♪ " Huawei Mate 8 " Price - 599,000 Ks ♫

Image may contain: phone

၂ဝ၁၅ ခုနှစ်မှာ ထွက်ရှိထားတဲ့ အကောင်းဆုံး စမတ်ဖုန်းတွေထဲမှာ တစ်လုံးအပါအဝင်ဖြစ်တဲ့ Huawei Mate 8 ယခုနှစ်ထုတ်လုပ်ခဲ့တဲ့ အဆင့်မြင့် စမတ်ဖုန်းတွေနဲ့လည်း ယှဉ်ပြိုင်နိုင်စွမ်း ရှိပါသေးတယ်။ ၄င်းဖုန်းဟာ Huawei Ascend P8, Mate S နဲ့ Nexus 6P တို့ကို ရောနှောပေါင်းစပ် ထုတ်လုပ်ထားသလားလို့တောင် ထင်ရအောင် ၄င်းဖုန်းတွေမှာ ပါရှိတဲ့ features တွေနဲ့ ဒီဇိုင်းပုံစံတွေကို တွေ့ရပါတယ်။ Huawei Asend P8 နဲ့ Mate S တို့လို Metal, Glass နဲ့ နောက်ဆုံးပေါ် materials တွေကို အသုံးပြုပြီး ဒီဇိုင်းပုံဖော်ပေးထားပါတယ်။ ဒါ့အပြင် Nexus 6P လိုပဲ အနောက်ဘက်က အနည်းငယ်ခုံးသွားပါတယ်။

သူ့ရဲ့ ပါးလွှာကျစ်လျစ်တဲ့ ဒီဇိုင်းပုံကြောင့် အရင် models တွေထက် ကိုင်တွယ်သုံးစွဲရတာလည်း ပိုမိုအဆင်ပြေပါတယ်။ ကိုယ်ထည်ကို သတ္တုနဲ့ ပြုလုပ်ထားပြီး အကြမ်းခံအောင် တည်ဆောက်ပေးထား ပါတယ်။ ဖုန်းရဲ့ အရှေ့ဘက်မျက်နှာပြင်က ရှင်းရှင်းလင်းလင်းရှိပြီး မျက်နှာပြင် အောက်ဘက်မှာ Huawei Logo တစ်ခုတည်းကို တွေ့မြင်နိုင်ပါတယ်။ တောက်ပပြောင်လက်နေတဲ့ နောက်ကျောဘက်မှာလည်း အနောက်ကင်မရာ တည်ရှိပြီး ၄င်းကင်မရာရဲ့ အောက်ဘက်နဲ့ ဘေးဘက်တို့မှာ Fingerprint Scanner နဲ့ Flash မီးလုံးတို့ ရှိပါတယ်။ ၄င်း fingerprint scanner က လုပ်ဆောင်ချက်တွေ မှန်ကန်တိကျပြီး သင့်ဖုန်းရဲ့လုံခြုံရေးပိုင်းကို အပြည့်အဝ ကာကွယ်ပေးနိုင်ပါတယ်။


ပါးလွှာကျစ်လျစ်တဲ့ ကိုယ်ထည်ဒီဇိုင်းလေးနဲ့ လိုက်ဖက်ညီတဲ့ ရွှေရောင်၊ ငွေရောင်၊ မီးခိုးရောင်နဲ့ အညိုရောင်တို့ကို ထုတ်လုပ်ပေးထားပါတယ်။ GSM, HSPA နဲ့ LTE networks တွေမှာ အဆင်ပြေပြေသုံးစွဲနိုင်ပြီး Nano SIM card 2 card ကိုထည့်သုံးနိုင်တဲ့ dual-SIM စနစ်ပါရှိပါတယ်။ SIM 1 က 4G စနစ်ဖြစ်ပြီး SIM 2 က 2G ဖြစ်ပါတယ်။ ဖုန်းအရွယ်အစားက 157.1 x 80.6 x 7.9 mm ရှိပြီး အလေးချိန်က 185g လေးပါတယ်။ အရှေ့မျက်နှာပြင်က 6.0-inch အကျယ်ရှိပြီး IPS-NEO LCD capacitive touchscreen display နဲ့ ပြုလုပ်ပေးထားပါတယ်။ ၄င်းမျက်နှာပြင်က 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းတွေကို ပြသပေးနိုင်ပြီး ၁ လက်မအတိုင်းအတာမှာ ~368 ppi pixels သိပ်သည်းဆပမာဏကို ရရှိမှာပါ။


မျက်နှာပြင်ကို ပြုတ်ကျမှုဒဏ်တွေကနေ ခံနိုင်ရည်ရှိအောင်နဲ့ အစင်းရာတွေ၊ အခြစ်ရာတွေကို လွယ်လွယ်ကူကူ မဖြစ်စေဖို့ Corning Gorilla Glass 4 နဲ့ ဖုံးအုပ်ကာကွယ်ပေးထားပါတယ်။ ၄င်းမျက်နှာပြင်ပေါ်မှာ လုပ်ဆောင်ချက်တွေကို တစ်ပြိုင်နက်တည်းနဲ့ လျင်မြန်စွာပြုလုပ်နိုင်ဖို့အတွက် multi-touch စနစ်လည်း ပါရှိပြီး အသုံးပြုထားတဲ့ User Interface ကတော့ Emotion UI 4.0 ပါ။ Operation System အနေနဲ့လည်း Android OS , v6.0 (Marshmallow) ကို run ထားပြီး နောက်ဆုံးပေါ် Android version ဖြစ်တဲ့ v7.0 (Nougat) အထိ ထပ်မံအဆင့်မြှင့်တင်နိုင်ပါတယ်။ အထဲမှာ ကိုယ်သိမ်းချင်တဲ့ဖိုင်တွေကို သိမ်းဆည်းဖို့အတွက် internal memory 32GB, RAM 3GB ဆိုတဲ့ version နဲ့ 64GB, RAM 4GB ဆိုတဲ့ version ၂ မျိုးကို ခွဲခြားထုတ်လုပ်ပေးထားပါတယ်။ Version ၂ ခုလုံးမှာ Micro SD card ရဲ့ အကူအညီကို 128GB အထိ ရယူနိုင်တာကြောင့် အဆင်ပြေပါတယ်။


16MP ရှိတဲ့ အနောက်ကင်မရာမှာ Optical Image Stabilization စနစ်ပါရှိပြီး ရွေးချယ်နိုင်တဲ့ modes တွေလည်း အများကြီး ထောက်ပံ့ပေးထားပါတယ်။ အရှေ့ကင်မရာက 8MP ပါရှိပြီး ကင်မရာ ၂ ခုစလုံးက HD ဗီဒီယိုတွေကို ရိုက်ယူပေးနိုင်တဲ့အပြင် ဓာတ်ပုံတိုင်းက ကြည်လင်ပြတ်သားပြီး သဘာဝကျတဲ့ အရောင်အသွေးတွေကို ပေးစွမ်းနိုင်ပါတယ်။ သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး ကူညီပေးနိုင်တဲ့ features တွေကိုလည်း ထည့်သွင်းထားပါတယ်။ ဥပမာအနေနဲ့ ဖုန်း contacts ထဲကို business cards တွေကို scan ရိုက်ပြီး သိမ်းဆည်းတာတွေ၊ Android Auto ကိုသုံးကာ ကားရဲ့ infotainment စနစ်နဲ့ ဖုန်းကိုချိတ်ဆက်တာတွေအပြင် Knukle Gestures ကိုသုံးပြီး ပိုမိုလျင်မြန်တိကျတဲ့ လုပ်ဆောင်ချက်တွေကို သက်သက်သာသာ ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်

* Battery Life *

Non-Removable Li-Po 4000mAh Battery က ဖုန်းအလွန်အကျွံသုံးတွေက (၁) ရက်လောက် လုံလုံလောက်လောက် သုံးနိုင်ပြီး သာမန်အသုံးပြုသူတွေဆိုရင် (၂) ရက်ခွဲခန့် သုံးနိုင်ပါတယ်။ ဒါ့အပြင် မိနစ် (၉ဝ) အတွင်း ဖုန်းဘက်ထရီအပြည့် ပြန်လည်ဖြည့်တင်းနိုင်ပါတယ်

* Design *

Mate 8 ဖုန်းဟာ Mate series တွေရဲ့ထုံးစံအတိုင်း ပါးလွှာမှုကို ဦးစားပေးထားပြီး တည်ဆောက်ပုံဒီဇိုင်းနဲ့ အသုံးပြုထားတဲ့ အဆင့်မြင့်ပစ္စည်းတွေကြောင့် ခန့်ညားထည်ဝါမှုလည်း ရှိပါတယ်။ ရရှိနိုင်တဲ့ အရောင် ၄ မျိုးလုံးက တစ်မျိုးစီဆန်းသစ်လှပမှုရှိပြီး မြင်လိုက်တာနဲ့ နောက်ဆုံးပေါ်စမတ်ဖုန်းတစ်လုံးမှန်း သိသာစေပါတယ်။

* Processor *

Huawei Mate 8 ကိုယ်ထည်ထဲမှာ RAM 3GB (သို့) 4GB ပါရှိတဲ့ Octa-core (4x2.3GHz Cortex-A72 & 4x1.8GHz Cortex-A53) processor နဲ့ HiSilicon Kirin 950 chipset ကို ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Mali-T880 MP4 GPU ကလည်း ပါဝင်အားဖြည့်ပေးထားတာကြောင့် စက်စွမ်းဆောင်ရည်က အလွန်ကောင်းမွန်ပါတယ်။

* Display and Camera *

6.0-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို IPS-NEO LCD capacitive touch screen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး Full HD မြင်ကွင်းတွေကို မြင်တွေ့နိုင်မှာပါ။ Huawei Mate 8 မှာ 16MP ရှိတဲ့ အနောက်ကင်မရာနဲ့ 8MP ရှိတဲ့ အရှေ့ကင်မရာတို့ကိုတပ်ဆင်ထားပြီး လှပတဲ့ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို စိတ်တိုင်းကျရိုက်ယူနိုင်ပါတယ်။

* Verdict *

Huawei ရဲ့ ပါးလွှာတဲ့ကိုယ်ထည်၊ စွမ်းဆောင်ရည်မြင့်မားမှု၊ ဘက်ထရီစား သက်သာမှု၊ အရည်အသွေးမြင့်တဲ့ကင်မရာနဲ့ ယုံကြည်စိတ်ချရတဲ့ Fingerprint Scanner တို့ကြောင့် ယခုထိတိုင် လူကြိုက်များပြီး ဈေးကွက်ထဲမှာ ရောင်းအားကောင်းတဲ့ဖုန်းတစ်လုံးအဖြစ် ရပ်တည်နေနိုင်တာပဲ ဖြစ်ပါတယ်။






Specification
» Network : GSM/HSPA/LTE (Dual-SIM)
» Weight : 185 g
» Display : 6.0", IPS-NEO LCD capacitive touchscreen
» Dimensions : 157.1 x 80.6 x 7.9 mm
» Memory : 32GB, 3GB RAM, microSD, up to 128GB
» Camera : 16MP, Front : 8MP, optical image stabilization phase detection, autofocus, 1/2.8' sensor size, dual-LED (dual tone) flash, geo-tagging, touch focus, face/smile detection, HDR, panorama
» Connectivity : GPS, WLAN, Bluetooth 4.2, microUSB v2.0
» OS : Android OS, v 6.0 (Marshmallow)
» Chipset : HiSilocon Kirin 950, GPU : Mali-T880 MP4
» Sensor : Fingerprint, accelerometer, gyro, proximity, compass
» Protection : Corning Gorilla Glass 4, Emotion UI 4.0

Contact Phone - 01-9000900 ( Huawei Showroom )

Price - 599,000 Ks

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment