♪ " Asus က ZenFone 3 Zoomနဲ့ ZenFone AR တို့ကို မိတ်ဆက် " ♫

Image may contain: phone and screen

Asus က Google Tango Augmented Reality နဲ့ DayDream VR Software နည်းပညာပါတဲ့ Zen Fone ARကို CES မှာ ပြသလိုက်ပါတယ်။ Asus က ZenFone AR ကို 8GB RAMနဲ့ 6GB RAM Model၂ မျိုး ထုတ်လုပ်ပေးထားပါတယ်။ 

စမတ်ဖုန်းက လှုပ်ရှားမှုများ နဲ့ ပတ်ဝန်းကျင်ကို အာရုံခံနိုင်ပါ တယ်။ ၅.၇ လက်မ Super AMOLED QHD Display တပ်ဆင်ထားတဲ့အတွက် Virtual Realityကို ကောင်းစွာ ခံစားနိုင်ပါတယ်။ Qual­comm Snap­dragon 821 Processor မောင်းနှင်မှာဖြစ်ပါတယ်။ စမတ်ဖုန်းအတွက် Asus ZenUI VR 360 Degree App ကိုလည်း ထည့်သွင်းပေးမှာဖြစ်ပြီး PhotoCollage, Gallery, Zen Circles Appsများကို ထောက်ပံ့မှာဖြစ်ပါတယ်။23MP Rear Cameraက 4K Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ 


Android Nougat , 256GB Storage ထည့်သွင်းထားပါတယ်။ ZenFone 3 Zoomမှာ 5000 mAh Battery , 5.5” Full HD Display, Qualcomm Snapdragon 625 Processor, 4GB RAM , 128GB Storage ထည့် သွင်းထားပါတယ်။ အနောက်မှာ 12MP Camera ၂ လုံးတပ်ဆင်ထား ပြီးOptical Zoomကို ၂.၃ ဆအထိ ဆွဲနိုင်ပါတယ်။ 13MP Front Camera ပါရှိပါတယ်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment