♪ “အစမ်းပေးသုံးသည့် ကာလကိုကျော်၍” ♫

No automatic alt text available.

အွန်လိုင်းမှာရောင်းတဲ့ အစီအစဉ်တွေမှာ အစမ်းပေးသုံးတဲ့ ကာလဆိုတာရှိပါ တယ်။ သီချင်းပေါင်းစုံရတဲ့ Spolity ၊ ရုပ်ရှင်ပေါင်းစုံကြည့်နိုင်တဲ့ Netflix ၊ ရုံးအလုပ်တွေ လုပ်နိုင်တဲ့ Office 365 ဒါတွေအားလုံးမှာ အစမ်းဆယ့်လေးရက် သုံးကြည့် ဆိုတာကနေ တစ်လသုံးကြည့်ဆိုတာအထိ ရှိပါတယ်။ လူ့သဘာဝ က အလကားစမ်းသုံးတဲ့ကာလကို ဖြစ်နိုင်ရင် ပိုသုံးချင်တာ ပေါ့။ ပိုရရင် ရသလောက် အလကားသုံးကြည့်ကြမယ်ဗျာ။ ဒီလို လုပ်နိုင်တဲ့ နည်းလမ်းလေး တွေလည်း ရှိပါတယ်။ တစ်ခုတော့ ရှိတယ်။ ကိုယ့်မှာ ဒေါ်လာနည်းနည်း ထည့်ထားတဲ့ Visa ကတ်လေးတစ်ခုတော့ လိုပါတယ်။ ယုံလောက်အောင် ပြောပြီး ရက်ပို တောင်းရမှာကိုး။ ပြည်တွင်းဘဏ်ကြီးတွေမှာ Visa ကတ် လုပ်ရတာလည်း သိပ်မခက်တော့ပါဘူး။ သုံးခွင့်အတွက် ၀န်ဆောင်ခ ကတော့ နည်းနည်းဈေးကြီးပါတယ်။ ကိုင်း...ပထမဆုံးအနေနဲ့ Office 365 ကို အခမဲ့ ခြောက်လသုံးရ အောင် အရင်ကြိုးစားကြည့်ကြပါမယ်။ Office က အစမ်းသုံး ကြည့်ဖို့ရက်ပေါင်း သုံးဆယ်ခွင့်ပြုပြီးသားပါ။ ဒါကို ဆန့်ထုတ်ပြီး ရက်ပေါင်း တစ်ရာ့ရှစ်ဆယ်ရအောင် သုံးကြပါမယ်။ ပထမဆုံး Windows Logo နဲ့ R ကို တွဲနှိပ်ပါ။ ပြီးရင် ပေါ်လာတဲ့ကွက်လပ်ထဲမှာ % Program Files % ကို ရိုက်ထည့်ပါ။ ပြီးရင် Enter ခေါက်ပါ။

နောက်တစ်ဆင့်မှာ common files, Microsoft shared ကို ကလစ်နှိပ်ပါ။ ပြီးရင် office shared software Plat form ကိုရွေးပါ။ ပြီးရင် အဲဒီ folder ကနေ shift key ကို ဖိပြီးနှိပ်ထားပါ။ ပြီးရင် ကွက်လပ်တစ်နေရာမှာ ညာကလစ်နှိပ်ပါ။ ပေါ်လာတဲ့ အကွက်ထဲကနေ open command window here ကိုရွေးပါ။ Command Window ပေါ်လာ ပြီဆိုရင် OSPREARM.exe ကို ရိုက်ထည့်ပြီး enter ခေါက်ပါ။ ဒီဖိုင်ကို Run လိုက်ရင် ကိုယ့်ရဲ့ အစမ်းသုံး ကာလ ကို ရက်သုံးဆယ်တိုးပေးပါမယ်။ ဒီလိုမျိုး နောက်ထပ်ငါးကြိမ် လုပ်နိုင် မှာမို့ Office 365 ကို ရက်ပေါင်း တစ်ရာ့ရှစ်ဆယ် သုံးနိုင်ပါတယ်။ ရက်ပေါင်း တစ်ရာ့ရှစ်ဆယ် သုံးနိုင်ဖို့ မျှော်လင့်ချက်ရှိတယ်ဆိုတာက Microsoft Office ထဲက အားနည်းချက်ကို သုံးသွားတာပါ။ MS Office ထဲမှာက ကိုယ့်ရဲ့ အစမ်းသုံး ကာလကို reactivate လုပ်နိုင်တယ်လေ ဒီနည်းကိုသုံးရတာ စိတ်ထဲမှာ မသိုးမသန့်ခံစားရရင် Office 365 forum (www.bit.ly/microsoft 398) မှာဝင်ပြီး အစမ်းသုံးကာလကို ရက်တိုးပေးဖို့ တောင်း ဆိုနိုင်ပါတယ်။ တကယ်လို့ document တစ်ခုခု ဒါမှမဟုတ် spreadsheet တစ်ခုခုကို အရေး တကြီး edit လုပ်ဖို့ လိုနေတယ် ဆိုရင် outlook.com ကရတဲ့ Word နဲ့ Excel web app တွေ ကို အခမဲ့သုံးနိုင်ပါတယ်။ MS Office ကလွဲပြီး တခြားသုံးနိုင် မယ့် Office app နှစ်ခုလည်း ရှိပါသေးတယ်။ Libreoffice (www.libreoffice. org) နဲ့ Open office (www.openoffice.org) တို့ဖြစ်ပါတယ်။

ဒုတိယအနေနဲ့ အွန်လိုင်း Adobe မှာ အစမ်းသုံးကာလ (၁၄) ရက်တိုးပြီး ရအောင်ကြိုးစားကြပါမယ်။ Adobe က သူ့ရဲ့ Creative Cloud program တွေအတွက် အစမ်းသုံးကာလအနေနဲ့ တစ်လခွင့်ပြုပြီးသားပါ။ ဒီလိုခွင့်ပြုတဲ့ ကာလထဲမှာ Photoshop ၊ illustrator ၊ lightroom တွေကိုသုံးနိုင်ပါတယ်။ အစမ်းသုံးခွင့်ပြုကာလပြီးတဲ့နောက်မှာ နောက်ထပ် ဆယ့်လေးရက် သုံးခွင့် ရချင်ရင် အခပေးသုံးပါမယ်ဆိုပြီး ပိုက်ဆံသွင်းရပါမယ်။ ဈေးကတော့ မသေးဘူးဗျ။ ဒေါ်လာရာချီသွင်းရမှာ။ ဒါပေ မယ့် စိတ်မပူပါနဲ့။ အခပေး ငွေသွင်း ထားတာကို ဆယ့်လေးရက်အတွင်း ပယ်ဖျက်ခွင့် Adobe ကပေး ထားပါတယ်။ အဲဒီအားသာ ချက်ကိုသုံးပြီး နောက်ထပ်ဆယ့်လေးရက် အလကား သုံးမှာပါ။ ဆယ့်လေးရက်အတွင်း Adobe မှာ ပယ်ဖျက်ခွင့်တင်ရင် ကိုယ်သွင်းထားတဲ့ငွေကြေး အပြည့်အ၀ကို ပြန်အမ်းပါမယ်။ ပြန်အမ်းမယ်ဆို တဲ့ကိစ္စမှာ လစဉ်ကြေးနဲ့သုံးတဲ့ ကိစ္စအတွက်ရော၊ နှစ်စဉ်ကြေးနဲ့သုံးတဲ့ ကိစ္စ အတွက်ရော အကြုံးဝင်ပါမယ်။ ဒါကြောင့် ဆယ့်လေးရက် အပိုသုံးချင်ရင် လစဉ်ကြေးနဲ့သုံးတဲ့ကိစ္စအတွက်ပဲ ပိုက်ဆံသွင်းသင့်ပါတယ်။ ငွေသွင်းရနည်း တာပေါ့။ ငွေသွင်းတာကို ပယ်ဖျက်ဖို့အတွက် Adobe Customer Care မှာ သွားပြီးလုပ်နိုင်သလို Manage account page မှာလည်း သွားပြီး လုပ်နိုင်ပါ တယ်။ ဆယ့်လေးရက်အတွင်း အချိန်မီ မပယ်ဖျက်နိုင်ရင် နှစ်စဉ်ကြေး သမား တွေမှာ သွင်းထားတဲ့ငွေရဲ့ ထက်ဝက်ကို ဖြတ်ယူပါမယ်။ ဒါပေမယ့် ငွေသွင်း တဲ့လ ကုန်တဲ့အထိ Creative Cloud ကိုသုံးခွင့်ရပါတယ်။ လစဉ်ကြေးသမား က ငွေဆုံးပါမယ်။

