♪ “Xiaomi က 4GB RAM Redmi Note 4 Model အသစ်ကိုရောင်းချ” ♫

Image may contain: phone

Xiaomi က Redmi Note 4 အတွက် 3GB RAM Model အထိထုတ်လုပ် ရောင်းချပေးထားပါတယ်။ အခုတော့ 4GB RAM , 64GB Internal Storage ထည့်သွင်းထားတဲ့ မော်ဒယ်ကိုတရုတ်နိုင်ငံ မှာရောင်းချပေးလိုက်ပါတယ်။ တရုတ်နိုင်ငံမှာXiaomi ရဲ့ အွန်လိုင်းစတိုးနဲ့ JD.com တို့ကနေယွမ် ၁၃၉၉
( ဒေါ်လာ ၂၀၀) ဖြင့် ရောင်းချပေးနေပါတယ်။ အခြားနိုင်ငံများမှာ ရောင်းချ မယ့် သတင်းကို မသိရသေးပါဘူး။

မော်ဒယ် အသစ်ရဲ့ အခြား Specification များဟာယခင်မော်ဒယ်များနဲ့ တူညီပါတယ်။ Redmi Note 4 မှာ 2.1GHz Helio X20 Chipset ထည့်သွင်း ထားပါတယ်။ ၅.၅ လက်မ Full HD Display , 13MP Rear Camera , 5MP Selfie Camera များတပ်ဆင်ထားပါတယ်။ ဘက်ထရီသက်တမ်း မြင့်မားတဲ့ 4100mAh Battery တပ်ဆင်ထားပါတယ်။ SIM Card ၂ ခုကိုတစ်ပြိုင်နက် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

Xiaomi ရဲ့ Redmi Series များဟာတန်ဖိုးနည်းစမတ်ဖုန်းဈေးကွက်မှာ လူကြိုက်များရေပန်းစားပါတယ်။ Xiaomi Redmi Note 4 ဟာကုမ္ပဏီရဲ့ နောက်ဆုံးထုတ် Redmi Series Smartphone ဖြစ်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 






www.pyaephyo.com

0 comments:

Post a Comment