♪ “Wi-Fi extender သုံးသည့်အခါ” ♫

No automatic alt text available.

Wi-Fi extender ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အင်မတန်ကြီးမား ကျယ်ပြန့်တဲ့ ရုံးဝင်းကြီးထဲမှာ device တွေအချင်းချင်း မိမိရရချိတ်ဆက်နိုင် ဖို့ဖြစ်ပါတယ်။ အိမ်ထဲမှာ Wi-fi extender သုံးတဲ့ ရည်ရွယ်ချက်ကတော့ အင်တာနက်အတွက်ပါ။ မြန်မာပြည်မှာ Wi-fi အင်တာနက် ခေတ်စနေပါပြီ။ သိပ်တော့ မကျယ်ပြန့်သေးဘူး။ ရန်ကုန်-မန္တလေးနဲ့ နေပြည်တော်လောက်မှာ ပဲ ရှိပါသေးတယ်။

Wi-fi အင်တာနက်က အတော်လေးသက်သာပါတယ်။ 300 kbps အမြန်နှုန်း ကို တစ်ရက်စိတ်ကြိုက်သုံး တစ်ထောင်ပဲ ကျပါတယ်။ သုံးသူများလို့ 200 Kbps ရတယ်ပဲထားဦး။ တစ်နာရီမှာ data 700 MB ကျော်ကျော် ရနိုင်တာမို့ download သမား တွေ အတွက် အတော်တန်ပါတယ်။ စင်ကာပူလိုနေရာမှာ မိုဘိုင်းအင်တာနက်ဈေးမကြီးဘူးဆိုတာတောင် နေအိမ်တွေမှာ အင်မတန် ဈေးသက်သာတဲ့ Wi-fi အင်တာနက်လိုင်း ချိတ်ထားပြီး မျှသုံးတယ်ဆိုတာ တွေ့ရပါတယ်။

တိုက်အမြင့်တွေ သိပ်များတဲ့နေရာမှာ Wi-fi မိအား သိပ်မကောင်းပါဘူး။ Wi-fi extender တပ်ရင် လိုင်းမိအား ပိုကောင်းပါတယ်။ extender တပ်ရတာ လွယ်ပါတယ်။ သူ့ကို main socket ထဲမှာ ပလတ်ထိုးပြီး Wps button ကို နှိပ်လိုက်ရင် Wi-fi လိုင်းအားချဲ့ပေးပြီး ကိုယ့်ရဲ့ router ကို လာချိတ်ပါမယ်။ အိမ်ထဲမှာ Wi-fi မိတဲ့အကွာအဝေး ပိုလာမယ့်အပြင် speed လည်းတက်လာပါ မယ်။

ဒါဖြင့် နီးရာအိုင်တီနဲ့ မိုဘိုင်းပစ္စည်း အရောင်းဆိုင်ကိုပြေးပြီး Wi-fi extender တစ်ခု ၀ယ်တပ်လိုက်ရုံပဲပေါ့။ ဒီလိုမဟုတ်ဘူးလား။ ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် extender တပ်တိုင်း Wi-fi စွမ်းဆောင်ရည်ပိုကောင်းလာမယ်လို့ တရားသေတွက် လို့မရပါဘူး။ ငွေကုန်ရကျိုးနပ်အောင် အကောင်းဆုံး စွမ်းဆောင်ရည်ရအောင် စဉ်းစားရမယ့်အချက်တွေရှိပါတယ်။ အဲဒါတွေက ဒီလိုပါ။

<Wi-fi extender ဘာလုပ်ပေးနိုင်မယ်ဆိုတာ သိဖို့လိုတယ်>

Wi-fi extender ဆိုတာက Wi-fi လှိုင်းတွေကို router ကတစ်ဆင့် ရယူ လက်ခံပြီး နေအိမ် ဒါမှမဟုတ် ရုံးခန်းရဲ့ တခြားနေရာတွေကို ပြန်ဖြန့်ဖြူး ပေးတဲ့ ကြားခံပစ္စည်းဖြစ်ပါတယ်။ သူ့ကြောင့် ကျန်တဲ့ device တွေဟာ router နဲ့ ဝေးနေပေမယ့် router နားကပ်ပြီး နေသလိုပဲ လှိုင်းအားကောင်း ကောင်းကို ရပါတယ်။ extender တပ်လိုက်တဲ့အတွက် အရင်က Wi-fi နှေးနှေး သုံးရတဲ့ နေရာတွေ ပြတ်တောင်းပြတ်တောင်းပဲ လက်ခံရရှိတဲ့နေရာတွေဟာ လှိုင်းအားတည်ငြိမ်တဲ့ Wi-fi အဆက်အသွယ်ကို ရပါမယ်။ ဒါကြောင့် Wi-fi extender တပ်လိုက်တာဟာ local network အတွက် စွမ်းဆောင်ရည်အကြီး အကျယ် မြှင့်တင်လိုက် တာပဲဖြစ်ပါတယ်။

ဒါပေမယ့် Wi-fi ကတစ်ဆင့် အင်တာနက်သုံးရာမှာတော့ အခြေအနေက တစ်မျိုးတစ်မည်ဖြစ်လာပါတယ်။ Wi-fi ရဲ့ အမြန်နှုန်းကို ကန့်သတ်တာဟာ router မဟုတ်ပါဘူး။ extender မဟုတ်ပါဘူး။ ကိုယ်ယူထားတဲ့ အင်တာနက် အမြန်နှုန်းက အဓိကဖြစ်လာပါတယ်။ အင်တာနက် အမှန်တကယ် အမြန်နှုန်း ဘယ်လောက်နဲ့ အလုပ်လုပ်သလဲဆိုတာကို www.speedtest.net မှာ ၀င်ပြီး အခမဲ့ speed testing လုပ်နိုင်ပါတယ်။ router ကနေ device ကို နေရာ အမျိုးမျိုးရွှေ့ပြီး download speed ကို စမ်းကြည့်နိုင်ပါတယ်။ extender အပေါ် မမှီခိုခင်မှာ radio band အမျိုးမျိုးနဲ့ အရင်စမ်းကြည့်တာက မမှားပါ ဘူး။ ဒီလိုစမ်းကြည့် မှ လက်ရှိ router မှာ အကောင်းဆုံး signal ဘယ်လောက် အထိ ရနိုင်တယ်ဆိုတာ သိပြီး extender ၀ယ်သင့်မ၀ယ်သင့် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

လက်တွေ့ရနိုင်တဲ့ network speed ကို အခြေပြုပါ extender ထုတ်လုပ်တဲ့ သူတွေက သူတို့ပစ္စည်းတွေရဲ့ အကောင်းဆုံးရနိုင်တဲ့ အမြန်နှုန်းကို ပြောလေ့ရှိ တယ်။ extender အများစုမှာ အမြန်နှုန်း 1733 Mbps အထိရမယ်လို့ ပြောကြ ပါတယ်။ ဒါက သီဝရီမှာ ရနိုင်တဲ့ အမြင့်ဆုံးရနိုင်တဲ့ အမြန်နှုန်းပါ။ USB 2.0 တွေကိုကြည့် 480 Mbps data ရွှေ့ပြောင်းနှုန်းရမယ်လို့ သီဝရီကပြောတယ်။ ဒါပေမယ့် လက်တွေ့မှာ 10-60 Mbps ထက်မပိုပါဘူး။ ဒါကြောင့် 1733 Mbps ဆိုတာဟာလည်း သီဝရီကပြောတဲ့ အမြန်နှုန်းပါ။ အိမ်မှာဖြစ်ဖြစ်၊ ရုံးမှာဖြစ်ဖြစ် လှိုင်းအား ကို ကြားခံဟန့်တားမယ့် ပစ္စည်းတွေရှိနိုင်တယ်။ လှိုင်းအားကို အနှောင့်အယှက်ပေးမယ့် ပစ္စည်းတွေရှိနိုင်တယ်။ ဒါကြောင့် အဲဒီ အမြန်နှုန်းရဲ့ ဆယ်ပုံတစ်ပုံရရင် ကံကောင်းတယ်မှတ်ပါ။

လက်တွေ့စမ်းသပ်ကြည့်တဲ့အခါမှာ device တွေရဲ့ download speed ဟာ ပျမ်းမျှတမ်း 6.8 Mbps (55 Mbit/ses) ရပြီး အမြင့်ဆုံးမှ 17.8 Mbps (142 Mbits/sec) ရမယ်။ ဒီလောက် အမြန်နှုန်းထဲမှာရရင် extender ရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်လိုက်ပါ။ Wi-fi လှိုင်းတွေက signal အားပျော့လာ တာနဲ့အမျှ ဖြေးဖြေးညင်သာ ကျလာတာမဟုတ်ပါ ဘူး။ data အမြန်နှုန်းဟာ 1Mbps အောက်ကျတဲ့အခါမျိုးမှာ LAN connection hang သွားတာလား ဒါမှမဟုတ် web page timeout ဖြစ်သွားသလားဆိုတာ စစ်ကြည့်ရပါမယ်။

<တစ်လိုင်းဆွဲနဲ့ နှစ်လိုင်းဆွဲ Wi-fi>

Wi-fi router ၀ယ်သုံးဖူးတဲ့လူတွေ သိမှာပါ။ router မှာ 2.4 GHz band တစ်လိုင်းပဲ သုံးနိုင်တဲ့ ပစ္စည်းနဲ့ 2.4 GHz ရော 5GHz ပါ သုံးနိုင်တဲ့ နှစ်လိုင်းဆွဲ ပစ္စည်းဆိုပြီးရှိပါတယ်။ 5GHz ကတော့ ၂၀၁၉ ခုနှစ် နောက်ပိုင်းမှပါလာတဲ့ လိုင်းပါ။ ပိုက်ဆံလည်း အကုန်ခံနိုင်တယ်။ ပစ္စည်းလည်း ၀ယ်လို့ရမယ်ဆိုရင် နှစ်လိုင်းဆွဲ router က ပိုကောင်းပါတယ်။ 5GHz မှာက ခွဲသုံးနိုင်တဲ့ လိုင်းခွဲ တွေ အတော်များများရှိပါတယ်။ ဒါကြောင့် တခြားလျှပ်စစ်ပစ္စည်းတွေရဲ့ အနှောင့်အယှက်ကို ရှောင်ပြီး သုံးလို့ရစေပါတယ်။ ပြီးတော့ သူ့လိုင်းထဲမှာ အမြန်နှုန်းလည်း ပိုကောင်းပါတယ်။ ဒါပေမယ့် ဈေးအသက်သာဆုံး router တွေက 2.4 GHz တစ်လိုင်း ဆွဲတွေပါ။ အဲဒီပစ္စည်းတွေရဲ့ စွမ်းဆောင်ရည်ဟာ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီပါ့မလားဆိုတာ စမ်းသပ်ပြီးမှ ၀ယ်သင့်ပါတယ်။

<802.11 n နဲ့ တခြားစံတွေ>

အရင်တုန်းက router တွေဟာ 802.11 a/b/g ဆိုတာလောက်ပဲ ရပါတယ်။ အမြန်နှုန်းက သင့်ရုံပဲရှိတာပါ။ ၂၀၁၀ လောက်မှာ 802.11 n ဆိုတာပေါ် လာတယ်။ လက်ခံနိုင်လောက်အောင် အမြန်နှုန်း တိုးလာပါတယ်။ အခုအချိန် မှာ router ၀ယ်ရင်အနိမ့်ဆုံး 802.11 a/b/g/n ဆိုတာလောက်တော့ ဖြစ်သင့်ပါတယ်။ a/b/g တွေ ကြိုက်လို့မဟုတ်ပါဘူး။ backward compatible ဖြစ်စေလို့ဖြစ်ပါတယ်။ အခုအချိန်မှာ 802.11 n က အမြန်ဆုံးမဟုတ်တော့ ပါဘူး။ 802.11 n က အမြန်ဆုံးဖြစ်ပါ တယ်။ ၂၀၁၇ ခုနှစ်ထဲမှာ 802.11 ac ထက်မြန်တဲ့ Wi-fi အမြန်နှုန်းတွေလည်း ပေါ်ထွက်လာဖို့ ရှိနေပါတယ်။


ဒါကြောင့် အကောင်းဆုံး Wi-fi အမြန်နှုန်းကို လိုချင်ရင် 802.11 ac ကို သုံးရမယ်။ သူ့မှာ Wi-fi ပို့လွှတ်တာနဲ့ လက်ခံ တာအတွက် အပြိုင် လမ်းကြောင်း တွေပါလာတယ်။ ဒါကြောင့် ပစ္စည်းအကြောင်းဖော်ပြတဲ့အခါမှာ MIMO ဆိုပြီး ညွှန်းပါတယ်။ Multi-input Multi-output ကို ရည်ညွှန်းတာပါ။ သီဝရီပြောမယ်ဆိုရင် 802.11 ac ရဲ့ Wi-fi အမြန်နှုန်းဟာ 802.11 n ထက် ခြောက်ဆသာပါတယ်။ 802.11 ac ကို ၀ယ် သုံးရင် 802.11 n ကိုလည်း backward compatible ဖြစ်ပါတယ်။ 802.11ac ရော n ပါ 2.4 GHz နဲ့ 5.0 GHz ratio band နှစ်ခုကို အထောက်အပံ့ပေးပါတယ်။ ပိုက်ဆံချွေတာရမယ့် အကြောင်းရှိရင်တောင် အနည်းဆုံး 802.11 n စံကို ၀ယ်သုံးသင့်ပါတယ်။



နောင်စိုး(ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

1 comments:



Redlink ကဖျက်သိမ်းလိုက်တော့ CPEကပိုနေတယ်
အဲဒီ CPEကို TP-Linkတိုလိုသုံးလိုရနီုင်မယ်နည်းလေးပြောပြပေးပါ

Post a Comment