နောက်တစ်ခုအနေနဲ့ Spotify premium ကို ဈေးသက်သက်သာသာနဲ့ ကြာကြာလေးကြည့်လို့ရအောင် လုပ်ကြပါမယ်။ Spotify က လစဉ်ကြေး (၁၀) ပေါင်ပါ။ ဒါပေမယ့် ပထမသုံးလကို (၁) ပေါင်နဲ့ ကြည့်ခွင့်ပေးပါတယ်။ auto-renewal ကို ပိတ်ပစ် လိုက်ရင် ကိုယ့် account က အစမ်းသုံးလလွန်ပြီးတဲ့ နောက်မှာ Freepl ထဲ ပြန်ရောက်သွားပါမယ်။ အမှန်တကယ် လစဉ်ကြေး
(၁၀) ပေါင်မသွင်းဘဲ တစ်လ (၁) ပေါင်လောက်ပဲ ပေးကြည့်ချင်ရင် နည်းလမ်း ရှိပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် ကိုယ့် account ထဲကနေ ထွက်ရပါမယ်။ ပြီးရင် account အသစ်လုပ်ဖို့အတွက် sign up လုပ်ရပါမယ်။ ပြီးရင် account အသစ်အတွက် တစ်လ (၁) ပေါင်နှုန်းနဲ့ သုံးလခွင့်ပြုချက်ထပ်ရပါမယ်
account အသစ်အတွက် user name အသစ်ပေးရပါမယ်။ ငွေပေးချေမှု အတွက် အချက်အလက်အသစ်တွေ ထပ်ဖြည့် ရပါမယ်။ ပြီးရင် account setup လုပ်ရပါမယ်။ တကယ်လို့များ Gmail သုံးတယ်ဆိုရင် အီးမေးအသစ် သုံးတယ်လို့ ထင်ရအောင် account ထဲမှာ full stop တွေခံပြီး လှည့်စားလို့ရ ပါတယ်။ account အစစ်မသုံးချင်သူတွေအတွက် ဒီနည်းကို Google က အစောပိုင်းမှာကတည်းက ခွင့်ပြုထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် edwardm.unn@gmail.com ဟာ edwar.dmunn@ gmail.com ဆိုပြီး သုံးနိုင်ပါတယ်။ အတည်ပြုဖို့ အီးမေးဟာ ကိုယ့်ရဲ့ inbox ထဲ ၀င်လာပါမယ်။ တစ်ခါတလေမှာ ဒီနည်းကို spotily က အသိအမှတ်မပြုပေမယ့် အနည်းဆုံး နောက်ထပ်တစ်လတော့ အောက်ကြေးနဲ့ သုံးခွင့်ရပါမယ်။

Spotify ပြီးတော့ Netflix ဖက်လှည့်ပြီး အကြံအဖန်လုပ်ကြပါမယ်။ Netflix မှာက ရုပ်ရှင်တွေစုံပါတယ်။ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ တွေကလည်း အများကြီး သူ့အတွက် လစဉ်ကြေးက တစ်လမှာ (၆) ပေါင်ပါ။ ဒါပေမယ့် အစမ်းတစ်လကြည့်ခွင့် ရှိပါတယ်။ ပိုပြီးကြည့်ချင်သလား။ Spotify မှာလုပ် သလိုပဲ user account အသစ်ဖွင့်ပြီး အခမဲ့သက်တမ်းကို ဆန့်ထုတ်နိုင်ပါ တယ်။ account အသစ် setup လုပ်တိုင်းမှာ အသေးစိတ်အချက်အလက် အသစ်တွေ ဖြည့်ပေးဖို့လိုပါတယ်။ တကယ်လို့ ကတ်အသစ်တစ်ခု အလွယ် တကူ မလုပ်နိုင်ဘူးဆိုရင် (www.getcredit cardnumber.com) မှာဝင်ပြီး ကြွေးဝယ်ကတ်အသစ် ဖန်တီးလို့ရပါတယ်။ ဒါပေမယ့် ငွေသွင်းဖို့တော့ မလိုသေးဘူး။ အခမဲ့ တစ်လကာလအတွင်းမှာ ငွေသွင်းဖို့အစီအစဉ်ကို ပယ်ဖျက် လို့ရပါတယ်။ တကယ်လို့များအိမ်မှာ မိသားစုလေးငါးယောက် လောက်ရှိမယ်။ မိသားဝင်တစ်ယောက်မှာ ကြွေးဝယ်ကတ်တစ်ခုစီ ရှိတယ် ဆိုရင် လူတစ်ယောက်စီရဲ့ ကြွေးဝယ်ကတ်နဲ့ အစမ်းသုံးတစ်လ ခွင့်ပြုချက်တွေ လေးငါးခါလောက် ယူနိုင်ပါတယ်။

နောက်ဆုံးကြိုးစားမှာက BBC ရုပ်သံလွှင့် အစီအစဉ်တွေကို အခမဲ့ download ချဖို့ပါ။ ဒါအတွက် iPlayer လိုပါတယ်။ (www.bit.ly/iplayer395) ကနေ download ချနိုင်ပါတယ်။ သူ့ထဲမှာ BBC ပရိုဂရမ်တွေကို ရက်သုံးဆယ် အတွင်း download ချခွင့်ပြုတယ်။ ရက်သုံးဆယ်ထက်ကျော်ပြီး download ချချင်လည်း ရပါတယ်။ နာမည်ကြီးရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေကို episode တစ်ခုချင်းသာမကဘဲ စီးရီးတစ်ခုလုံးပါ download ချနိုင်ပါမယ်။

နောင်စိုး(ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment