♪ Dual Camera နဲ့ Zenfone 3 Zoom ကို ASUS မိတ်ဆက် ♫


လက်ရှိ Las Vegas မှာ ကျင်းပပြုလုပ်နေတဲ့ Consumer Electronics Show (CES) 2017 မှာ Asus အနေနဲ့ ထုတ်ကုန်အသစ်အတော်များများကို ထုတ်ဖော်ပြသလျက်ရှိပြီး Dual Camera နဲ့ Zenfone 3 Zoom ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

the-asus-zenfone-3-zoom-2

ကင်မရာအသားပေးထုတ်လုပ်ထားတဲ့ စမတ်ဖုန်းဖြစ်တာနဲ့အညီ 2.3X optical Zoom ပါဝင်တဲ့ 12MP ကင်မရာနှစ်လုံး (dual camea) နဲ့ အတူ 13MP selfie camera ကိုအသုံးပြုတဲ့အတွက် မြင်ကွင်းဓာတ်ပုံတွေရိုက်ကူးဖို့ ရော selfie ရိုက်ကူးဖို့အတွက်ပါ အကောင်းဆုံး ရုပ်ထွက်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

the-asus-zenfone-3-zoom-1

ကင်မရာပိုင်းသာမက 5000mAh battery ကိုသုံးထားတဲ့အတွက် stand-by အနေနဲ့ (၄၂)ရက် အသုံးခံပြီး 4K video recording ကို (၆) နာရီကျော်ကြာ မနားတမ်းပြုလုပ်နိုင်တယ်လို့လည်းသိရပါတယ်။

Rose Gold, Glacier Silver နဲ့ Navy Black ဆိုပြီး အရောင်သုံးမျိုးထုတ်လုပ်ထားကာ စတင်ရောင်းချမယ့် နေ့နဲ့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

g



Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment