♪ Lenovo က ThinkPad X1 Carbon မော်ဒယ်အသစ်ကို မိတ်ဆက် ♫


ပဌ္စမ မျိုးဆက် ThinkPad X1 Carbon လက်တော့ကို Lenovo က မိတ်ဆက်လိုက်ပါတယ်။ ဒီဇိုင်းအပိုင်းမှာတော့ ယခင်မျိုးဆက်နဲ့ ဆင်တူပေမယ့် မျိုးဆက်သစ်ဟာ အရွယ်ပိုမို သေးငယ်ပြီး ၂.၅ ပေါင်သာ အလေးချိန်ရှိပါတယ်။

ယခင်မျိုးဆက်ကတော့ ၂.၇ ပေါင်ရှိပါတယ်။ မော်ဒယ်အသစ်မှာ ၁၄ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ WQHD Display Model ကိုလည်း ရွေးချယ်နိုင်ပါတယ်။ Intel ရဲ့ သတ္တမမျိုးဆက် Core i7 Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ 16GB RAM , 1TGB SSD Storage အထိ ရွေးချယ်နိုင်ပါတယ်။ တစ်ခါအားသွင်းထားရင် ၁၅.၅ နာရီ အသုံးခံပါတယ်။ Microsoft Precision Trackpad ကိုလည်း ထောက်ပံ့ပေးပါတယ်။

SD Card Slot ၁ ခု နဲ့ USB Type-C Port ၂ ခု ၊ USB-A Port ၂ ခု ၊ HDMI Port ၁ ခု ပါပါတယ်။ လက်ဗွေရာ လုံခြုံရေး ကိရိယာနဲ့ အသုံးပြုသူရဲ့ မျက်နှာကို အာရုံခံနိုင်တဲ့ Infrared Camera တပ်ဆင်ထားပါတယ်။



Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment