♪ “Gionee က 7000mAh Battery ပါတဲ့ M2017 ကိုမိတ်ဆက်” ♫

Image may contain: one or more people and text

တရုတ် စမတ်ဖုန်းထုတ်လုပ်သူGionee က စီစဉ်ထားတဲ့ နေ့ရက်အတိုင်း M2017 Smartphone ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အဓိကစွဲဆောင်မှုမှာ 7000mAh Battery တပ်ဆင်ထားတာဖြစ်ပါတယ်။ ဒါဟာ တက်ဘလက်များ ရဲ့ ဘက်ထရီထက်တောင် အရွယ်အစားကြီးမားပါတယ်။ 3500mAh Battery ၂ လုံး ထည့် သွင်းထားတာဖြစ်ပါတယ်။

Gionee က ၃၂ နာရီကြာဖုန်းပြော နိုင်ပြီး ၂၆ ကြာဗီဒီယိုများမရပ်မနားကြည့်နိုင် တယ်လို့ ပြောပါတယ်။ သာမန် အသုံးပြုမယ်ဆိုရင်တော့ ၅ ရက်လောက် အသုံးခံမှာ ဖြစ်ပါတယ်။ Qualcomm Snapdragon 653 SoCမောင်းနှင်မှာဖြစ်ပါတယ်။ ၅.၇ လက်မ 2560 x 1440 Pixel Display တပ်ဆင်ထားပါ တယ်။ 6GB RAM တောင်ပါတဲ့အတွက် Apps များစွာကိုတစ်ပြိုင်နက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Internal Storage အပိုင်း မှာတော့ 128GB Modelနဲ့ 256GB Model များရွေးချယ်နိုင်ပါတယ်။ microSD Card Slot တော့ မပါရှိပါဘူး။ 3.5mm Headphone Jack ကိုလည်းဖယ်ရှား ထားပါတယ်။ အနောက်ဘက်မှာ 12MP+ 13MP Camera ၂ လုံးကိုပူးတွဲ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 8MP Selfie Camera ပါပါတယ်။

အရွယ်အစားအပြည့်အစုံမှာ155.2 x 77.6 x 10.78mm ဖြစ်ပြီးအလေးချိန်မှာ ၂၃၈ ဂရမ် ဖြစ်ပါတယ်။ Android 6.0 Marshmallow ကို Amigo 3.5 UI နဲ့ ပေါင်းစပ်ထားပါတယ်။ အရှေ့ဘက်မှာလက်ဗွေရာစစ်ဆေးတဲ့ ကိရိယာ ပါပါတယ်။ တရုတ်မှာမိတ်ဆက်လိုက်တာ ဖြစ်ပြီး 128GB Model ကိုယွမ် ၆၉၉၉ ( ၁၀၁၀ ဒေါ်လာ) သတ်မှတ် ထားပါတယ်။ အနောက်ဘက်မှာအီတလီ မိကျောင်းသားရေဖြင့် ဖုံးအုပ်ထားတဲ့ ဈေး အမြင့်ဆုံးမော်ဒယ်ကို ယွမ် ၁၆,၉၉၉ ( ၂၄၄၆ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ တရုတ်ပြင်ပမှာ ရောင်းချ မယ့် သတင်းကိုမသိရသေးပါဘူး။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment