♪ 5000mAh battery နဲ့ ASUS ZenFone 3 Zoom ကို စတင်ရောင်းချ ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/wwweeeee.jpg?fit=800%2C450&ssl=1

ထိုင်ဝမ်အခြေစိုက် နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ ASUS က ZenFone 3 Zoom စမတ်ဖုန်းကို စတင်ရောင်းချနေပြီဖြစ်တယ်လို့သိရပါတယ်။

ဒီစမတ်ဖုန်းရဲ့ အဓိက အားသာချက်က ကင်မရာဖြစ်ပြီး အနောက်မှာ dual camera တပ်ဆင်ထားတာဖြစ်ပါတယ်။ ဒီ dual camera မှာ f/1.7 aperture နဲ့ 25mm wide angle lens ပါဝင်တဲ့ 12MP shooter နဲ့ 2.3x potical zoom ပါဝင်တဲ့ 12MP 59mm camera ကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။

Camera ပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ဖို့အတွက် Full Manual Mode ပါဝင်ပြီး RAW support, a TriTech+ autofocus system နဲ့ 4K video capture feature တွေလည်းပါဝင်ပါတယ်။

ZenFone 3 Zoom ရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ battery ဖြစ်ပြီး 5000mAh သုံးထားတဲ့အတွက် ရက်(၄၀)ကြာ standby အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အခြား specs တွေကတော့
  • 5.5-inch 1920×1080 display with Gorilla Glass 5
  • Snapdragon 625 processor
  • 3GB RAM
  • 32GB storage
  • microSD slot
  • 13-megapixel front camera
  • Android 6.0
  • USB Type-C
ဒီစမတ်ဖုန်းကို (၃၂၉) ဒေါ်လာ ဈေးနှုန်းနဲ့ Amazon, ASUS, B&H, Best Buy နဲ့ အခြား retailers တွေမှာ ဝယ်ယူနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။




Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment