♪ “Samsung Galaxy J5 (2016)” - Price - 238,000 Ks ♫

Image may contain: phone

ရိုးရိုး J5 ဟာ ၂၀၁၅ ခုနှစ် ၆ လပိုင်းက ထုတ်လုပ်ရောင်းချပေးထားခြင်း ဖြစ်ပြီး ဆင်းကတ် တစ်ကတ်သုံးနဲ့ နှစ်ကတ်သုံးဆိုပြီး နှစ်မျိုးရှိပါတယ်။ မျက်နှာပြင်အကျယ်အ၀န်းကတော့ 5 inches ရှိပြီး မှတ်ဥာဏ်ပမာဏ အပိုင်း တွင် 8/16 GB ဆိုပြီး နှစ်မျိုးရှိပါတယ်။ RAM ပမာဏကို 1.5 GB ထည့်သွင်း ပေးထားပါတယ်။

ရိုးရိုး J5 ရဲ့ ဘက်ထရီအမျိုးအစား ကတော့ Li-Ion 2600 mAh ဖြစ်ပါတယ်။ J5 (2016) ဟာ ဧပြီလတုန်းက ထုတ်လုပ်ရောင်းချပေး ထားခြင်းဖြစ်ပါတယ်။ ဖြန့်ချိရောင်းချရာ ဒေသပေါ်မူတည်ပြီး မော်ဒယ်နံပါတ် များလည်း ကွဲပြားပါတယ်။ 2G, 3G, 4G Network များကို သုံးစွဲနိုင်ပြီး ဆင်းကတ်တစ်ကတ် သုံးနှင့် နှစ်ကတ်သုံးဆိုပြီး ကွဲပြားပါသေးတယ်။ ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 145.8 × 72.3 × 8.1 mm ဖြစ်ကာ အလေးချိန်မှာ 159 g ရှိပါတယ်။

ဖုန်းမျက်နှာပြင်အတွက် Super AMOLED Capacitive Touch Screen ကို အသုံးပြု ပေးထားပါတယ်။ ဖုန်းမျက်နှာပြင် အကျယ်အ၀န်းကတော့ 5.2 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏ မှာ 720 × 1280 ဖြစ်ကာ တစ်လက်မ မှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 282 ppi ပါ။

Multitouch စနစ်တွင် လက်ချောင်း ၅ ချောင်းအထက် အသုံးပြုနိုင်ပါမယ်။ အဓိက ကင်မရာသည် 13MP , f/1.9 အမျိုးအစားဖြစ်ကာ ရှေ့ကင်မရာ ငယ်ကတော့ 5 MP, f/1.9 အမျိုးအစား ဖြစ်ပါတယ်။ LED flash ကိုလည်း အရှေ့ဘက်မှာ ထည့်သွင်းပေးထား ပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်း အတွက် ROM ကို 16 GB ထည့်သွင်းပေးထားပြီး RAM ကို 2 GB ပါရှိအောင် ဆောင်ရွက်ပေး ထားပါတယ်။


အများဆုံးချဲ့ထွင်နိုင်မယ့် မှတ်ဥာဏ်ပမာဏ ကတော့ 256 GB အထိဖြစ်ပါတယ်။ အသုံးပြုပေးထားသော Chipset အမျိုး အစားကတော့ Qualcomm Snapdragon 410 ဖြစ်ပါတယ်။ အားသွင်း အသုံးပြုရမယ့် ဘက်ထရီအမျိုးအစားသည် Li-Ion 3100 mAh ဖြစ်ပါတယ်။



<Specification>

Network - GSM/ WCDMA/LTE
Memory - 16GB
CPU - Quad-Core 1.2GHz
Camera - 13MP
Screen - 5.2 inches
OS - Android OS, v6.0.1
Contact - 01-371923

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment