♪ HTC က စွမ်းဆောင်ရည်သင့် Desire 650 ကို မိတ်ဆက် ♫


HTC က ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ပွဲတစ်ခု ကျင်းပပြီး စမတ်ဖုန်း အသစ် ၃ လုံးကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းများဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများ ဖြစ်နိုင်ပါတယ်။ မမျှော်လင့်ဘဲ HTC က ပွဲမတိုင်ခင်မှာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း အသစ်တစ်လုံးကို ပြသလိုက်ပါတယ်။ Desire 650 ဖြစ်ပြီး စွမ်းဆောင်ရည်သင့် Desire Handsets များရဲ့ မျိုးဆက် ဖြစ်ပါတယ်။ Desire 630 ရဲ့ မျိုးဆက်လို့ ဆိုရင်လည်း မမှားပါဘူး။

HTC Desire 650 ရဲ့ အနောက်ဘက် တစ်ဝက်ဟာ ချောမွတ်ပြီး နောက်တစ်ဝက်ကိုတော့ လက်ထဲမှာ မြဲမြံစွာ ကိုင်နိုင်အောင် ဇကာကွက် ဒီဇိုင်း ဖန်တီးထားပါတယ်။ Desire 650 မှာ ၅ လက်မ HD Display တပ်ဆင်ထားပြီး အလွန်ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်များနဲ့ အသေးစိတ်ကျတဲ့ အရောင်များကို ထုတ်လုပ်ပေးနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အလင်းရောင်နည်းပါးတဲ့ အချိန်များမှာ ဓါတ်ပုံကောင်းများ ရိုက်ကူးနိုင်မယ့် HTC Night Mode ပါပါတယ်။

အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားပါတယ်။ 1.6GHz Quad-Core Snapdragon 400 Processor , 2GB RAM , 16GB Storage ထည့်ပေးထားပါတယ်။ 2TB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ BoomSound အသံနည်းပညာလည်း ထည့်ပေးထားတဲ့အတွက် အသံအရည်အသွေး အလွန်ကောင်းမွန်ပါတယ်။ HTC Desire 650 ကို ဖေဖော်ဝါရီလမှာ ရောင်းချပေးမှာ ဖြစ်ပြီး အပြာရင့်၊ သံပုရာရောင်များ ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းကို မသိရသေးပါဘူး။



Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment