♪ " အခမဲ့ အကောင်းဆုံး Video Downloaders And Converters " ♫

No automatic alt text available.

ဆောင်းပါးရှင် - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
Converter လိုချင်လျှင် format factory ရှိသည်။ အရုပ်ဖိုင်၊ အသံဖိုင်၊ ဗီဒီယိုဖိုင်အားလုံးကို စိတ်ကြိုက် format ပြောင်းနိုင်သည့် converter ဖြစ်သည်။ အခမဲ့ရသည်။ အလုပ်လုပ်ရာ၌မြန်သည်။ ကြော်ငြာကင်းစင်သည့် converter လုပ်ငန်းသက်သက်အတွက်ဆိုလျှင် ပြည့်စုံသည်ဟုဆိုနိုင်သည်။ သို့သော် format factory က အွန်လိုင်းဗီဒီယိုများကို download မချနိုင်သည့် အားနည်းချက်ရှိသည်။ YouTube နှင့် Facebook ဗီဒီယိုများကို download လည်း ချချင်သည်။ မိမိ၏လက်ကိုင်ဖုန်းထဲမှာ အလွယ်တကူကြည့်၍ရအောင် format လည်း ပြောင်းချင်သည်ဟုဆိုလျှင် download နှင့် convert အလုပ်နှစ်မျိုးလုံးကို လုပ်ပေးနိုင်သော software များကို သုံးရပါမည်။ အခမဲ့ရနိုင်သည့် ယင်း software တို့အနက်မှ အကောင်းဆုံးဆိုသည်တို့ကို အောက်ပါအတိုင်း တွေ့ရပါမည်။

TEncoder Video Converter
www.bit.ly/te 409 မှ download ချပြီး အခမဲ့အသုံးပြုနိုင်သည်။ ဗီဒီယို download ရော convert ရော နှစ်မျိုးစလုံးဆောင်ရွက်ပေးနိုင်သော software နှစ်မျိုးရှိသည်။ တစ်မျိုးမှာ offline သုံးနိုင်သော အမျိုးအစားဖြစ်ပြီး နောက်တစ်မျိုးမှာ အွန်လိုင်းသို့တက်၍ ဆောင်ရွက်ရသော အမျိုးအစား ဖြစ်သည်။ ယင်း software နှစ်မျိုးတွင် အားသာချက်၊ အားနည်းချက် ကိုယ်စီရှိကြပါသည်။ ထို့ပြင် အသုံးပြုရလွယ်ပြီး ဆွဲဆောင်မှုရှိသည့် interface ပါဝင်သော software မျိုးမှာ adware အပါအဝင် မလိုအပ်ဘဲ တွဲထည့်ပေးလိုက်သော program များ ပါဝင်နေတတ်ပါသည်။ ထို့ကြောင့် ယင်း software မျိုး install လုပ်ချိန်တွင် မလိုသောအရာများ ပါမလာအောင် သတိထားလုပ်ဆောင်သွားရပါမည်။ အခမဲ့ အကောင်းဆုံးစာရင်းတွင်ပါဝင်သော freemake Video converter သည် ယင်းကဲ့သို့သော software မျိုးဖြစ်သည်။

ယခုအချိန်တွင် အကောင်းဆုံးအဆင့်ရှိနေသော TEncoder သည် အဆင်အပြင်ရှင်းလင်းပြီး adware များလည်း မပါဝင်ပါ။ သို့သော် Freemake ကဲ့သို့ ရိုးရှင်းသော interface နှင့် လျင်မြန်သွက်လက်စွာ လုပ်ဆောင်နိုင်မှုမျိုး မရှိပါ။ TEncoder ၏ ပင်မ window တွင် ရွေးချယ်နိုင်သော tab သုံးမျိုး ပါသည်။ အွန်လိုင်း (ဥပမာ You Tube) မှနေ၍ ဗီဒီယိုဆွဲချလိုသည် သို့မဟုတ် DVD ထဲမှ ဗီဒီယိုကို extract လုပ်လိုသည် သို့မဟုတ် hard drive ပေါ်ရှိသော ဗီဒီယိုကို convert လုပ်လိုသည် စသည်တို့အပေါ် မူတည်၍ သက်ဆိုင်ရာ tab ကို ရွေးချယ်ရပါမည်။

