♪ “Lenovo K4 Note” ♫

Image may contain: phone

အသုံးပြုနိုင်မယ့် Network အမျိုးအစားကတော့ 2G, 3G, 4G တို့ ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်အရွယ်အစား ပမာဏကတော့ 153.6x76.5x 9.2 mm ဖြစ်ကာ အလေးချိန်ကတော့ 158g ရှိပါတယ်။ SIM Card 2 Card ထည့်သွင်း အသုံးပြု နိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ခြင်းကြောင့် ဖုန်းနံပါတ်များစွာ ကိုင်ဆောင်အသုံးပြုနေသူများအဆင်ပြေစေပါလိမ့်မယ်။

ထည့်သွင်း သုံးစွဲရ မယ့် SIM Card အမျိုးအစားကတော့ Micro SIM ပါ။ ဖုန်းမျက်နှာပြင်အတွက် အသုံးပြုပေးထားသော touchscreen ကတော့ IPS LCD capacitive touchscreen ဖြစ်ပါတယ်။ မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ရှိပြီး မြင်ကွင်း စွမ်းရည်အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏက တော့ 1080x1920 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် pixel ပမာဏ သိပ်သည်းဆကတော့ 401ppi ပါ။ အကြမ်းအတမ်းခံသော ဖုန်းမျက်နှာပြင်ဖြစ် စေဖို့အတွက် Gorilla Glass 3 နဲ့ ဖုံးအုပ်ပေးထား ပါတယ်။ အဓိကကင်မရာ သည် 13MP,f/2.2 စွမ်းရည်ရှိပြီး၊ ရှေ့ကင်မရာငယ်ကတော့ 5MP,f/2.2 စွမ်းရည်ရှိပါတယ်။ Dual LED (Dual-tone)Flash အသုံးပြုနိုင်မယ့်ဖုန်းပါ။ 1080p စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးပါက တစ်စက္ကန့်ကို 30frames နှုန်းရရှိ ပါမယ်။

A7010a48 ဟာ RAM 3GB ပါရှိပြီး မှတ်ဥာဏ်ပမာဏ 16GB ပါရှိပါတယ်။ အချက်အလက်အများအပြား သိမ်းဆည်းနိုင်စေဖို့ အတွက်လည်း မှတ်ဥာဏ် ပမာဏကိုတိုးချဲ့သုံးစွဲနိုင်ပါမယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ Lollipop ဖြစ်ပြီး၊ Marshmallow သို့လည်း အဆင့်မြှင့်တင်သုံးစွဲနိုင်ပါမယ်။ 


ထည့်သွင်းပေးထားသော Chipset ကတော့ Mediatek MT6753 ဖြစ်ပြီး၊ CPU စွမ်းရည်မှာ Octa-core 1.3GHz ဖြစ်ပါတယ်။ GPU ကတော့ Mali-720 MP3 ပါ။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစားကတော့ Li-Po 3300mAh ဖြစ်ပြီး၊ 3G Network တွင် နာရီ ၂၀ ကျော်ကြာ စကားပြောဆိုဖို့ ခံနိုင်စွမ်း ရှိပါမယ်။ လက်ဗွေရာစနစ်လည်း အသုံးပြုနိုင်ပါမယ်။

<Specification>

Network - GSM/ WCDMA/LTE
Memory - 16GB
CPU - Octa Core
Camera - 13MP
Screen - 5.5 inches
OS - Android OS, v5.1.1
Contact - 09-73171214

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment