♪ “Huawei က Obsidian Black Mate 9 ကိုရောင်းချ” ♫

Image may contain: phone

၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ မိတ်ဆက်ခဲ့တဲ့ Huawei Mate 9 အတွက် အရောင်သစ်တစ်မျိုးကိုမိတ်ဆက် လိုက်ပါတယ်။ Obsidian Black ဖြစ်ပြီး မည်းနက်တောက်ပြောင်တဲ့ အရောင် ဖြစ်ပါတယ်။ Specifications နဲ့ ဈေးနှုန်းများမှာ ယခင် မော်ဒယ်များနဲ့ တူညီပါတယ်။ ဒီဇင်ဘာလ ၂၅ ရက်မှာ စတင် ရောင်းချပေး ခဲ့ပါတယ်။ 

Huawei Mate 9 မှာ ၅.၉ လက်မ Full HD Display တပ်ဆင်ထားပြီးတစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၃၇၃ ဖြစ်ပါ တယ်။ Dual-SIM Phone ဖြစ်တဲ့အတွက် SIM Card ၂ ခုကိုတစ်ပြိုင်နက် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ HisiliconKirin 960 Octa-Core Chipset ထည့်သွင်းထားပြီး 2.4GHz Cortex-A73 ၄ လုံးနဲ့ 1.8GHz Cortex-A53 ၄ လုံးပါရှိပါတယ်။ Mali-G71 MP8 GPU တပ်ဆင်ထားပါတယ်။ 64GB Internal Storage, 4GB RAM, 4000mAh Battery တပ်ဆင်ထားပါတယ်။

256GB အထိ ၀င်ဆန့်တဲ့ microSD Card ကိုအသုံးပြုနိုင်ပါတယ်။ အနောက်ဘက်မှာ 20MP+12MP Dual Camera တပ်ဆင်ထားပြီး Phase Detection Autofocus နဲ့ Laser Autofocus နည်းပညာပါပါတယ်။ အနောက်ကင်မရာက 4K Video များကိုရိုက်ကူးပေးနိုင်ပါတယ်။ အနောက်ကင်မရာကို LED Flash ၂ လုံးနဲ့ တွဲဖက် တပ်ဆင်ထားပါတယ်။

အရှေ့ဘက်မှာ 8MP Selfie Camera တပ်ဆင် ထားပြီးFull HD Video များရိုက်ကူးပေးနိုင်ပါတယ်။ နောက်ဆုံးထုတ် Android Nougat ကို မြည်းစမ်းနိုင်မှာဖြစ်ပါတယ်။ Fingerprint Reader ကို အနောက်ဘက် မှာတပ်ဆင်ထားပါတယ်။ ဒေတာကူးပြောင်းခြင်းနဲ့ အားသွင်း ရာမှာ လျင်မြန်တဲ့ USB Type-C Port တပ်ဆင်ထားတဲ့အပြင် လျင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာပါပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment