♪ ဖုန်းကိုယ်ထည်ကို ညှစ်လိုက်တာနဲ့ ဓါတ်ပုံ ရိုက်ပေးမယ့် HTC U11 ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/htc_u_11_review2_thumb.jpg?fit=800%2C450&ssl=1

HTC က Edge Sense စွမ်းဆောင်ချက် ပါတဲ့ U11 ကို မိတ်ဆက်လိုက်ပါတယ်။ Edge Sense က ဖုန်းရဲ့ ကိုယ်ထည်ကို ညှစ်၍ အလုပ်များကို ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဖုန်းကိုယ်ထည်ကို ညှစ်လိုက်တာနဲ့ ဓါတ်ပုံရိုက်ပေးမှာ ဖြစ်ပါတယ်။ အလုပ်လုပ်ဖို့အတွက် ညှစ်တဲ့ ဖိအားကို သင်က သတ်မှတ်နိုင်ပါတယ်။

U11 မှာ Sense Companion App ပါလာပြီး သင် ဖုန်း အသုံးပြုမှုကို အခြေခံ၍ အကြံပေးမှုများကို ပြုလုပ်ပေးနိုင်ပါတယ်။ Google Assistant ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ထည့်သွင်းပေးထားပါတယ်။ အချို့နိုင်ငံများမှာရောင်းမယ့် မော်ဒယ်များမှာ Amazon Alexa ထည့်ပေးထားမှာပါ။ မိုက်ကရိုဖုန်း ၄ လုံးကနေ 3D Audio Recording ကို ပြုလုပ်နိုင်ပါတယ်။ Hi-Res Audio လက်မှတ်ရထားပြီး BoomSound Hi-Fi Edition အသံစနစ် ထည့်ပေးထားပါတယ်။

Snapdragon 835 Chipset , 4GB RAM, 64GB Storage ထည့်ထားတဲ့ မော်ဒယ်ကို အမေရိကန်မှာ ရောင်းချမှာပါ။ အချို့နိုင်ငံများမှာ 6GB/128GB Model ကို ရောင်းချပေးမှာပါ။ ၅.၅ လက်မ QHD Super LCD 5 Display ကို Gorilla Glass 5 ဖြင့် ကာကွယ်ထားပါတယ်။ အနောက်ဘက်မှာ 12MP UltraPixel Camera တပ်ဆင်ထားပြီး OIS နည်းပညာပါပါတယ်။ ကင်မရာက 4K Video , Slow Motion Video များကို ရိုက်ပေးနိုင်ပါတယ်။

အရှေ့ဘက် ကင်မရာကလည်း 16MP ဖြစ်တဲ့အတွက် အရည်အသွေးမြင့်မားပြီး Full HD Video များရိုက်ပေးနိုင်ပါတယ်။ Selfie Panorama Mode က Group Selfie များကို ရိုက်ပေးနိုင်ပါတယ်။ Single SIM နဲ့ Dual SIM Model များ ထုတ်လုပ်ပေးထားပါတယ်။ Qualcomm Quick Charge 3.0 ပါတဲ့ 3000mAh Battery ပါပါတယ်။ Android 7.1 ကို HTC Sense နဲ့ ပေါင်းစပ်ထားပါတယ်။ IP67 စံနှုန်း ရှိပြီး ရေစိုခံပါတယ်။ ဖုန်မ၀င်အောင်လည်း ကာကွယ်ပေးပါတယ်။ မိနစ် ၃၀ အထိ ရေအနက် ၁ မီတာမှာ သုံးနိုင်ပါတယ်။

Amazing Silver, Sapphire Blue, Brilliant Black, Ice White, Solar Red အရောင်များ ထုတ်လုပ်ပေးထားပြီး မေလမှာ ယူရို ၇၄၉ ဖြင့် ရောင်းချပေးမှာပါ။ မြန်မာငွေ အားဖြင့် ၁၁ သိန်းလောက် ကျသင့်မှာပါ။



Credit to ==> Digital Times



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 www.pyaephyo.com

0 comments:

Post a Comment