♪ “OPPO A37” ♫

Image may contain: phone

4G ကွန်ရက်စနစ်မှာ အသုံးပြုနိုင်မယ့်ဖုန်းဖြစ်ပါတယ်။ 4G ကွန်ရက်ကို အဆင့်မြှင့်တင်နေသော အချိန်အခါဖြစ်ခြင်း ကြောင့်လည်း သုံးစွဲသူများ အတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာ Premium ထုတ်ကုန် တစ်ခုလိုမျိုး သတ္ထုစပ်ကိုယ် ထည်မျိုးကို အသုံးပြုရမှာဖြစ်ပြီး ဒီနေ့ခေတ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ဆန်မှုကို ပေးအပ်ထားပါတယ်။

ဖုန်းရဲ့ အရွယ်အစား ပမာဏ ကတော့ 143.1×71×7.7 mm ဖြစ်ကာ အလေးချိန်မှာ 136g ရှိပါ တယ်။ သူ့ရဲ့ ကင်မရာပိုင်းကိုကြည့်ရင် ရှေ့ကင်မရာက 5MP, f/2.4 နဲ့ နောက်ကင်မရာက 8MP, f/2.0 ရှိပြီး ကြီးမားတဲ့ sensor အမျိုးအစားသုံးထား တဲ့ အားသာချက်ကြောင့် အလင်းဝင်မှု ပိုင်းမှာ သူနဲ့အလားတူထုတ်ကုန်တွေနဲ့ ယှဉ်ရင် အများကြီးသာလွန်ကောင်းမွန်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ Geo-tagging, Touch focus, Face Detection, Panorama စသော ကင်မရာ ဆက်စပ် ပတ်သက်စနစ်များလည်း အသုံးပြုနိုင်ပါတယ်။

ဗီဒီယိုရိုက်ကူး နိုင်မယ့်စွမ်းရည်ကတော့ 1080p ဖြစ်ကာနှုန်းမှာ တစ်စက္ကန့်ကို 30 Frames ပါ။ ဒါက ဒီနေ့ စမတ်ဖုန်းသုံးစွဲသူ တွေမှာ လိုအပ်နေတဲ့အချက်ကို အဓိက ပေးစွမ်းထားတာဖြစ်ပါတယ်။ အထူးသဖြင့် Value for Price ဖုန်းအမျိုးအစား ပါ။ ပေးရတာနဲ့ထိုက်တန်တဲ့ အရည်အသွေးမျိုးရရှိစေမယ့် ဖုန်းအမျိုးအစား အဖြစ် သတ်မှတ်နိုင်ပါတယ်။

မျက်နှာပြင်အရွယ်အစားမှာ 5 inches အရွယ်အစားရှိပြီး မျက်နှာပြင် ရုပ်ကြွ သဘော မျိုးခံစားရစေဖို့ 2.5D Arc Edge screen ကိုပါ အသုံးပြုပေး ထားပါ တယ်။ ဖုန်းတစ်လုံးအတွက် ပြင်ပအစိတ်အပိုင်းတွေထဲမှာ အထူးအရေးပါတဲ့ မျက်နှာပြင်ကိုကာကွယ်ပေးနိုင်စေဖို့ Corning ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ Gorilla Glass 4 နဲ့ဖုံးအုပ်ပေးထားပါသေးတယ်။ 


SD ကတ်ကို သီးသန့် စိုက်ထည့်သုံးနိုင်စေဖို့ တတိယမြောက် slot ပေါက်ကိုလည်း ထောက်ပံ့ ပေးထားလို့ အချိန်မရွေးနောက်ထပ် SD ကတ်တစ်ခုကို data များများ သိုလှောင်နိုင်စေဖို့ အသုံးပြုနိုင်စေပါတယ်။

<Specification>

Network - GSM/HSPA/LTE
Memory - 16 GB
CPU - Quad Core 1.2 GHz
Camera - 8MP
Screen - 5 inches
OS - Android OS, v5.1
Contact - 01-381035

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment