♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫

Image may contain: phone and text

မေး - အစ်ကိုရေ ကျွန်တော့် Phone က ရေ၀င်သွားတယ်။ Battery ဖြုတ်ထားပြီး ၂ ရက်လောက်ထားပြီး နောက်ရက် Power ပြန်ဖွင့်တော့ ရတယ်။ ဒါပေမဲ့ Phone ကိုအားသွင်းရင် အားပြည့်တာမြန်တယ်။ ပြန်ဖြုတ်ပြီးသုံးရင် ခဏအတွင်းအားကုန်သွားတယ်။ LCD ကလည်း အဖြူကွက်တွေနဲ့ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - အစ်ကိုရေ အဲ့တာက ရေ၀င်တဲ့ Phone တွေအများစုက Battery နဲ့ LCD ပျက်တာများပါတယ်။ အစ်ကို့ Phone က Battery လဲကြည့်ပါ။ LCD အဖြူကွက်ဖြစ်တာကလည်း LCD လဲရင်ရပါပြီ။

မေး - အစ်ကိုရေ ကျွန်တော့် Phone က အားမသွင်းရင် သုံးလို့ရတယ်။ အားသွင်းကြိုးထိုးရင် Power သေသွားတယ်။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - အစ်ကို့ Phone က USB ခေါင်း Short ကျနေလို့ဖြစ်တာပါ။ USB ခေါင်းလဲလိုက်ရင် ကောင်းသွားပါလိမ့်မယ်။

မေး - အစ်ကို ကျွန်တော့် Phone က Wi-Fi ဖွင့်ရင် Wi-Fi Colour က ဖြူမလို စိမ်းမလိုဖြစ်နေတယ်။ Wi-Fi သုံးလို့မရဘူး။ ဘာဖြစ်တာလဲ။
ဖြေ - အစ်ကို့ Phone က Wi-Fi IC မကောင်းလို့ဖြစ်တာပါ။ Wi-Fi IC လဲလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

မေး - Red Mi 3 လေးနဲ့ COC ကစားချင်လို့ပါ။ Google Play Store အကောင့်ဝင်မရဘူး။
ဖြေ - Xiao Mi Playstore Application Installer Software ကို Google မှာရှာ Download ဆွဲပြီး Internet ဖွင့် Install သွင်းပြီး Restart ပြန်လုပ်လိုက်ပါ။

မေး - Security ကနေ Sim Card Lock ကျသွားလို့ ဘယ်လိုလုပ်ရမလဲ။
ဖြေ - Security ကနေ sim Card Lock ကျသွားလို့ဆိုရင် Sim Card အခွံကနေ PUK Code နဲ့ Pin Code ရိုက်ထည့်ပေးရမည်။ နီးစပ်ရာ Mobile ဆိုင်ကနေလည်း ကတ်ပျောက်လျှောက်၍ရပါသည်။

မေး - Zapya ကူးတဲ့ဖိုင်တွေက စက်ထဲမရောက်လို့ ပြောပြပေးပါလား။
ဖြေ - Zapya က နောက်ထွက်တဲ့ App တွေမှာ Setting တွေအများကြီး ပါပါတယ်။ Zapya ကို Old Version ပြန်ပြောင်းသုံးကြည့်ပါ။

မေး - ကင်မရာဖွင့်တိုင်း Low Storage Space ပြတာ ဘာကြောင့်ပါလဲ။ ကူညီပေးပါ။
ဖြေ - Internal Memory ပြည့်နေရင် ကင်မရာမှာ Low Storage Space ဆိုပြီးပြတတ်ပါတယ်။ Application တွေ Install လုပ်တာများရင်လည်း RAM ထဲမှာပြည့်ပြီး ကင်မရာဖွင့်မရတာမျိုးတွေဖြစ်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်နေရင် အကောင်းဆုံးက Setting ထဲကနေ Factory Reset ချလိုက်ပါ။ Wiping လုပ်ပြီး Reboot ပြန်တက်လာရင် အစ်ကို့ဖုန်းရဲ့ကင်မရာ Error ဖြေရှင်းလို့ ရသွားပါပြီ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Huawei C8813 ပါ။ ဖုန်းအားသွင်းရင်းနဲ့ ပါဝါသေသွားတာ။ ဘယ်လိုလုပ်ရမလဲဗျ။
ဖြေ - ပုံမှန်အတိုင်းဆိုရင်တော့ စစ်ဆေးပြီးမှ ဘာဖြစ်တယ်ဆိုတာ ပြောလို့ရမှာဗျ။ တစ်နေ့က အဲ့လိုဖုန်းတစ်လုံးပြင်လိုက်တယ်။ Power Supply နဲ့ ချိတ်လိုက်တဲ့အချိန်မှာ Amper က နှစ်စိပ်မှာရပ်နေတယ်။ ဒါနဲ့ Metre နဲ့ ရှော့ရှာတယ်။ မတွေ့ဘူးဗျ။ Power Supply နဲ့ချိတ်တော့လည်း ပူတာမတွေ့ရဘူး။ ကျွန်တော်အဲ့တာကို EMMC က ဖြစ်တာလို့ထင်ခဲ့တာ။ EMMC ကို အရင်မလဲသေးဘဲ Power IC ကိုလဲလိုက်တာ အဆင်ပြေသွားတယ်ဗျ။ Error လည်း မတွေ့ရတော့ဘူး။

မေး - ကျွန်တော့်ဖုန်းက ဖုန်းကတ်ထည့်ထားတယ်။ ဖုန်းခေါ်လို့မရဘူး။ ဘယ်လိုလုပ်ရမလဲ။
ဖြေ - ဖုန်းကတ်ထည့်တိုင်း ဖုန်းခေါ်လို့ရမှာမဟုတ်ပါဘူး။ GSM, CDMA သူ့အမျိုးအစားအလိုက်ထည့်ပါ။ အရင်က ဒီကတ်ထည့်ပြီးသုံးတာ အခုမှခေါ်မရတော့တာ။ အဲ့ဒီလိုဆိုရင်တော့ ဖုန်းကြောင့်ဖြစ်တာပါ။ No Sim လို့ပြတာလား။ No Service လို့ပြတာလား။ 1x ပြတာလား။ ဒါတွေကိုစစ်ရပါမယ်။ No Sim လို့ပြတာဆိုရင်တော့ လိုင်းကတ်ကို မသိတာပါ။ ဒါကြောင့် Sim အထိုင်စစ်ရပါမယ်။ Sim အထိုင်နားက Component လေးတွေစစ်ရမယ်။ Sim အထိုင်ဗို့တွေစစ်ရပါမယ်။ No Service ဆိုရင် Farmware တင်တာတို့လုပ်ရမယ်။ မရဘူးဆိုရင်တော့ Network ပိုင်းက PA IC, RF IC နဲ့ Component လေးတွေစစ်ရပါမယ်။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment