သုံးစွဲသူ ၁.၂ ဘီလျံအတွက် two-factor verification ကို WhatsApp မိတ်ဆက်

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက beta အနေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ two-step verification ကို iOS, Android နဲ့ Windows ထုတ်ကုန်များပေါ်က သုံးစွဲသူ ၁.၂ ဘီလျံထံ WhatsApp က ဖြန့်ချိပေးလိုက်ပါတယ်။
အဲ့ဒီ feature ကို အသုံးမပြုမီ app ကို update လုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
Two-step verification ဆိုတာကတော့ account ကိုအသုံးပြုဖို့အတွက် ဒုတိယမြောက် ခွင့်ပြုချက်တောင်းဆိုမယ့် ထပ်တိုးလုံခြုံရေးစနစ် ဖြစ်ပါတယ်။ ဥပမာအနေနဲ့ account မှာ ကိုယ့်ရဲ့ username နဲ့ password ထည့်သွင်းလိုက်တဲ့အခါ text message ကနေ code တစ်ခုပေးပို့ပြီး ဒုတိယအကြိမ် အတည်ပြုချက်တောင်းခံခြင်း ဖြစ်ပါတယ်။ WhatsApp သုံးစွဲသူများအနေနဲ့ Two-step verification ကို enable လုပ်ထားတယ်ဆိုရင် account မှာ login လုပ်တဲ့အခါ ဂဏန်း ၆ လုံးပါတဲ့ passcode ကို ထပ်မံထည့်သွင်းပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။
အဲ့ဒီ feature ကို အသုံးပြုမယ်ဆိုရင် WhatsApp ကိုဖွင့်ပြီး Settings > Account > Two-step verification မှာ Enable လုပ်ပြီး သုံးနိုင်ပါတယ်။
Ref: TheNextWeb

0 comments:

Post a Comment