Tab တစ်ခုစီ၏ အပေါ်နားတွင် button များစွာပါဝင်သော toolbar ရှိသည်။ ယင်းနေရာမှနေ၍ ဗီဒီယို download ချခြင်း သို့မဟုတ် convert လုပ်ခြင်းကို လိုအပ်သလို ထိန်းချုပ်နိုင်သည်။ မိမိပြုလုပ်လိုသော အလုပ်ကိုရွေးချယ်ပြီးလျှင် setting ထဲသို့ဝင်၍ မိမိ၏ device နှင့် ကိုက်ညီသော video output ဟုတ်မဟုတ် စစ်ဆေးရပါမည်။ TEncoder တွင် help file လုံးဝထည့်ပေးမထားပါ။ ထို့ကြောင့် လုပ်ရင်းကိုင်ရင်း စမ်းသပ်ရင်း လိုအပ်သလို ပြုပြင်ရမည့် အနေအထားဖြစ်သည်။

သို့သော် လုပ်ရင်းကိုင်ရင်း TEncoder နှင့်ပတ်သက်သည့် သတင်းအချက်အလက်အပြည့်အစုံကို သိသွားပြီဆိုလျှင် နောက်ဆုံးထွက်မည့် ဗီဒီယိုနှင့်ပတ်သက်ပြီး လိုအပ်သလို control လုပ်နိုင်ပါမည်။ ယင်းတို့ထဲတွင် resolution, frame rate နှင့် ဖိုင်သိမ်းမည့်နေရာ စသည်တို့ပါဝင်ပါသည်။ အဆင့်မြင့်သုံးစွဲသူများအနေဖြင့်မူ လှည့်ကွက်များစွာကိုသုံးပြီး မိမိလိုအပ်ချက်နှင့်ကိုက်ညီအောင် ပြုလုပ်နိုင်ပါလိမ့်မည်။ အခမဲ့ Software ဖြစ်သည့်အတွက် မိမိပြုလုပ်သောဗီဒီယိုတွင် ရေစာထည့်ခြင်း၊ splash screen ထည့်ခြင်းတို့ ရှိပါသည်။

TEncoder သည်ကြော်ငြာကင်းစင်စွာသုံးနိုင်သဖြင့် အများစုနှစ်သက်ဖွယ် ဖြစ်ပါသည်။ သို့သော် Mobile device များနှင့် ကိုက်ညီမည့် preset များထည့်ပေးလျှင် ပို၍သုံးရလွယ်ကူပါမည်။ TEncoder အကြောင်းအူမ ချေးခါးသိသွားသည့်အခါ မတူညီသော device တို့အတွက် format ကို လိုအပ်သလိုပြောင်းနိုင်မည်ဖြစ်သော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ setting ကို အလွယ်တကူရှာဖွေနိုင်ရန် လိုအပ်နေပါသေးသည်။ User interface သည် အလွန်ပင်ဟောင်းနွမ်းကာ အဆင်မပြေဖြစ်နေသည့်အတွက် အလုံးစုံအသစ်ပြုပြင်ရေးဆွဲရန် လိုပါမည်။ အရုပ်ဆိုးသော drop down menu များစွာထည့်ထားခြင်း၊ button အနည်းငယ်သာ ပေးထားခြင်းတို့ကိုလည်း ပြုပြင်ရန်လိုပါဦးမည်။

Freemake Video Converter
www.bit.ly/fm 409 မှနေ၍ download ချပြီး အခမဲ့အသုံးပြုနိုင်ပါသည်။ Freemake သည် ရင်းနှီးလွယ်သော interface ရှိသည့်အပြင် download ကို ပါတွဲထည့်ပေးထားခြင်းကြောင့် အသုံးပြုရသည်မှာ အလွန်လွယ်ကူပါသည်။ သို့သော် adware အပါအဝင် မလိုအပ်သော software များပါဝင်နေသည့် installation အဆင့်ကို ကျော်ဖြတ်နိုင်သော ဦးစွာကြိုးစားရပါမည်။ Freemake ထဲတွင် မလိုလားအပ်သော software များပါဝင်နေခြင်းကြောင့် အခြားလုံခြုံရေး software များက ပိတ်ဆို့ခြင်းကိုလည်း ခံလာရနိုင်ပါသေးသည်။ ထို့ကြောင့် installation တွင် သတိထားရပါမည်။

Install လုပ်ခြင်းအဆင့်ကို ကျော်ဖြတ်နိုင်ပြီဆိုလျှင် အသုံးပြုရခြင်းမှာ အလွန်ရိုးရှင်းလွယ်ကူသည်။ မိမိ convert လုပ်လိုသော ဗီဒီယိုတို့ကို drag and drop နည်းဖြင့် ဆွဲထည့်ပေးရုံသာဖြစ်ပါသည်။ အွန်လိုင်းဗီဒီယို (အထူးသဖြင့် YouTube နှင့် Facebook) ဆွဲချမည်ဆိုလျှင် ဆွဲချမည့်လိပ်စာကို copy ကူးရပါမည်။ ပြီးလျှင် past URL button တွင် ကလစ်နှိပ်ရပါမည်။ Editing tool ၏ထူးခြားချက်မှာ မလိုလားအပ်သော အစိတ်အပိုင်းများကို ဖယ်ထုတ်နိုင်ခြင်းဖြစ်သည်။
ဗီဒီယိုကားပိုင်းတစ်ခုအား convert လုပ်ရန် အဆင်သင့်ဖြစ်သည့်အခါ ဗီဒီယို profile တစ်ခုကို ကလစ်နှိပ်ရုံသာဖြစ်သည်။ ဥပမာဆိုရလျှင် AVI သို့မဟုတ် Apple ကို ရွေးပေးခြင်းဖြစ်သည်။ ယင်းနောက်သုံးမည့် deivce (iPhone) ကို ရွေးပေးခြင်းမျိုးဖြစ်သည်။ သို့တည်းမဟုတ် fixed resolution ကိုလည်း ရွေးပေးနိုင်သည်။ ပြီးလျှင် convert button တွင် ကလစ်နှိပ်ပြီး လုပ်ငန်းစနိုင်သည်။ အွန်လိုင်းဗီဒီယိုဖြစ်လျှင် download ပြီးမှ convert လုပ်ပါသည်။ ဓာတ်ပုံများကို slideshow လုပ်နိုင်ခြင်းမှာ ဤ softwarer ၏ ထူးခြားချက်ဖြစ်သည်။ Download နှင့်ပတ်သက်ပြီး ရွေးချယ်ပိုင်ခွင့်ပေးမထားခြင်းနှင့် မလိုလားအပ်သော software များ တွဲထည့်ထားခြင်းတို့ကို အားနည်းချက်အဖြစ် တွေ့ရပါသည်။

Cloud Convert
ကွန်ပျူတာပေါ်တွင် နေရာမစားစေလိုက အွန်လိုင်း၌ တက်သုံးရသော Cloud convert ကိုသုံးနိုင်သည်။ www.cloud.convert.com သို့ဝင်ပြီးသုံးစွဲရပါမည်။ မိမိ၏ဗီဒီယိုဖိုင်ကို Upload လုပ်ပေးပြီး output format ကို သတ်မှတ်ပေးဖို့ လိုသည်။ Convert လုပ်ပြီးလျှင် ထိုဖိုင်အသစ်ကို download ပြန်ချရပါမည်။ Default အားဖြင့် Output resoltuion သည် မူရင်းဗီဒီယို resolution နှင့် တူလေ့ရှိပါသည်။ မိမိသုံးစွဲလိုသည့် device ကိုသိလျှင် resolution အပြောင်းအလဲလုပ်ပေးနိုင်သည်။

မိမိ၏ဗီဒီယိုထဲမှကြော်ငြာများဖယ်ထုတ်ခြင်း အခြားမလိုချင်သည့် content များဖယ်ထုတ်ခြင်းတို့ ပြုလုပ်နိုင်သည်။ မလိုသောအပိုင်းကိုဖယ်ထုတ်ရန် start နှင့် endtime တို့ကို ကိုယ်တိုင်ရိုက်ထည့်ပေးရန် လိုအပ်ပါသည်။ Cloud convert သည် ဗီဒီယိုဖိုင်ကိုသာမက audio, image နှင့် document ဖိုင်များကို ကိုင်တွယ်ဆောင်ရွက်နိုင်သည်။ ထို့ကြောင့် မည်သည့်ဖိုင်အမျိုးအစားကိုမဆို convert (format ပြောင်းခြင်း) လုပ်နိုင်သည်ဟု ဆိုနိုင်သည်။ သို့သော် တစ်ရက်လျှင် ၂၁ မိနစ်စာဗီဒီယိုဖိုင်တို့ကိုသာ convert ပြုလုပ်ခွင့်ပေးခြင်းမှာ အားနည်းချက်ဖြစ်ပါသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment