့်လိုက်ပါ။
  2. Application ပေါ်မှ Menu ခလုတ်ကိုနှိပ်ပြီး “ငွေဖြည့်သွင်းမည်” ကိုရွေးချယ်ပါ။
  3. Menu မှ “ငွေဖြည့်သွင်းမည်” ကိုရောက်ရှိမည်ဖြစ်ကာ QR ကုတ်ပုံကို ခဲခြစ်ပြီးနောက်QR Scanner Function ကိုဝင်ရောက်ပါ၊
  4. ငွေဖြည့်ကတ်တွင်ပါရှိသောခဲခြစ်ထားသည့် QR ကုတ်နေရာကို Scan ဖတ်ပါ။
  5. အတည်ပြုကြောင်း စာတို လက်ခံရရှိပြီး ဖုန်းငွေဖြည့်သွင်းခြင်းလုပ်ငန်းစဉ် အောင်မြင်စွာ ပြီးဆုံးပါမည်။
MPT-KSGM ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “အခုလို MPT ကနေပြီး QR code နဲ့ ဖုန်းငွေဖြည့်ခြင်း စနစ်ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ မိတ်ဆက်ပေးရတာကြောင့် အထူးပဲ စိတ်လှုပ်ရှားဝမ်းသာမိပါတယ်။ အခုစနစ်ကြောင့် သုံးစွဲသူတွေအနေနဲ့ ဖုန်းဘီလ်ဖြည့်သွင်းရာမှာ သက်သက်သာသာနဲ့ ဖြည့်သွင်းနိုင်ပြီဖြစ်ပြီး ရှည်လျားတဲ့ ငွေဖြည့်ကုတ်နံပါတ်တွေကို မှားယွင်းပြီး ရိုက်သွင်းမိတာမျိုးကို ရှောင်ရှားနိုင်ပါပြီ။ သုံးစွဲသူတွေအနေနဲ့ ငွေဖြည့်ကတ်ပေါ်က QR ကုတ်နေရာကို ခဲခြစ်ပြီး အဲဒီ ကုတ်ကို MPT4U အက်ပလီကေးရှင်းရဲ့ စကင်နာနဲ့ ဖတ်ပြီး ငွေဖြည့်သွင်းခြင်းလုပ်ငန်းစဉ်ကို လွယ်ကူစွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

သုံးစွဲသူများအနေဖြင့် MPT4U app ကို Google Play (သို့မဟုတ်) Apple App Stores တို့တွင် ဒေါင်းလုတ်ပြုလုပ်ကာ အသုံးပြုနိုင်ပါသည်။ (Android သုံးစွဲသူများအတွက် https://play.google.com/store/apps/details?id=mm.com.mptvas နှင့် IOS သုံးစွဲသူများအတွက် http://fir.im/gdtm အစရှိသောလင့်များတစ်ဆင့် ဒေါင်းလုတ်ရယူနိုင်သည်။

ငွေဖြည့်သွင်းခြင်း နှင့် မည့်သိုဝယ်ယူ သုံးစွဲနိုင်မည်ဆိုသည့် အချက်များနှင့် ပတ်သက်ပြီး ထပ်မံသိရှိလိုပါက www.mpt.com.mm (သို့မဟုတ်) www.facebook.com/mptofficialpage သို့ဝင်ရောက် လေ့လာနိုင် ကြောင်း သိရသည်။




Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



comments

♪ မှောင်နေတဲ့ အချိန်မှာ လှပတဲ့ Selfie Photo များ ရိုက်ကူးနည်း ♫


စမတ်ဖုန်းများမှာ အရှေ့ကင်မရာများ တပ်ဆင်ထားပေမယ့် ဖုန်း အများစုမှာ အရှေ့ကင်မရာအတွက် Flash ကိုတော့ ပံ့ပိုးပေးထားခြင်း မရှိပါဘူး။ အဲဒီအတွက် အလင်းရောင် နည်းပါးတဲ့ အချိန်များမှာ Selfie ဆွဲလို့ အဆင်မပြေပါဘူး။ ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းပေးမယ့် Android နဲ့ iOS Apps များ ရှိနေပါတယ်။
အောက်ပါ Apps များက သင့် ဖုန်းစကရင်ကနေ အလင်းရောင် ထုတ်လွှင့်ပေးပြီး လှပတဲ့ Selfie Photo များကို ဖန်တီးဖို့ ကူညီပေးနိုင်ပါတယ်။

Android
၁။ faceLIGHT Selfie Selfies Flash
သင် ညဖက် ရိုက်ကူးတဲ့ Selfie များဟာ မှုန်ဝါးပြီး မလှပရင်တော့ faceLIGHT Selfie Selfies Flash ကို အသုံးပြုပါ။ သူက Physical Flash များလိုပဲ သင့်မျက်နှာကို အလင်းရောင် ထိုးပေးနိုင်ပါတယ်။ ဖုန်းစကရင်ကနေ အလင်းရောင် ထုတ်ပေးတာ ဖြစ်ပါတယ်။ မှောင်နေတဲ့ အချိန်နဲ့ အလင်းရောင် နည်းပါးတဲ့ အချိန်များမှာ သူက အသုံးဝင်ပါတယ်။
Download

၂။ Night Selfie Camera
အလင်းရောင် နည်းပါးတဲ့ အချိန်များမှာ အကောင်းဆုံး Selfie Photo များ ရိုက်ပေးနိုင်တဲ့ နောက်ထပ် App တစ်ခုက Night Selfie Camera ဖြစ်ပါတယ်။ သူက Selfie Photo ၁၀ ပုံကိုလည်း တစ်ပြိုင်နက် ရိုက်ကူးပေးနိုင်ပါတယ်။ သူ့မှာ Timer နဲ့ မှောင်နေတဲ့ အချိန်မှာ ဓါတ်ပုံလှပစေတဲ့ RGB Mode လည်း ပါပါတယ်။
Download

၃။ Night Camera
Night Camera က အလင်းရောင် နည်းပါးတဲ့ အချိန်များမှာ အရည်အသွေး မြင့်မားတဲ့ ဓါတ်ပုံများ ရိုက်ကူးပေးနိုင်ပါတယ်။ အချိန်မရွေး၊ နေရာမရွေး လှပတဲ့ Selfie Photo များကို ဖမ်းယူပေးနိုင်ပါတယ်။ Night Vision Viewfinder က မြင်ကွင်းကို ကြည်လင်ပြတ်သားစွာ ပြသပေးနိုင်ပါတယ်။
Download

iOS
၁။ Selfshot – Front Flash Camera
iPhone , iPad များမှာ အမှောင်ထဲတွင် လှပတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုများ ရိုက်ကူးချင်ရင် Selfshot – Front Flash Camera ကို မြည်းစမ်းကြည့်ပါ။ သူ့မှာ Timer လည်း ပါပါတယ်။ Selfie Photo ၁၀ ပုံကို တစ်ပြိုင်နက် ရိုက်ကူးပေးတဲ့ Burst Mode လည်း ပါပါတယ်။
Download

၂။ Nightly
Nightly ကလည်း iOS Device များအတွက် အလင်းရောင် နည်းပါးတဲ့ အချိန်များမှာ Selfie Photo ကောင်းများကို ဖန်တီးပေးနိုင်ပါတယ်။ ဖုန်း စကရင်ကို ထိလိုက်တာနဲ့ ဓါတ်ပုံ ရိုက်ပေးနိုင်ပါတယ်။ သင့်ရဲ့ ဓါတ်ပုံများမှာ Captions များ ထည့်သွင်းနိုင်ပါတယ်။ Filters များ ထည့်သွင်းဖို့ စွမ်းရည်မြင့် Editor ပါပါတယ်။
Download

၃။ Front Flash
Front Flash က Screen Brightness ကို အမြင့်ဆုံး ထားရှိခြင်းဖြင့် Virtual Flash ကို ဖန်တီးပေးပါတယ်။ ဓါတ်ပုံ ရိုက်တဲ့ အခါမှာ သင့် မျက်နှာကို အလင်းရောင် ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ သူ့ကို ပိတ်လိုက်တာနဲ့ Brightness ကို မူလအတိုင်း ပြန်လည် ထားရှိပေးမှာ ဖြစ်ပါတယ်။
Download




Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



comments

♪ Meizu က Nougat တင်လို့ရမယ့် စမတ်ဖုန်း စာရင်းကို ကြေညာ ♫


Google က နေ Android 7.0 Nougat ကို ထုတ်ပေးပြီးလို့ (၁)နှစ်အကြာ အခုအချိန်မှာတော့ တရုတ် စမတ်ဖုန်း ကုမ္ပဏီ Meizu က Nougat တင်နိုင်မယ့် စမတ်ဖုန်း စာရင်းကို ကြေညာလိုက်ပါပြီ။

Nougat တင်မရလို့ လက်လျော့လိုက်တဲ့ Meizu အသုံးပြုသူတွေအတွက်တော့ သတင်းကောင်းတစ်ခုလို့ ပြောရမှာပါ။ Android 7.0 Nougat ကို update ပြုလုပ်ပြီး Nougat ရဲ့ feature တွေကို အပြည့်အဝ ခံစား အသုံးပြုနိုင်ပြီဖြစ်ပါတယ်။


ကြေညာလိုက်တဲ့ စာရင်းကတော့

  • Meizu Pro 6 Plus
  • Meizu Pro 6
  • Meizu Pro 6s
  • Meizu Pro 5
  • Meizu MX6
  • Meizu M5 Note
  • Meizu M3 Note
  • Meizu M3 Max



Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



comments

♪ " နေလောင်ခြင်းကို ကာကွယ်ပေးမယ့် စမတ်လက်ပတ် " ♫

No automatic alt text available.

နေလောင်ခြင်းဟာ အရေပြားပျက်ဆီးစေပြီး အဆိုးဆုံးကတော့ အရေပြားကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ အရေပြားကင်ဆာဖောင်ဒေးရှင်း (Skin Cancer Foundation) ရဲ့အဆိုအရ လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခု အတွင်းမှာ အရေပြားကင်ဆာဖြစ်သူဟာ အခြားကင်ဆာဖြစ်သူ အားလုံးပေါင်းထက် များပြားပါတယ်။

အဲဒီအတွက် Netatmo Com­pany က သင့်အရေပြားအပေါ် ကျရောက်တဲ့ နေရောင်ကို တိုင်းတာပေးတဲ့ စမတ်လက်ပတ်ကို ဖန်တီးလိုက်ပါတယ်။ JUNE လို့ အမည်ပေးထားပြီး ဒီဇိုင်းလှပပါတယ်။ သူက သင်နေရောင်ထဲမှာ နေတဲ့အချိန်ကို စောင့်ကြည့်ပေးပြီး ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကို တွက်ချက်ပေး ပါတယ်။


 နေရောင်ခြည်ထိတွေ့မှုများပြားရင် JUNE က သင့်စမတ်ဖုန်းမှ App ကနေ သတိပေးနိုင်ပါတယ်။ သင် နေရောင်ထဲမှာနေတဲ့အလေ့အထကို လေ့လာခြင်းဖြင့် သူက သင့်အရေပြားကို စောင့်ရှောက်ပေးပါတယ်။ နေရောင်ကာခရင်လိမ်းဖို့လည်း သူက သတိပေးနိုင်ပါတယ်။ စမတ်လက်ပတ်ကို 99.99 ဒေါ်လာ ဈေးသတ်မှတ်ထားပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



comments

အသစ်ထွက်လာတဲ့ Android ဖုန်းနှင့် Tablet တွေမှာအသုံးများတဲ့ - Viber Latest Version 7.1.0.6 for Android


ဒီနေ့တွက်လာ Android ဖုန်း tablet တွေအသုံးများနေတဲ့ Viber Version သစ်လေးတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကတော့ ဒီနေ့ထွက်တာပဲရှိသေပါတယ်။ လူတိုင်းအတွက် မရှိမဖြစ်ဆိုရင်လည်းမမှားပါဘူး။ ဘာဖြစ်ဆိုတော့ Viber ဆိုတာ Online ရတာနှင့် Free call တိုင်းတပါးသို့ရောက်နေသော အမေအဖေတွေကို free call,free Chatting and free တိုင်းတပါးသို့ေ၇ာက်နေသော သူကိုတွေကို မြင်နိုင်ပါတယ်။ နောက်ပြီး ချစ်စရာ အရုပ်ကလေးတွေ ပါလာတာကိုတွေ၇ပါတယ်။ ဒါကြောင့် Update OR Version new သုံးချင်းသူများအတွက် အောင်မှာဒေါင်းနိုင်ပါတယ်။


ဝင်းလှိုင်-နည်းပညာ
comments

♪ " ငွေကျပ်၁သိန်းကျော်တန် Lenovo Tab 4 စီးရီး pre-order စတင်ပြု လုပ်နိုင်ပြီ " ♫

Image may contain: screen, laptop and phone

Lenovo ရဲ့ Tab 4 စီးရီးတွေကို ငွေကျပ် 1 သိန်းကျော်ပတ်ဝန်းကျင် ဈေးနှုန်းနဲ့ အမေရိကမှာ pre-order စတင်လက်ခံနေပြီလို့သိရပါတယ်ဈေးနှုန်းသင့်တင့်ပြီးမျက်နှာပြင်ကြီးအသုံးပြုလိုတဲ့ android အသုံးပြုသူတွေ ကြားမှာ Lenovo ရဲ့ Tab စီးရီးကနာမည်ကြီးပါတယ်။

တရုတ်ကုမ္ပဏီအနေနဲ့ Tab 4 စီးရီးအတွက် Tab 4 8 လက်မနဲ့ Tab 4 10.1 လက်မဆိုပြီးနှစ်မျိုးထုတ်လုပ်ထားပါတယ်။ အမေရိကမှာရှိတဲ့ Newegg ရဲ့ ဝက်ဘ်ဆိုက်မှာအမေရိကန်ဒေါ်လာ 129.99 ကနေစပြီး ဦးစွာ order လက်ခံပေးနေတာဖြစ်ပြီး ဇွန်လ 30 ရက်နေ့မှာမှ stock ရရှိနိုင်မယ်လို့သိရပါတယ်။

8 လက်မမျက်နှာပြင်ကို ဝယ်ယူလိုသူအနေနဲ့ 129.99 ဒေါ်လာကျသင့်မှာဖြစ်ပြီး 10.1 လက်မမျက်နှာပြင် Tab 4 အတွက်ကတော့ 179.99 ဒေါ်လာကျသင့်မှာပါ။ Tablet နှစ်ခုလုံးမှာ Android 7.1 Nougat ပါဝင်မှာဖြစ်ပြီး Qualcomm Snapdragon 425 processors, 2GB RAM နဲ့တိုးချဲ့အသုံးပြုနိုင်တဲ့ 16GB storage ထည့်သွင်းထားပါတယ်။ Tab 4 sport လို့နာမည်ပေးထားတဲ့ 8လက်မမျက်နှာပြင်မှာရော 10.1 လက်မမျက်နှာပြင်မှာပါ IPS display အသုံးပြုထားပြီး (1280×800 pixels) ရုပ်ထွက်ရရှိမှာပါ။


5 MP ကင်မရာနဲ့ ရှေ့ကင်မရာကို 2 MP ကင်မရာ အသုံးပြုထားတာတွေ့ရမှာပါ။ကင်မရာ စွမ်းဆောင်ရည်သိပ်မကောင်းပေမယ့် 8 လက်မတက်ဘလက်ရဲ့ဘက်ထရီက 4850 mAhရှိပြီး 10.1 လက်မ တက်ဘလက်ရဲ့ဘက်ထရီခံနိုင်အားက 7000 mAh အထိပါဝင်တယ်လို့ သိရပါတယ်။

#phonearena

သံစဉ်ချို

NetGuide Journal​ (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



comments

♪ " Snapdragon 836 နဲ့ ထွက်ရှိလာမယ့် ဒေါ်လာ (500) ဝန်းကျင်ဈေးနှုန်းရှိ Xiaomi Note 3 " ♫

Image may contain: phone and text

5.7 လက်မရှိတဲ့ Xiaomi MI Note 3 မှာ Samsung dual curved 2K screen ပါဝင်ပြီး Snapdragon 836 processor ၊ RAM 6GB/8GB ၊ ROM 64GB/128GB/256GB နဲ့ 4,000 mAh ဘက်ထရီ (built in) ပါဝင်တယ်လို့ သိရပါတယ်။ 20 MP နဲ့ နောက်ကင်မရာနှစ်လုံးပါဝင်ပြီး 8MP နဲ့ ရှေ့ကင်မရာတို့ပါဝင်ပြီး Xiaomi Mi Note 2 နဲ့ယှဉ်ရင် ပုံထွက်ပိုကောင်းတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ကင်မရာနှစ်လုံးအတွက် dual zoom ကိုလည်း ထောက်ပံ့ထားတယ်လို့ ဆိုပါတယ်။ Xiaomi mall ရဲ့weibo အကောင့်မှာ Xiaomi Mi Note 2 ကို အမေရိကန်ဒေါ်လာ (50) နီးပါးအထိ လျော့ချပေးပြီး ဈေးနှုန်းသစ်နဲ့ ထပ်မံမိတ်ဆက်လိုက်ပါတယ်။

ဒါဟာ စက်တင်ဘာလမှာထွက်ရှိလာမယ့် Xiaomi Mi Note 3 ကြောင့် Mi Note 2 ကို ဈေးနှုန်းသစ်နဲ့ မိတ်ဆက်လာတာပဲ ဖြစ်ပါတယ်။ Mi Note 2 64GB နဲ့ Mi Note 2 128GB ဆိုပြီး နှစ်မျိုးရရှိနိုင်မှာဖြစ်ပြီး ဒါဟာ Xiaomi ရဲ့ ထုံးစံအတိုင်း နောက်ထပ်စီးရီးသစ်ထွက်ခါနီး ပရိုမိုးရှင်းပေးတဲ့ အထူးဈေးနှုန်းရောင်းချမှုပဲ ဖြစ်ပါတယ်။ သတ္ထုကိုယ်ထည်အသုံးပြုထားပြီး body ratio ရဲ့ 76 ရာခိုင်နှုန်းကို မျက်နှာပြင်အဖြစ် အသုံးပြုထားပါတယ်။ နောက်ကျောဘက်မှာ အမည်းနဲ့အဝါရောစပ်ထားတဲ့ ကာလာတွဲစပ်မှု တွေ့ရှိရမှာဖြစ်ပြီး dual ကင်မရာကို ဒေါင်လိုက်တပ်ဆင်ထားတာ ဖြစ်ပါတယ်။ 


အကောင်းဆုံးတီထွင်ဖန်တီးမှု တစ်ခုကတော့ ဖုန်းမျက်နှာပြင်မှာ မြှုပ်နှံထားတဲ့ screen fingerprint နည်းပညာပဲ ဖြစ်ပါတယ်။ Xiaomi Note 3 ကို စက်တင်ဘာလအတွင်း ထွက်ရှိမယ်လို့ ယူဆရပြီး မျက်နှာပြင်ကြီးတဲ့ Mi phone လိုအပ်သူတွေအနေနဲ့ တကျော့ပြန်ထွက်ရှိလာတဲ့ Mi Note 2 နဲ့ ပါဝင်မှုတွေတိုးချဲ့လာတဲ့ Mi Note 3 ဒါ့အပြင် Mi 6 အစရှိတဲ့ဖုန်းတွေကို နှိုင်းယှဉ်ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။





#igeekphone

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



comments

အလွယ်တကူ ဒေါင်းယူနိုင်တဲ့-TubeMate Latest Version 2.4.2 for Android


YouTube ပေါ်က Music (MP3) , Video တွေကို အလွယ်တကူ ဒေါင်းယူဖို့အတွက် တကယ်ကို ကောင်းမွန်   ပြည့်စုံတဲ့ App လေးပါ... အားလုံးသိကြတဲ့အတိုင်း  သီချင်းတွေ (MP3) , ဗွီဒီယိုတွေ (Video) တွေ   ဒေါင်းယူချင်ကြရင် YouTube ကို ပြေးမြင်ကြမှာပါ... YouTube ပေါ်က သီချင်းတွေဗွီဒီယိုတွေကို   ဒေါင်းယူချင်တဲ့အခါ ကွန်ပျူတာရှိသူတွေအတွက်တော့ IDM လေး Install ထားရုံနဲ့ အလွယ်တကူ ဒေါင်းလို့ရစေပါတယ်.. ဖုန်းနဲ့ ဒေါင်းချင်သူတွေအတွက်ကတော့ TubeMate ကို အားကိုးရပါတယ်... တကယ်တော့ TubeMate က မပြည့်စုံပါဘူး... Video တွေ ဒေါင်းရတာ အဆင်ပြေသလောက် MP3 Music ကို ဒေါင်းယူတဲ့အခါ Converter တစ်မျိုးနဲ့ Convent တစ်ကြိမ်ထပ်လုပ်ပေးရပါတယ်.. ပြီးတော့လည်း .mp4a ဆိုတဲ့ Format နဲ့ သိမ်းပေးတဲ့အတွက် အခြားဖုန်းတစ်လုံးဆီ ပို့တဲ့ (ပြောင်းယူတဲ့) အခါ  အခြားစက်မှာ မဖတ်တာမျိုး Play မရတာမျိုးတွေ ကြုံတွေ့ရပါတယ်...  ဒီ SnapTube ဆိုတဲ့ App လေးကတော့....  မိမိ ကြိုက်နှစ်သက်သလို MP3 Format  နဲ့ပဲ ဖြစ်ဖြစ် ၊ MP4 Format နဲ့ပဲ ဖြစ်ဖြစ် ဘာ Converter နဲ့ နောက်ထပ် Install လုပ်ပေးစရာမလိုတော့ပဲ  သီချင်း,ဗွီဒီယိုတွေကို အလွယ်ကူဆုံးနဲ့ အမြန်ဆုံး ဒေါင်းယူနိုင်မှာပါ....


ဝင်းလှိုင်-နည်းပညာ
comments

ဒီဇိုင်းလန်းပြီးတော့ သွက်လက်မြန်ဆန်ပြီးပေါ့ပေါ့ပါးပါး အသုံးပြုနိင်တဲ့ အသစ်ထွက်ပါ


ဒီဇိုင်းလန်းပြီးတော့ သွက်လက်မြန်ဆန်ပြီးပေါ့ပေါ့ပါးပါး အသုံးပြုနိင်တဲ့ facebook Application အသစ်ထွက်ပါ ဒီfacebook ဒီဇိုင်းက တော်တော်လန်းတယ် ဒီfacebook ကို အင်ဒိုနီးရှား ဆိုဒ် က မလာတယ်လိုပြောပါတယ် ရှားပါပစ္စည်းလေးပါ ဒီfacebook ကို အသုံးပြုလိုပါက အရင်ရှိပြီး facebook ကို ဖျက်ပြီးမှ အသုံးပြုရမှာပါ။

ဝင်းလှိုင်-နည်းပညာ
comments

♪ “Samsung Galaxy S8 ကိုနောက်ကောက်ချခဲ့တဲ့ OnePlus 5 ရဲ့ အားသွင်းစနစ်” ♫

Image may contain: phone

OnePlus 5 ဟာ လျင်မြန်စွာအားသွင်းတဲ့ နည်းပညာအပိုင်းမှာ အကောင်းဆုံးစမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ အခုတော့ YouTube Channel တစ်ခု ဖြစ်တဲ့ SuperSaf TV က ယခုနှစ်အစောပိုင်းထုတ် စွမ်းဆောင်ရည်မြင့် Android Phones များနဲ့ OnePlus 5 ရဲ့ ဘက်ထရီ စွမ်းရည်ကို နှိုင်းယှဉ် စမ်းသပ်ထားတဲ့ ဗီဒီယိုတစ်ခုကို လွှင့်တင် ထားပါ တယ်။

၁၀၀ ရာခိုင်နှုန်းအပြည့် အမြန်ဆုံးအားသွင်းပေးနိုင်တဲ့ စမတ်ဖုန်း ကိုစမ်းသပ်ခဲ့ကြတာ ဖြစ်ပြီးဒီစမ်းသပ်မှာ OnePlus 5 ဟာ Samsung Galaxy S8 , HTC U11 နဲ့ Sony Xperia XZ Premium တို့ကိုနောက်ကောက်ချနိုင်ခဲ့ ပါတယ်။ OnePlus 5 ရဲ့ လျင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာကို Dash Charge လို့ အမည်ပေးထား ပါတယ်။

စမတ်ဖုန်းအားလုံးမှာ ၁ ရာခိုင်နှုန်းဘက်ထရီအားသာထည့်သွင်းထားပြီး သူတို့ရဲ့ Stock Charger များကိုတပ်ဆင်ထားပါတယ်။ နောက်ပြီး စမတ်ဖုန်းအားလုံးကို Airplane Mode မှာထားရှိထားပါတယ်။ မိနစ် ၃၀ ကျော် အားသွင်းပြီးတဲ့ အချိန်မှာ OnePlus 5 ဟာ ၅၉ ရာခိုင်နှုန်း၊ HTC U11 က ၄၃ ရာခိုင်နှုန်းနဲ့ Sony Xperia XZ Premium က ၄၁ ရာခိုင်နှုန်းအားဖြည့်နိုင်ပါတယ်။ Samsung Galaxy S8 ကတော့ အဆိုးဆုံးဖြစ်ပြီး ၃၆ ရာခိုင်နှုန်းသာအားပြည့်ပါတယ်။ OnePlus 5 ဟာ ၈၈ မိနစ်မှာ ၁၀၀ ရာခိုင်နှုန်းအားပြည့်ခဲ့ပြီး Galaxy S8 က သူ့ထက် ၁၃ မိနစ်နောက်ကျခဲ့ပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com


comments

♪ “Dual-Camera နည်းပညာမှာတစ်ဆင့်တက်လှမ်းနိုင်ခဲ့တဲ့ Huawei” ♫

Image may contain: phone

ပရော်ဖက်ရှင်နယ်အဆင့် ဓာတ်ပုံပညာရပ်အတွက် SLR ဟုခေါ်သည့် single-lens reflex ပါဝင်သောကင်မရာများကို ဓာတ်ပုံဆရာများက မရှိမဖြစ် လိုအပ်သော စက်ကိရိယာတစ်ခုအဖြစ် စံထားလက်ခံ အသုံးပြု ကြပါသည်။ စမတ်ဖုန်းများသည် သာမန်ဒစ်ဂျစ်တယ် ကင်မရာများထက် ကြည်လင်ပြတ်သားသည့် ဓာတ်ပုံများကိုရိုက်ယူနိုင်ပြီး ဓာတ်ပုံရဲ့ pixel အရေအတွက် ပိုကောင်းလာအောင် လုပ်နိုင်သော်လည်း SLR ကင်မရာ များနှင့်ရိုက်ကူးထားသည့် ဓာတ်ပုံအရည်အသွေးကို မီလာနိုင်မည် မဟုတ်ပါ။ အဆိုပါအကြောင်းအရင်းမှာ စမတ်ဖုန်းများတွင်ပါဝင်သည့် ကင်မရာ၏ မှန်ဘီလူးများသည် SLR ကင်မရာများထဲမှ မှန်ဘီလူးများထက် ၂၀စင် တီမီတာခန့် ပိုပြီးပါးလွှာနေသောကြောင့် ဖြစ်ပါသည်။ ယင်းအခက် အခဲကို စမတ်ဖုန်းများအနေဖြင့် မည်သို့မျှကျော်လွှားနိုင်မည်မဟုတ်ပါ။

ယခုလက်ရှိအခြေအနေတွင် စမတ်ဖုန်းများအနေဖြင့် ပိုကောင်းသည့် ဓာတ်ပုံအရည်အသွေးရရှိစေမည့်နည်းလမ်းမှာ ကင်မရာနှစ်လုံးပါဝင်သည့် dual camera နည်းပညာသာဖြစ်ပါသည်။ ကင်မရာတစ်လုံးတည်းကို အသုံးပြုရာမှ ကင်မရာနှစ်လုံး ကို အသုံးပြုသည့်နည်းပညာသည် အမှန် တကယ်မှာ သက်ရှိများ၏ မျက်လုံးတည်ဆောက်မှုကို တုပထားခြင်းဖြစ် သည်။ သက်ရှိ သတ္တ၀ါတို့၏ မျက်လုံးတည်ဆောက်မှုသည် နှစ်သန်းပေါင်း များစွာဆင့်ကဲပြောင်းလဲမှုကြောင့် အကောင်းဆုံးအခြေအနေတွင် ရှိပါ သည်။ လူတို့၏ဦးနှောက်ထဲတွင် အချက်အလက်ထုတ်လွှင့်သိုလှောင်မှု၏ ၉၀ ရာခိုင်နှုန်းသည် ရုပ်ပုံများဖြစ်ပါသည်။ လူ့ မျက်လုံးမှရုပ်ပုံများကို ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်မှု၊ အလင်းအမှောင်ချိန်ညှိမှု၊ မျက်လုံး အိမ်ထဲ အလင်းဝင်ရောက်မှုကို ထိန်းညှိမှု၊ ရုပ်ပုံကိုတည်ငြိမ်အောင် ဖမ်းယူနိုင်မှုနှင့် ရွှေ့လျားနေသောရုပ်ပုံများကို ဖမ်းယူနိုင်မှုတို့မှာ အံ့သြဖွယ်ကောင်းလောက် အောင် မြင့်မားကောင်းမွန်ပါသည်။

ကင်မရာနှစ်လုံးပါဝင်သည့် နည်းပညာကို အသုံးပြုနိုင်ရန် ဖုန်းထုတ်လုပ် သူများက ဖုန်း၏ CPU အပြင် အခြားနေရာ သုံးခုတွင်လည်း ရင်းနှီး မြှုပ်နှံ မှုပြုရပါသည်။ ပထမဦးဆုံးအနေဖြင့် ကင်မရာတည်ဆောက်ရာတွင် ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့ကို ၅ မီလီမီတာရှိသည့် မှန်ဘီလူး ကိုတည်ဆောက်စေပြီး ထိုအစိတ်အပိုင်းက pixel ကောင်းမွန်မြင့်မား စွာဖြင့် သိမ်းဆည်းနိုင်ခြင်း၊ အလင်းရောင်ဖမ်းယူမှု ကောင်းမွန်ခြင်း၊ ရုပ်ပုံကို လျင်မြန်စွာနှင့် ကြည်လင်စွာဖမ်းယူနိုင်ခြင်း၊ အရိပ်မထင်စေ ခြင်းနှင့် ပုံရိပ် ဖမ်းယူမှုတွင် အမှားမရှိစေခြင်း စသည့်လိုအပ်ချက်များ ပြည့်မီစေရန် ဆောင်ရွက်စေပါသည်။ ဒုတိယအဖွဲ့မှ ကင်မရာ နှစ်လုံးကို ဟန်ချက်ညီစွာ ထိန်းညှိနိုင်သည့်နည်းပညာကို ကျွမ်းကျင်သော ဓာတ်ပုံ ဆရာတို့၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ရ ပါသည်။ ထိုနည်းပညာက ကင်မရာနှစ်လုံးမှ တစ်ပြိုင်တည်း ရိုက်ယူလိုက်သောပုံရိပ်တို့၏ အကွာ အဝေးနှင့် အနေအထား၊ ကြည်လင်ပြတ်သားမှုနှင့် အရောင်ခွဲခြားမှုတို့ကို အကောင်းဆုံးဖြစ်အောင်ပေါင်းစပ်ပေးပါသည်။ ထို့နောက်တတိယအချက် အနေဖြင့် ISP ဟုခေါ်သော image signal processor အဖွဲ့မှ ဓာတ်ပုံ ရိုက်ရန်ခလုတ် နှိပ်လိုက်သည့်အချိန်တွင် ကင်မရာနှစ်လုံး စလုံးမှ ရိုက်ယူလိုက်သည့်ရုပ်ပုံ ကိုဖမ်းယူခြင်း၊ တိုင်းတာခြင်း၊ ပေါင်းစပ်ခြင်းနှင့် သိမ်းဆည်းခြင်းတို့ကို တစ်ပြိုင်တည်း ဖြစ်ပေါ်နိုင်စေရန် လုပ်ဆောင်ရ ပါသည်။

လက်ရှိအခြေအနေတွင် Apple, Samsung နှင့် Huawei ကုမ္ပဏီ သုံးခုသာဤကဲ့သို့ ရင်းနှီးမြှုပ်နှံမှုမျိုးကို တည်ဆောက် ထားပါသည်။ ဤ ကုမ္ပဏီသုံးခုသာ ၎င်းတို့ကိုယ်ပိုင် image signal processor (ISP) ရှိပါသည်။ Huawei ကုမ္ပဏီတွင် ကင်မရာနှစ်လုံးကို ဟန်ချက်ညီစွာ ထိန်းညှိနိုင်သည့် နည်းပညာကို ဖန်တီးတည်ဆောက်ရန် ကျွမ်းကျင်သူ ၁၀၀ကျော် ရှိပါသည်။ ထို့ပြင် Huawei ကုမ္ပဏီ၏ ကုန်ပစ္စည်းလိုအပ်ချက် အတိုင်း အသေးစိတ်တည်ဆောက်သည့်အဖွဲ့နှင့် ISP ဒီဇိုင်းအဖွဲ့တို့၏ လူ့အရင်းအမြစ်စွမ်းအားအပေါ်တွင် ရင်းနှီးမြုပ်နှံမှုသည် ဖုန်းထုတ်လုပ် သည့် ကုမ္ပဏီအများစု၏ သုတေသနနှင့် တည်ဆောက် ရေးအဖွဲ့ (R&D team)ထက် သာလွန်ကောင်းမွန်ပါသည်။ ဥပမာအားဖြင့် ပြင်သစ်နိုင်ငံရှိ Huawei သုတေသန စင်တာက ISP တည်ဆောက်မှုအတွက်သာ တာဝန်ယူရသည်။ ၎င်းတို့ထံမှရရှိလာသော ISP ဒီဇိုင်းကို HiSilicon ကုမ္ပဏီမှ ထုတ်လုပ်သော Kirin SoC တွင် ပေါင်းစပ်တည်ဆောက်စေ သည်။ Leica ကင်မရာနှစ်လုံးအတွက် ဟန်ချက်ညီစွာထိန်းညှိနိုင်သည့် နည်းပညာ၏ နောက်ဆုံး ပေါ်တွေ့ရှိချက်များကို ပြင်သစ်နိုင်ငံရှိ Huawei Mathematics သုတေသနစင်တာနှင့် Max Berek ဖန်တီးမှုဆိုင်ရာ ဓာတ်ခွဲခန်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိလာခဲ့ခြင်းဖြစ်သည်။ Huawei ကုမ္ပဏီသည် ဂျပန်နိုင်ငံတွင်လည်း ကင်မရာ ကို လိုအပ်ချက်ပေါ် မူတည်ပြီး စံချိန်မီအောင် တည်ဆောက်ဖန်တီးသည့် တီထွင်သူများအဖွဲ့ ရှိပါသည်။

၂၀၁၆ခုနစ်တွင် ထုတ်ဝေခဲ့သည့် HUAWEI P9 ဖုန်းသည် စမတ်ဖုန်း သမိုင်းတွင် မှတ်ကျောက်တင်နိုင်ခဲ့ပါသည်။ HUAWEI P9 မတိုင်မီ အချိန်က စမတ်ဖုန်းဓာတ်ပုံဆိုင်ရာ တီထွင်ဆန်းသစ်မှုများသည် ဓာတ်ပုံ၏ကြည်လင်ပြတ်သားမှုနှင့် ပုံရိပ်ဖမ်းယူနိုင်သည့် အမြန်နှုန်း အပေါ်တွင်သာ အဓိကထားသည်။ ယခုအခါ Leica မှန်ဘီလူးနှစ်ခု ကြောင့် HUAWEI P9 က စမတ်ဖုန်းဓာတ်ပုံပညာကို တစ်ခေတ် ဆန်းစေခဲ့ပါသည်။ ဓာတ်ပုံ၏ ကြည်လင်ပြတ်သားမှုနှင့် အမြန်နှုန်းတို့ အပြင် HUAWEI P9 ကင်မရာက SLR ကင်မရာနှင့် ရိုက်ယူမှသာရနိုင် သည့် ဘိုခေးလုပ်ဆောင်ချက် (bokeh effect - ဓာတ်ပုံ၏ ဗဟိုချက် မဟုတ်သည့် နေရာများကိုေ၀၀ါးနိုင်ခြင်း) နှင့် အရောင်ပါဝင်ပေါင်းစပ် မှုတို့ကို ဖန်တီးနိုင်ခဲ့ပါသည်။ HUAWEI P9 နှင့်ရိုက်ယူထားသော ဓာတ်ပုံများကိုဓာတ်ပုံပညာအရ ကွာခြားမှုကိုမပြောနိုင်သည့်တိုင် ဓာတ်ပုံ အရည်အသွေးကို သင်မလွဲမသွေ ကြိုက်နှစ်သက်လိမ့်မည်ဖြစ်ပါသည်။ HUAWEI P9 တွင် ပါဝင်သည့် Leica ကင်မရာ နှစ်လုံးနှင့်ရိုက်ယူသည့် ဘိုခေးလုပ်ဆောင်ချက် (bokeh effect)သည် ဓာတ်ပုံကိုပို၍ အသက်ဝင် စေပါသည်။ အခြားမည်သည့် ကုန်ပစ္စည်းများနှင့်မျှမတူညီ သည့် ဂျာမန် Leica ၏ အရောင်အသွေးက ဓာတ်ပုံတိုင်းတွင်ပါဝင်သော ရသနှင့် ခံစားချက်တို့ကိုပါ ဖမ်းယူနိုင်ပါသည်။

၂၀၁၇ မှာတော့အရည်အသွေး ပိုမိုကောင်းမွန်သော ဓာတ်ပုံများ ရိုက်ကူးနိုင်ရန်အတွက် HUAWEI P9 တွင် ပါဝင်သော ကင်မရာကို အဆင့် မြှင့်တင်ထားပြီး HUAWEI P10 တွင် တပ်ဆင်ထားပါသည်။ HUAWEI P10 ၊ P10 Plus စမတ်ဖုန်းတို့၏ နောက်ကျောဘက်တွင် 12 MP RBG (ကာလာ)ကင်မရာနှင့် 20 MP monochrome (အဖြူအမည်း)ကင်မရာတို့ ပါဝင်ပါသည်။ လူ၏မျက်လုံးတွင် အရောင်ကိုခွဲခြားသည့် အစိတ်အပိုင်းနှင့် အလင်းရောင်ကိုဖမ်းယူသည့်အစိတ်အပိုင်းနှစ်ခုရှိပြီး ထိုလူ့မျက်လုံး တည်ဆောက်ပုံကိုအတုယူပြီး တည်ဆောက်ထားသည့်ကင်မရာနှစ်လုံး နည်းပညာတွင်လည်း ကင်မရာတစ်လုံးက ပုံရိပ်၏ အရောင်ကိုဖမ်းယူမည် ဖြစ်ပြီး အခြားတစ်လုံးက အလင်းရောင်နည်းပါးသည့်အချိန်တွင် အလင်းရောင်ကို ဖမ်းယူရန်ဖြစ်ပါသည်။ ကင်မရာတွင်ပါဝင်သော အလင်းရောင် ကိုဖမ်းယူသည့်အစိတ်အပိုင်းသည် အလင်းရောင်၏ သိပ်သည်းမှုကိုသာ ဖမ်းယူနိုင်ပြီး အရောင်ကွဲပြားမှုကိုခွဲခြားနိုင်စွမ်းမရှိပါ။ ကင်မရာ၏ အလင်းရောင်ဖမ်းယူသည့် ပစ္စည်းအပေါ်တွင်ပါရှိသော အစိတ်အပိုင်းက အနီ၊ အစိမ်း၊ အပြာစသည့်အရောင်များကိုဖမ်းယူသည်။


P10 နှင့် P10 Plus တို့တွင်ပါဝင်သောကင်မရာနှစ်လုံးတွင် ရောင်စုံ ကင်မရာက အရောင်များကိုဖမ်းယူပြီး ကျန်ရှိသော အဖြူအမည်း (monochrome)ကင်မရာက အလင်းရောင်သိပ်သည်းမှုကို ဖမ်းယူသည်။ ထိုကင်မရာနှစ်လုံးမှရရှိလာသော ပုံရိပ်နှစ်ခုကို ပေါင်းစပ်လိုက်သောအခါ ရောင်စုံကင်မရာတစ်လုံးတည်းဖြင့် ရိုက်ကူးသောဓာတ်ပုံများထက် ပိုမို၍မှန်ကန်သည့် အရောင်ရောစပ်မှုနှင့် တိကျကောင်းမွန်သော အလင်းရောင်ပါဝင်မှုတို့ကိုရရှိပါသည်။ အလင်းရောင်နည်းပါးသည့် အချိန်တွင် ရိုက်ကူးသော ဓာတ်ပုံများကိုလည်း ပိုမိုတိကျကြည်လင်စေ ပါသည်။ ကင်မရာနှစ်လုံးတွင် ပါဝင်သော အကွာအဝေးထိန်းညှိသည့် နည်းပညာက ဓာတ်ပုံထဲတွင်ပါဝင်သည့်အရာတိုင်း၏အကွာအဝေးကို တိုင်းတာမှတ်ယူထားသဖြင့် ဓာတ်ပုံရိုက်ပြီးသည့်အခါမှ ဓာတ်ပုံ၏ focus ကို ပြန်လည်ပြောင်းလဲနိုင်ပါသည်

ပုံမှန်အားဖြင့် ဓာတ်ပုံအများစု၏ ၄၀% သည်ပေါ့ထရိတ် (Portrait) ပုံများဖြစ်ကြသည်။ ထို့ကြောင့် လူတော်တော် များများက လှပတဲ့ရှုခင်း တွေနဲ့ ရိုက်ရတာကို သဘောကျသည်ဟု ကောက်ချက်ချနိုင်သည်။ HUAWEI P10 တွင် Leica ကင်မရာနှစ်လုံး၏စွမ်းဆောင်ချက်ကို တိုးမြှင့်ထားသည့်အပြင် လူပုံအနီးကပ်ရိုက်ကူးရာတွင်ပိုမိုကောင်းမွန် စေမည့် ရုပ်ပုံဖမ်းယူသည့် နည်းပညာကိုလည်း ထည့်သွင်းထားပါသည်။ ထိုနည်းပညာက ဘိုခေး(Bokeh Effect)လုပ်ဆောင်ချက်ထည့်ပေးခြင်း၊ လူ့မျက်နှာကိုတိကျစွာဖမ်းယူခြင်း၊ Leica မှန်ဘီလူးဖြင့် အရောင် အသွေးနှင့် အဖြူအမည်းတို့ ကိုဖမ်းယူခြင်းနှင့် ရိုက်ပြီးမှ focus ပြောင်းနိုင်ခြင်းစသည်တို့ကို ပြုလုပ်နိုင်ပါသည်။


HUAWEI P10 သည်ပေါ့ထရိတ်ကို ဘိုခေးလုပ်ဆောင်ချက် (Bokeh Effect)နှင့် ရိုက်ကူးသည့်ပထမဦးဆုံးဖုန်းဖြစ်ပါသည်။ အကွာအဝေးတိုင်းတာ တွက်ချက်သည့် အစိတ်အပိုင်းကို Kirin 960 တွင် ထည့်သွင်း တည်ဆောက်ထားသည့်အတွက် ဓာတ်ပုံအတွင်းတွင် ပါဝင်သော အရာဝတ္ထုများ၏ အကွာအဝေးတွက်ချက်မှုကိုလျော့ကျစေပြီး ဓာတ်ပုံ အရည်အသွေးကို တိုးတက်စေပါသည်။ ထို့အပြင် အကွာအဝေးတိကျ မှန်ကန်မှုကိုလည်း ၅၀%ပိုမိုကောင်းမွန်စေပါသည်။ P10 Plus တွင် ပါဝင်သော F/1.8 wide aperture နှစ်ခုကလည်း အလင်းရောင် ဖမ်းယူမှုကို သိသိသာသာပိုမိုကောင်းမွန်စေပါသည်။ အဆိုပါနည်းပညာ များကြောင့် အလင်းရောင်နည်းပါးချိန်တွင်လည်း ပေါ့ထရိတ် (Portrait) ပုံကောင်းကောင်းကို ရိုက်ယူနိုင်ပါပြီ။

ပေါ့ထရိတ်လုပ်ဆောင်ချက် (Portrait Mode)တွင် 3D ပုံစံကျကျ ဖမ်းယူနိုင်သည့်နည်းပညာကို ထည့်သွင်းထားပါသည်။ အကွာအဝေးကို တိကျစွာ ဖမ်းယူခြင်းနှင့်အတူ ISP processor ကို Kirin 960 ထဲတွင် ထည့်သွင်းတည်ဆောက်ထားခြင်းက လူ၏မျက်နှာကို အသေးစိတ်ပုံဖော် ဖမ်းယူနိုင်စေပါသည်။ အထူးသဖြင့် မျက်ရိုး၊ မျက်လုံး၏ ထောင့်နေရာများ၊ နှာခေါင်းပေါက် ပါဝင်သည့် ဧရိယာ၊ ပါးရိုးနှင့် မေးစေ့ရိုးတို့ကို တိကျ စွာဖမ်းယူနိုင်ပါသည်။ 3D face detection model ကိုအခြေခံပြီး တည် ဆောက်ထားသော P10 portrait mode သည် တိကျကောင်းမွန်သော အလင်းရောင်ဖြင့် မျက်နှာကိုပိုမိုပေါ်လွင်ပြီး ကြည့်ကောင်းစေသည့် အတွက် ဓာတ်ပုံထဲတွင်ပါဝင်သူကို ပိုပြီးအသက်ဝင်စေပါသည်။ HUAWEI P9 ဖုန်းက စမတ်ဖုန်းဓာတ်ပုံပညာကို တစ်ခေတ်ဆန်းစေခဲ့သလို HUAWEI P10 ၏ဆရာတစ်ဆူဖြစ်သည့် ပေါ့ထရိတ်လုပ်ဆောင်ချက် ကလည်း ကင်မရာနှစ်လုံးပါဝင် သည့် နည်းပညာတို့ကို နေရာသစ်တစ်ခု သို့ ပို့ဆောင်ပေးနိုင်ခဲ့ပါပြီလို့ ဆိုနိုင်ပေသည်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com


comments

♪ “ဘက်ထရီစွမ်းအားမြင့်မားသော Meizu M5 Note” ♫

Image may contain: phone

M5 Note ဟာ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းက ထုတ်လုပ်ပေးထားသော ဖုန်းဖြစ်ပါတယ်။ Metal body နဲ့ဖုန်းကို ကိုင်ဆောင်အသုံးပြု သည့်အခါ၌ ကျစ်လျစ်သော ကိုယ်ထည်ဖြစ်စေရန် 153.6 x 75.8 x 8.2mm ဖြစ်အောင် ဖန်တီးပေးထားပါတယ်။ဖုန်းရဲ့အနောက်ကိုင်ထည်ဟာ အနည်းငယ်ကွေးညွှတ်သောပုံစံရှိပြီး၊ကိုင်ဆောင် အသုံးပြုသည့်အခါမှာလည်းစတိုင်ကျလှပနေပါလိမ့်မယ်။ M5 Note ဟာ ဆင်းကတ်နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။

ထို့ကြောင့် ဆင်းကတ် များစွာ ကိုင် ဆောင်သုံးစွဲနေ သူများအဆင်ပြေစေပါမယ်။ ထည့်သွင်း သုံးစွဲရမယ့် ဆင်းကတ်အရွယ်အစားကတော့ Nano Sim ပါ။ ဖုန်းမျက်နှာပြင် အပိုင်းတွင် LTPS IPS LCD Capacitive touchscreen ကို အသုံးပြုပေးထားပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ရှိပါတယ်။ ဖုန်းအသုံးပြုသည့်အခါ၌ ကောင်းမွန်သော ပုံရိပ်များကို ကြည့်ရှုခံစားနိုင်စေရန်အတွက် မြင်ကွင်းစွမ်းရည် အပိုင်းတွင် 1080x1920 pixels ပမာဏနဲ့ ထောက်ပံ့ပေးထားပါတယ်။ တစ်လက်မ မှာရှိမယ့် pixel ပမာဏ သိပ်သည်းဆကတော့ 403ppi ပါ။

Meizu ဟာ ကိုယ်ပိုင် UI ကိုလည်း အသုံးပြုနိုင်အောင် လုပ်ဆောင်ပေး ထားပါတယ်။ M5 Note ရဲ့ Multi touch စနစ်တွင် Flyme 5.2 ကို သုံးစွဲနိုင် ပါမယ်။ လက်ဗွေရာစနစ်အသုံးပြု နိုင်မယ့်ဖုန်းဖြစ်ပြီး၊ လက်ဗွေရာဆင်ဆာစနစ်ကိုဖုန်းရဲ့အရှေ့ဘက်မှာတပ်ဆင်ပေးထားကာ၊ ဆင်ဆာဟာစက္ကန့်အနည်းငယ် အတွင်းလက်ဗွေရာကိုဖတ်ရှုနိုင်ပါတယ်။ ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထားပြီး အဓိက,ကင်မရာဟာ 13MP, f/2.2 စွမ်းရည်ရှိပြီး Dual LED, Dual Tone Flash စနစ် ထောက်ပံ့ပေး ထားပါတယ်။ ရှေ့ကင်မရာငယ်ကတော့ 5MP, f/2.0 စွမ်းရည်ရှိပါ တယ်။ဖုန်းတွင်းမှတ်ဥာဏ်ပမာဏခွဲခြားပြီးတော့လည်းဖုန်းကိုထုတ်လုပ် ပေးထားပါတယ်။ RAM ကို 3GB ထည့်သွင်းပေးထားကာ၊ Internal Storage တွင် 16 (သို့) 32GB ဆိုပြီးနှစ်မျိုးနှစ်စားရှိပါမယ်။ အချက် အလက်အများအပြား သိမ်းဆည်းလိုပါကလည်း မှတ်ဥာဏ်ပမာဏ ကိုချဲ့ထွင် သုံးစွဲနိုင်အောင် Card Slot စနစ် ထည့်သွင်းပေးထားပါသေး တယ်။ CPU ရဲ့ စွမ်းရည်မှာ Octa Core (4x1.8GHz Cortex A-53 & 4x1.0GHz Cortex A-53) ဖြစ်ပါတယ်။

Android OS,v 6.0 ကိုသုံးစွဲနိုင် မှာဖြစ်ပြီး၊ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ 4000mAh ဖြစ်ခြင်းကြောင့်ဖုန်းကို အချိန်ကြာမြင့်စွာသုံးစွဲ နိုင်ပါမယ်။ အားသွင်းမြန်ဆန်သောစနစ်လည်း ထည့်သွင်းပေးထားပါတယ်။ဖုန်းကိုမီးခိုး၊ငွေရောင်နှင့်ရွှေရောင်ဆိုပြီးလှပသော အရောင်များဖြင့်လည်း ထုတ်လုပ်ပေးထားပါတယ်။M5 Note (16GB) ရဲ့ဈေးနှုန်းမှာ 209,000 ကျပ်ဝန်းကျင်ရှိပြီး၊ M5 Note (32GB) ရဲ့ဈေးနှုန်းကတော့ 229,000 ကျပ်ဝန်းကျင်ရှိပါတယ်။Ph: 09456585102 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com


comments