♪ Galaxy Note 8 ဟာ မျက်နှာပြင် ၆.၃ လက်မ ရှိမယ်လို့ဆို ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/Note7-2.jpg?fit=800%2C571&ssl=1

အခက်အခဲကလေး အနည်းငယ် ရှိခဲ့ရုံကလွဲပြီး မျှော်လင့်စောင့်စားနေခဲ့တဲ့ လူတွေကိုရော၊ Brand နှစ်သက်တဲ့ လူတွေကိုရော ကျေနပ်အားရစေခဲ့တဲ့ Samsung ရဲ့ Galaxy S8 နဲ့ S8 Plus ကို အုတ်အော်သောင်းနင်း ရောင်းချခဲ့ပြီးနောက် အခု သတင်းထွက်လာတာ က Samsung ရဲ့ Galaxy Note 8 ပဲ ဖြစ်ပါတယ်။

ဒါဟာ ခန့်မှန်းသတင်းပဲ ရှိပါသေးတယ်။ Rumor သတင်းပဲ ဖြစ်တယ် လို့ ဆိုပေမယ့် ဆမ်ဆောင်း ပရိသတ်တွေအတွက်တော့ ရင်ခုန်စိတ်လှုပ်ရှားစရာပဲ ဖြစ်ပါတယ်။ အဲဒီအပြင် မှာ Note စီးရီးကို နှစ်ခြိုက်စွဲလန်းပြီး Version အသစ်သတင်း ကို သိချင်နေတဲ့သူတွေအတွက်လည်း ကျေနပ်စေခဲ့တဲ့ သတင်း တစ်ပုဒ် ပဲ ဖြစ်ပါတယ်။

Galaxy S8 Plus ဟာ ၆.၂ လက်မ ရှိခဲ့ပြီး အခု ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေ အရ Galaxy Note 8 ဟာ ၆.၃ လက်မ မျက်နှာပြင် နဲ့ ထွက်ရှိလာမယ် လို့ ဆိုပါတယ်။ S8 Plus ဟာ ထွက်ရှိလာခဲ့တဲ့ မိုဘိုင်းဖုန်းတွေထဲမှာ အတော်ကလေး စမတ်ကျပြီး ပေါ်ပြူလာဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။ ရောင်းအားတွေ ရဲ့ အနိမ့်၊ အမြင့် အတက်အကျတွေကိုတော့ ဆမ်ဆောင်း ဟာ သုံးလပတ် ပြည့်စဉ်တိုင်းမှာ နိုင်ငံတကာ က သူရဲ့ ရှယ်ယာရှင်တွေအတွက် သတင်းထုတ်ပြန်လေ့ရှိပေမယ့် Wall Street ရဲ့ နိုင်ငံတကာ ဈေးကွက် အဆိုအရ S8 ထက် ရောင်းလိုအား ၂၅ ရာခိုင်နှုန်း ပိုမို မြင့်မားခဲ့တယ် လို့ ဆိုပါတယ်။

ကင်မရာပိုင်း အနေနဲ့ သတင်းမထွက်လာခဲ့သေးပေမယ့် 13 MegaPixel အထက် ရှိမှာဖြစ်ပြီး Qualcomm 835 processor ကို သုံးစွဲသွားမယ် လို့ ခန့်မှန်းရပါတယ်။ RAM 6GB, Storage 256GB တွေကတော့ Note 8 ရဲ့ ဗားရှင်းအမြင့် တွေမှာ ပါရှိမယ် လို့ ဆိုပါတယ်။


Note 8 ရဲ့ ထူးခြားချက် (၈)ချက်
Ref : BGR, AndroidPolice
(ဖော်ပြထားတဲ့ ပုံကတော့ Galaxy Note 7 ရဲ့ ပုံပဲ ဖြစ်ပါတယ်။)




Credit to ==> Digital Times




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
www.pyaephyo.com

0 comments:

Post a Comment