Super 8 ဖလင်ကင်မရာကို CES 2017 တွင် Kodak မိတ်ဆက်ပြသ

 

လက်စ်ဗီးဂက်စ်တွင် ကျင်းပပြုလုပ်ခဲ့သော CES 2017 ပြပွဲ၌ Kodak က Super 8 ဖလင်ကင်မရာကို မိတ်ဆက်ပြသ ခဲ့သည်။

8mm film cartridge များအသုံးပြုသည့် အဆိုပါကင်မရာတွင် LCD display တစ်ခုပါဝင်သည်။ ကျောဘက်တွင် အသံအတွက် input/output များပါဝင်သလို external monitor တစ်ခုအတွက် mini-HDMI port တစ်ခုပါဝင်သည်။ SD card slot တစ်ခုပါဝင်သောကြောင့် Super 8 ကို အသံဖမ်းယူရာတွင် အသုံးပြုနိုင်သည်။ Built-in ပါဝင်သည့် ဘက်ထရီကလည်း film cartridge ၁၂ ခုမှ ၁၅ ခု ရိုက်ကူးနိုင်သည်အထိ တာရှည်ခံကြောင်း သိရသည်။ Cartridge တစ်ခုလျှင် ၂ မိနစ်-၃ မိနစ်စာ ရိုက်ကူးနိုင်သည်။



Super 8 တွင် C-mount အတွက် wide angle lens တစ်ခုပါဝင်သည်။ ထို့အပြင် ယခင် C-mount lens များဖြင့်လည်း အသုံးပြုနိုင်သည်။ Third party adapter တစ်ခုမှတစ်ဆင့် Nikon F-mount ကဲ့သို့ အခြားသော mount များမှ manual focus နှင့် aperture lens များကိုလည်း အသုံးပြုနိုင်သည်။ Super 8 က 18,24,25 နှင့် 36 frames-per-second ဖြင့် ရိုက်ကူးပေးနိုင်သည်။

ကင်မရာတွင် အပေါ်ဘက်လက်ကိုင်တစ်ခုနှင့် ဖြုတ်နိုင်တပ်နိုင်သော ပစ္စတိုလက်ကိုင်တစ်ခု ပါဝင်သည်။
Super 8 ကို Limited edition နှင့် Standard edition ဟူ၍ နှစ်မျိုးရရှိနိုင်မည်ဖြစ်သည်။ Limited Edition အတွက် ဒေါ်လာ ၂,၀၀၀ ကျသင့်မည်ဖြစ်ပြီး ၂၀၁၇ မတ်လတွင် တင်ပို့ရောင်းချမည် ဖြစ်သည်။ Standard Edition ၏ တန်ဖိုးနှင့် ရောင်းချမည့်အချိန်ကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

Ref: CNET

Credit Internetjouranl
သီဟထိုက်
www.thihahtike.com

0 comments:

Post a Comment