ရွှေအိမ်မက်အစီအစဉ်၏ ကျပ်သိန်း ၂၅၀ အထူးဆုကြီးနှင့် တစ်သက်စာ သုံးစွဲခွင့်ရ ဆုရှင်များကို အူရီဒူးမှ ထုတ်ပြန်ကြေညာ

 


မန်မာနိုင်ငံအတွက် 4G ကွန်ရက်ပထမဦးဆုံး မိတ်ဆက်ဝန်ဆောင်မှု ပေးခဲ့သည့် အူရီဒူးမြန်မာအနေဖြင့် ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်မှ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ (၁၃) ရက်အထိ ကျင်းပခဲ့သည့် နေ့စဉ်၊ အပတ်စဉ်နှင့် အထူးဆုကြီးများစုစုပေါင်း ကျပ်သိန်း ၂ဝဝဝ ကျော်တန်ဖိုးရှိဆုများပါဝင်သော ရွှေအိမ်မက်ကံစမ်းမဲအစီအစဉ်အတွက် ကျပ်သိန်း ၂၅ဝ 
အထူးဆုကြီးနှင့် အူရီဒူးတစ်သက်စာသုံးစွဲခွင့်ဆု ကံထူးရှင်များအား ကြေညာလိုက်သည်။ 



၎င်းဆုချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ မြန်မာပလာဇာ ဒုတိယထပ်ရှိ အူရီဒူးအရောင်းဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အူရီဒူးရွှေအိမ်မက်အစီအစဉ်၏ အထူးဆုကြီးကို ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ကိုမောင်ဝင်း ဆွတ်ခူးရရှိခဲ့သည်။ အူရီဒူးတစ်သက်စာ သုံးစွဲခွင့်ဆုရှင်မှာ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ဦးစိုးဝင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ကံစမ်းမဲအစီအစဉ်အတွက် ဆုပေါင်း ၆ဝဝ ကျော် ချီးမြှင့်ခဲ့ပြီး ရွှေအိပ်မက် ကံစမ်းသည့် အစီအစဉ်တစ်လျှောက်လုံးတွင် စုစုပေါင်း အပတ်စဉ်ဆု ကံထူးရှင် ၇၅ ဦး၊ ရက်တစ်ရက်စီတွင် နေ့စဉ်ဆုကံထူးရှင် ၅ ဦးနှင့် နေ့စဉ်ဆုရှင်ပေါင်း ၂,၆၇၅ ယောက်အား ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။


 Credit Internetjournal
သီဟထိုက်

0 comments:

Post a Comment