♪ ZTE က အနောက်ကင်မရာ ၂ လုံး တပ်ထားတဲ့ Blade V8 ကို မိတ်ဆက်ပြီ ♫


ZTE က CES 2017 မှာ Blade V8 Pro ကို မိတ်ဆက်ခဲ့ပါတယ်။ Pro မဟုတ်တဲ့ မော်ဒယ်ကိုတော့ အခုမှ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်း ၂ လုံးဟာ ကွဲပြားခြားနားမှုများ ရှိပါတယ်။ သတ္တုကိုယ်ထည်တပ်ဆင်ထားတဲ့ အဆင့်အတန်းမြင့် ဒီဇိုင်းနဲ့ ရိုးရှင်းတဲ့ အရှေ့ဘက် ဒီိဇိုင်းက တူညီပေမယ့် အနောက်ဘက်မှာ ရေပြင်ညီ ကင်မရာ ၂ လုံး တပ်ဆင်ထားတဲ့ ဒီဇိုင်းက ကွဲပြားပါတယ်။

Blade V8 ရဲ့ အနောက်ဘက်မှာ Autofocus ပါတဲ့ 13MP Camera နဲ့ 2MP Camera ၂ လုံးပူးတွဲတပ်ဆင်ထားပါတယ်။ ကင်မရာ ၂ လုံး ပေါင်းစပ်ပြီး 3D Photo များနဲ့ Bokeh Effects များကို ဖန်တီးပေးနိုင်ပါတယ်။

Blade V8 မှာ ၅.၂ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 435 Octa-Core Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 2GB RAM / 16GB Storage Model နဲ့ 3GB RAM / 32GB Storage Model များ ရွေးချယ်နိုင်ပါတယ်။

2730mAh Battery တပ်ဆင်ထားပြီး Android Nougat မောင်းနှင်မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ ရုရှား ၊ ဂျပန်တို့မှာ ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။ နောက်တစ်လအကြာမှာ ဂျာမနီ ၊ စပိန်နဲ့ တရုတ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။



Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment