♪ “LG က ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ Stylus 3 ကို မိတ်ဆက်” ♫

Image may contain: one or more people and phone

LG က ယခင်နှစ် ဒီဇင်ဘာလမှာ အကြိုမိတ်ဆက်ခဲ့တဲ့ Stylus 3 ကို CES မှာ တရားဝင် မိတ်ဆက်လိုက် ပါတယ်။ အမေရိကန်မှာတော့ Stylo 3 အမည်ဖြင့် ရောင်းချမှာဖြစ်ပြီး အခြားနိုင်ငံများမှာ Stylus 3 အမည်ဖြင့် ရောင်းချမှာဖြစ်ပါတယ်။

အမည်ကွဲပြားခြင်းရဲ့ အကြောင်းအရင်းကိုတော့ LG က မပြောကြား ပါဘူး။ Styus 3 ရဲ့ အရွယ်အစား အပြည့်အစုံမှာ (155.6 x 79.8 x 7.4 mm) ဖြစ်ပြီး အလေးချိန်မှာ ၁၄၉ ဂရမ်ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် ဘောပင် ပါရှိပြီး ပုံဆွဲခြင်း၊ စာရေး ခြင်းများကို ပြုလုပ်နိုင်ပါတယ်။

အနက်နဲ့ ပန်းရောင်များ ထုတ်လုပ်ပေးထားပါတယ်။ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းဖြစ်ပြီး ၅.၇ လက်မ HD Display တပ်ဆင် ထားပါတယ်။ 1.5GHz MediaTek Octa-Core Chipset မောင်းနှင်မှာဖြစ်ပါတယ်။ အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 8MP Camera တပ်ဆင်ထားပါတယ်။ 

3200mAh Battery တပ်ဆင် ထားပြီး ဆက်သွယ်မှုအပိုင်းမှာ WiFi 802.11 b/g/n, Bluetooth 4.2, USB 2.0 Type B တို့ကို အထောက်အပံ့ပေးပါတယ်။ လက်ဗွေရာ စစ်ဆေးတဲ့ကိရိယာလည်း တပ်ဆင်ထားပါတယ်။ LG က Stylus 3 ကို ရောင်းချမယ့် ဈေးနှုန်းနဲ့ နေ့ရက်ကို ကြေညာခြင်း မရှိသေးပါဘူး။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment